Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘုရင့်နောင်ကုန်စည်ဒိုင်များ ညွှန်ကြားချက်ပေါ်မူတည်၍ ပြန်လည်ဖွင့်လှစ်မည်

ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဧပြီ ၂၀ ရက်နေ့က ဖွင့်လှစ်ရန်စီစဉ်ထားသော်လည်း ကူးစက်ရောဂါပျံ့ပွားမှုအခြေအနေကြောင့်
လက်ရှိအချိန်တွင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ယခု အခါ ဘုရင့်နောင်ပွဲရုံတန်းကို ဖွင့်လှစ်ထားသော်လည်း ၊ ကုန်စည်ဒိုင်ကို မူ COVID-19 ရောဂါ
ကူးစက်ပျံ့ပွားမှု နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြေငြာချက်နှင့်ဗဟိုကြေငြာချက်အပေါ်မူတည်ကာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။
သို့ဖြစ်၍ ပဲမျိုးစုံအရောင်းအဝယ်ပြုလုပ်နေသော
ကုန်သည်များအနေဖြင့် ကုန်စည်ဒိုင်မှ အသိအမှတ်ပြုထားသော အကျိုးဆောင်များမှတစ်ဆင့်လည်းကောင်း ကုန်သည်အချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုဖြင့်လည်းကောင်း တယ်လီဖုန်း သို့မဟုတ် အွန်လိုင်းစနစ်ကို အသုံးပြု၍ သော်လည်းကောင်း အရောင်းအဝယ်ပြုလုပ်နိုင်‌မည်ဖြစ်သည်။
ဘုရင့်နောင်ပွဲရုံတွင်အခြေခံစားသောက်ကုန်များဖြစ်သည့်ကြက်သွန်၊အာလူး၊ငရုတ် စသည်တို့ရောင်းချသည့် ပွဲရုံများဖွင့်လှစ်ထားပြီးရေထွက်ကုန်ပစ္စည်းရောင်းချသည့် ငါးပိ၊ငါးခြောက်တန်းများကို လာမည့် မေ ၄ ရက်မှဖွင့်မည်ဟု ကြေငြာထားသော်လည်း နယ်မှမှာယူသည့်ပွဲရုံများ၏မေးမြန်းမှုများကြောင့် လက်ရှိတွင်ပွဲရုံအချို့ကို ပြန်လည်ဖွင့်လှစ်ထားကာ ဧပြီ ၂၇ ရက်တွင် ဆိုင်ခန်းအကုန်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
 
Read times
Rate this item
(0 votes)