Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းသို့ ကြက်သွန်နီတင်ပို့ရောင်းချမှု ပမာဏနှင့် အခွန်ကင်းလွတ်ခွင့်ရ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကြက်သွန်နီများကို တန်ချိန်သတ်မှတ်ချက် ပယ်ဖျက်ပြီး အခွန်ကင်းလွတ်ခွင့်ကိုပါ ထိုင်းအစိုးရက

ယခုလတွင် စတင်ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အမြဲတမ်း အတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။

 

ယခုလ ၅ ရက်နှင့် ၆ ရက် က ကြက်သွန်နီတင်ပို့ရောင်းချမှု တွင် ကန့်သတ်ပမာဏနှင့် အခွန် ကင်းလွတ်ခွင့်ပေးရန် ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် ဆွေး နွေးပြီးနောက် သဘောတူညီချက် ရရှိခဲ့သည်။

 

 ‘‘အစိုးရချင်း ဆက်သွယ် ဆောင်ရွက်ရမယ့်အပိုင်းတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အရင်က ထိုင်းက ပြည်တွင်း ကြက်သွန်နီဝယ်ယူရာမှာ ကိုတာ (Quo-ta) နဲ့ အခွန်သတ်မှတ်ထားတယ်။ အခု WTO (World Trade Organi-zation) နဲ့ ဒေသတွင်း အာဆီယံသဘောတူညီချက်တွေအတိုင်း ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းရာမှာ သဘောတူညီချက်ရရှိခဲ့ပါတယ်’’ ဟု ဦးရန်နိုင်ထွန်းက ပြောသည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC) သဘောတူညီချက်အရ အဖွဲ့ဝင် နိုင်ငံအချင်းချင်း ကုန်သွယ်ရာတွင် ကိုတာနှင့် အခွန်ကင်းလွတ်ခွင့်ပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

သို့သော် ပြည်တွင်းမှ တင် ပို့ရောင်းချသည့် ကြက်သွန်နီများ သည် အစားအစာ လုံခြုံစိတ်ချ ရေးနှင့် အပင်ပိုးမွှားကင်းစင်ရေး အစီအမံများဆိုင်ရာ အချက်များ နှင့် ကိုက်ညီရန်လိုအပ်ကြောင်း ဦးရန်နိုင်ထွန်းက ပြောသည်။

 

ယခင်က ထိုင်းနိုင်ငံသို့ ကြက်သွန်နီ တင်ပို့ရောင်းချရာတွင် အ ခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံပြီး ယခုကင်းလွတ်ခွင့်ပြုသဖြင့် ထိုင်း နိုင်ငံသို့ ကြက်သွန်နီတင်ပို့သူ တိုးလာနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖို ချောင် သီးနှံစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

 

‘‘အရင် အခွန်အများကြီး ကောက်တာ။ တမင်သက်သက်သူတို့ဆီကို ကြက်သွန်နီပို့တဲ့သူ မရှိအောင်ပေါ့။ ပို့တဲ့သူလည်း နည်းနည်းပဲရှိပါတယ်။ ခိုးပို့ကြ တာမျိုးပေါ့။ အဲဒါတွေကျ စာရင်း မရှိဘူးလေ။ အခု အခွန်ကင်းလွတ်ခွင့်ရပြီဆိုတော့ ပို့တဲ့သူနည်းနည်းပါးပါး ရှိလာနိုင်တာပေါ့’’ဟု ဦးခင်ဟန်က ဆိုသည်။

 

လက်ရှိ ပြည်တွင်းကြက်သွန် နီ ပေါက်ဈေးသည် ဆိပ်ဖြူရှယ် (သစ်) တစ်ပိဿာ ကျပ် ၁,၂၅၀၊ ဆိပ်ဖြူလတ်ကြီး တစ်ပိဿာ ကျပ် ၁,၁၅၀၊ ဆိပ်ဖြူလတ်သန့် တစ်ပိဿာ ကျပ် ၉၅၀ နှင့် ဆိပ်ဖြူလတ်ချော တစ်ပိဿာ ကျပ် ၇၀၀ ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်စာရင်းများတွင် ဖော်ပြထားသည်။

Source: 7 days new

 

Read times
Rate this item
(0 votes)