Food & Livestock



ဗီယက်နမ်ဆန် တတန် ဒေါ်လာ ၆၆၃ အထိ မြင့်တက်

ဗီယက်နမ်ဆန် တတန် ဒေါ်လာ ၆၆၃ အထိ မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်ဆန်တင်ပို့မှုဈေးသည် တစ်တန်လျှင် ကန်ဒေါ်လာ ၆၆၃ ဖြင့် အထွတ်အထိပ်သို့ ထပ်တက်သွားခဲ့သည်။ ဈေးမြင့်သော်လည်း ဝယ်လိုအား ရှိနေဆဲ ဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက်တွင် တရက်တည်းမှာ ၂% ထပ်မံမြင့်တက်ခဲ့ပြီး တတန်လျှင် $663 သို့ ရောက်ရှိလာသည်။

ထိုင်းဆန်သည်လည်း ပြီးခဲ့သည့် လေးပတ်အတွင်း ၈% မြင့်တက်လာပြီး $625 အထိ တက်လာခဲ့သည်။

Pakistan ဆန်သည် ၉% မြင့်တက်ခဲ့ပြီး $ 600 သို့ ရောက်ရှိလာခဲ့သည်။

 

 ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ဈေးကွက်ထဲ ဆန်ရရှိနိုင်မှု လျော့ကျခြင်းတို့ ပေါင်းဆုံပြီး ဈေးတက်ခြင်း ဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။

 

ကမ္ဘာ့ဆန်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို ရောင်းချပေးသည့် အိန္ဒိယနိုင်ငံသည် ဇူလိုင်လကတည်းက ပြဋ္ဌာန်းထားသော ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းရန် အရိပ်အယောင် မပြကြောင်း ဆန်တင်ပို့ရောင်းချသူ Co May ၏ လက်ထောက် စီအီးအို Dinh Ngoc Tam က ပြောကြားသည်။

 

ကုန်သွယ်မှု ကန့်သတ်ချက်များ နှင့် အယ်နီညို ရာသီဥတု သက်ရောက်မှုတို့ကြောင့် ဆန်တင်သွင်းရသည့် နိုင်ငံများသည် အရန်ဆန် ပိုမိုထားရှိရန် ပိုမိုဝယ်ယူကြသဖြင့် ဆန်ဈေးနှုန်းများ မိုးထိအောင် မြင့်တက်‌ေစသည်။

 

ဗီယက်နမ်၏ ဆန်စပါးမျိုးကွဲများတွင် ၉၀ ရာခိုင်နှုန်းသည် အရည်အသွေးမြင့်သည်။ ဗီယက်နမ်တွင် ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပပို့ကုန်အတွက် ဆန်လုံလောက်သည်။

 

ယခုနှစ်တွင် ပြည်ပသို့ တန်ချိန် ၈ သန်းအထိ တင်ပို့နိုင်မည်ဖြစ်သည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Phung Duc Tien က ပြောသည်။

 

ယခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၇ ဒသမ ၇၅ သန်း တင်ပို့ခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဖိုး ရှိသည်။

 ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့မှ ဆန်ဝယ်ယူသူ အများအပြားသည် ဗီယက်နမ်ဆန်ကို အပြိုင်အဆိုင် ဝယ်ယူနေကြသည်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 08 December 2023 18:40
Rate this item
(0 votes)