Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာရှဆန် တစ်ပတ်တာ (ဇူလိုင် ၂ - ၈)

အာရှဆန် တစ်ပတ်တာ  (ဇူလိုင် ၂ - ၈)

 

အိန္ဒိယဆန် တင်ပို့မှု ယခုသီတင်းပတ်မှာ မြင့်တက်ပါသည်။  နိုင်ငံသုံးငွေ ရူပီ ဈေးကျသဖြင့် ဒေါ်လာဖြင့် တွက်သည့်အခါ ဈေးသက်သာနေသဖြင့် အဝယ်လိုက်သည်။ 

 

အိန္ဒိယဆန် ၅% ဆန်ကွဲပါ ပေါင်းဆန်အမျိုးအစား <RI-INBKN5-P1>  ခေါ်ဈေး တစ်တန် ယခင်အပတ်က $355~$360 ဖြစ်ခဲ့ပြီး ယခုသီတင်းပတ် $361~ $366 သို့ မြင့်တက်သည်အထိ ဝယ်လိုအား ကောင်းနေသည်။ 

 

အိန္ဒိယတွင်  ယခုစပါးရာသီတွင်  ဟက်တာ ၄.၃ သန်း စပါးစိုက်ပျိုးကြသည်။ ယခင်နှစ်ထက် ၂၇% လျော့နည်းသည်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရက ရေကြီးပြီး စပါးခင်းများ ပျက်စီးသဖြင့် ပြည်ပမှ ဆန်တင်သွင်းရန် တန်ချိန် ၇ သိန်း ခွင့်ပြုထားသည်။   အိန္ဒိယဆန်က ဈေးသက်သာခြင်းနှင့် နေရာနီးကပ်ခြင်းကြောင့်  အိန္ဒိယမှ ကုန်းလမ်းဖြင် နယ်ခြားဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်သို့ တင်သွင်းမည်ဟု ဆန်ကုန်သည်တို့က ဆိုသည်။

 

ပြီးခဲ့သည့် လတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန်သွင်းကုန်ခွန်ကို ၆၂.၅%  မှ ၂၅%  သို့လျှော့ချ လိုက်သည်။ 

 

ဗီယက်နမ်ဆန် ၅%  ဆန်ကွဲပါ အမျိုးအစား <RI-VNBKN5-P1> ခေါ်ဈေး $415~$420  ရှိသည်။ ယခင်သီတင်းပတ်အတိုင်း မပြောင်းလဲပေ။ 

 

ပြည်တွင်း ဆန်သစ်ပေါ်ချိန်ဖြစ်သဖြင့် မဲခေါင်မြစ်ဝကျွန်းပေါ်မှ ဆန်များ ပြည်တွင်းဈေးကွက်ထဲ ဝင်လာတော့မည်ဖြစ်သည်။ ၃၀% ဝန်းကျင် ရိတ်သိမ်းပြီးပြီဟု ဆန်ကုန်သည်တစ်ဦးက ခန့်မှန်းပြောကြားသည်။

ကုန်သည်များက သိုလှောင်သယ်ပို့စရိတ်စကများ အလွန်မြင့်တက်နေသောကြောင့်  စပါးများကို မဝယ်သေးဘဲ ဈေးအကျကို စောင့်နေကြသည်။ 

ပြည်ပမှ ဗီယက်နမ်ဆန် ဝယ်လိုအား ဆက်လက်ကောင်းနေမည်ဟု မျှော်မှန်းထားသည်။ 

 

ထိုင်းဆန် ၅%  ဆန်ကွဲပါ အမျိုးအစား <RI-THBKN5-P1> ခေါ်ဈေးမှာ တစ်တန်လျှင် ယခင်သီတင်းပတ်က  $412~$415  ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်တွင် $420 သို့ မြင့်တက်သည်။ 

ထိုင်းဆန်သည် အိန္ဒိယဆန်နှင့် ဗီယက်နမ်ဆန်တို့ထက် အမြဲ ဈေးပိုမြင့်သည်။

မြန်မာဆန် ပြည်ပတင်ပို့မှုကို  အရည်အသွေးမြင့် စပါးမျိုးများကို အ‌ေလးထားတင်ပို့ပြီး ၃ နှစ်အတွင်း ဆန်တင်ပို့မှု နှစ်ဆခွဲတိုးရန် ရည်မှန်းချက် ချမှတ်ထားကြောင်း  သိရသည်။

ယခုအခါ တစ်နှစ်လျှင် ဆန်တန်ချိန် ၂ သန်း ဝန်းကျင်တင်ပို့ပြီး နောက် ၃ နှစ်အကြာ ၂၀၂၅ တွင် ဆန်တန်ချိန် ၅ သန်းဝန်းကျင် ပြည်ပတင်ပို့ရန် ရည်မှန်းထားပါသည်။

 

Annotation_2022-07-09_101448.jpg

 

(၆-၇-၂၀၂၂) မှ (၁၂-၇-၂၀၂၂) မှ (၁၂-၇-၂၀၂၂) အထိ ဈေးကွက်ညွှန်ထားသော ဆန်စျေးနှုန်း (FOB-YGN)

 

#MyanmarFoodGuide
Telegram Channel

https://t.me/Guid4U

 

Read times Last modified on Saturday, 09 July 2022 10:15
Rate this item
(0 votes)