Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယကုန်သည်အချို့ ကြိုတင်ဝယ်ယူနေ၍ မတ်ပဲတစ်တန်လျှင် ကျပ်ခုနစ်သောင်းခန့် ဈေးတက်

အိန္ဒိယကုန်သည်အချို့ ပဲဝယ်ယူစုဆောင်းမှုများကြောင့် ပြည်တွင်းဈေးကွက်တွင် နှစ်ပတ်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ခုနစ်သောင်းခန့်

တက်လာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်း ရေးမှူးဦးမင်းကိုဦးက ပြောကြားသည်။

 

ပြည်ပမှ ပဲတင်သွင်းမှုကန့် သတ်ချက်ကို အိန္ဒိယအစိုးရက ပယ်ဖျက်ပေးပါက မြန်မာနိုင်ငံမှ ပဲတန်ချိန်သုံးသိန်းမှ လေးသိန်း ကြားဝယ်ယူတင်သွင်းရန် စီစဉ် ထားသည်ဟု အိန္ဒိယကုန်သည် များကပြောကြားကြောင်း အိန္ဒိယ  အွန်လိုင်းကုန်စည်ရောင်းဝယ်ရေး ၀က်ဘ်ဆိုက်တစ်ခုတွင် ဒီဇင်ဘာ ၁ ရက်က ဖော်ပြခဲ့သည်။

 

မတ်လကုန်နောက်ပိုင်းတွင် အိန္ဒိယအစိုးရ၏ပဲတင်သွင်းမှုပြန် လည်ဖွင့်လှစ်ပါက မြန်မာနိုင်ငံ တွင် လက်ရှိပဲပေါက်ဈေးဖြင့် ၀ယ်ယူမရနိုင်မည့်အခြေအနေကို ခန့် မှန်းပြီး ကြိုတင်ဝယ်ယူခြင်းဖြစ် ကြောင်း ဦးမင်းကိုဦးက ပြော ကြားသည်။

‘‘အိန္ဒိယကုန်သည်တွေ ကြို ၀ယ်သလို တခြားနိုင်ငံတွေကို လည်း ပုံမှန်ပို့နေရတာတွေရှိပါ တယ်’’ ဟု ၎င်းက ပြောကြားသည်။

 

အိန္ဒိယကုန်သည်များ၏ ကြို တင်ဝယ်ယူမှုကြောင့် ဒီဇင်ဘာ လဆန်းက မတ်ပဲတစ်တန်လေး သိန်းခုနစ်သောင်းကျပ်မှ ဒီဇင် ဘာ ၁၈ ရက်တွင် ကျပ်ငါးသိန်းခွဲ၊ ပဲစင်းငုံတစ်တန်လျှင် သုံးသိန်းသုံးသောင်းကျပ်မှ သုံးသိန်းခုနစ် သောင်းကျပ်သို့ မြင့်တက်ခဲ့သည်။

 

အိန္ဒိယအစိုးရက ဩဂုတ်၌ ပဲအ၀ယ်ရပ်ပြီးနောက် ပါကစ္စ တန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့်နိုင်ငံများမှ မတ်ပဲနှင့် ပဲ စင်းငုံအ၀ယ်ရှိနေခြင်းကြောင့် တစ်လလျှင် တန်ချိန်သုံးထောင် ကျော်ပုံမှန်တင်ပို့နေရကြောင်း ဘုရင့်နောင်ပဲကုန်စည်ဒိုင်မှ ကုန် သည်တစ်ဦးက ပြောသည်။

 

ပြည်ပသို့ ပုံမှန်မတ်ပဲနှင့် ပဲ စင်းငုံတင်ပို့မှုများရှိသော်လည်း အိန္ဒိယနိုင်ငံကဲ့သို့ တန်ချိန်ပမာဏ များစွာဝယ်ယူမှုမရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲ တစ်တန်လျှင် ကျပ်ငါးသိန်းဝန်း ကျင်၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် လေးသိန်းဝန်းကျင်ဈေးဖွင့်နိုင်ခဲ့ သည်ဟု ၎င်းကပြောသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:23
Rate this item
(1 Vote)