Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဉာဏ်ကြီးရှင်ကော်ဖီမှ လှော်ပြီးသားကော်ဖီကို တစ်ဝက်ဈေးနှင့် ရယူလိုပါက ဆက်သွယ်ရယူနိုင်

ဉာဏ်ကြီးရှင်ကော်ဖီမှ လှော်ပြီးသားကော်ဖီကို တစ်ဝက်ဈေးနှင့် ရယူလိုပါက ဆက်သွယ်ရယူနိုင်ကြောင်း

အသိပေးကြေညာထားပါသည်။

 

ကော်ဖီ တန် ၂၀၀ ကျော်ခန့် ဝယ်ယူခဲ့

 

ဉာဏ်ကြီးရှင်ကော်ဖီသည် ၂၀၁၉-၂၀၂၀ ကိုဗစ်မတိုင်မှီကာလတွင် ပြည်တွင်းတွင်ကြီးမားလာသော ကော်ဖီရောင်းအား၊ ပြည်ပမှ ဝယ်လိုအားများပေါ်မူတည်၍ ကော်ဖီများကို စုဆောင်းခဲ့ပါသည်။ ၂၀၂၀ မတ်လ ကိုဗစ်စတင်သည့်အချိန်တွင်လည်း ကော်ဖီတောင်သူများမှ လာရောက်ရောင်းချသော ကော်ဖီများကို ဝယ်ယူပေးခဲ့ပါသောကြောင့် ကော်ဖီ တန် ၂၀၀ ကျော်ခန့်ကို ဝယ်ယူခဲ့ရပါသည်။

 

ကိုဗစ်ကာလအတွင်း နိုင်ငံခြားတင်ပို့မှုများနှင့် ပြည်တွင်းအရောင်းများ ၅၀% ခန့်ကျဆင်းသွားပြီး ကော်ဖီကုန်ကြမ်းလက်ကျန်များမှာ ဂိုထောင်အတွင်းသိုလှောင်ထားရှိလျက်ရှိပါသည်။ ထိုကုန်ကြမ်းများကို ချက်ချင်းရောင်းထုတ်ရန်၊ အပေါင်ပစ္စည်းအဖြစ်ငွေချေးရန်နှင့် သောက်သုံးသူများထံသို့ ကြိုတင်ရောင်းချသောနည်းကို သုံးရန်လိုအပ်လာပါသည်။

 

တစ်ဝက်ဈေးနှင့် ရယူနိုင်

 

လှော်ပြီးသားကော်ဖီကို တစ်ဝက်ဈေးနှင့် ရယူလိုပါက ဆက်သွယ်ရယူနိုင်ပါသည်။ ငွေပေါ်လျော့ဈေးဖြစ်ပါသည်။ အနည်းဆုံး ၁ သိန်းဖိုးယူတာနဲ့ ၂သိန်းတန်ဖိုးရှိကော်ဖီကို ရရှိပါမည်။ ဝယ်သမျှ ကော်ဖီအကုန်လုံးအတွက် သိမ်းဆည်းထားရန်မလိုပါ။ လိုအပ်သလောက်ကို ပို့ပေးပါမည်။ ပို့ခသီးခြားပေးရပါမည်။ ဥပမာ - ကော်ဖီကို တစ်နှစ်လုံး ၂.၅ သိန်းသုံးမည်ဆိုပါက ၅ သိန်းတန်ဖိုးရှိ ကော်ဖီကို တစ်ပတ်တစ်ခါ/မှာယူသည့်အခါတွင် လတ်လတ်ဆတ်ဆတ် ပို့ပေးပါမည်။ ကြိုတင်မှာယူမှုသည် ပစ္စည်းကုန်ကြမ်းရရှိမှု လက်ကျန်ပေါ်မူတည်ပါမည်။

 

MSME များလည်ပတ်ရန် အကူအညီလိုအပ်နေချိန်တွင် အကျိုးအမြတ်ထက် ဉာဏ်ကြီးရှင်ကော်ဖီလုပ်ငန်းပေါ်တွင် မှီခိုနေရသည့် ဝန်ထမ်းများ၊ တောင်သူများနှင့် အခြားစက်စပ်လုပ်ငန်းများအတွက်ကိုပါ ရည်မှန်း၍ လုပ်ဆောင်ရခြင်းဖြစ်ပါသည်။

 

ဝယ်ယူလိုသူများ ဆက်သွယ်ရန် -

မလေးလေးမြင့် - ၀၉၄၂၁၀၆၈၉၃၅

ကိုသူရပြည့်စုံ - ၀၉၇၉၀၉၄၂၈၁၃

 

By Myanmar Food Guide

Read times
Rate this item
(0 votes)