Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစင်းငုံဈေးမြင့်တက်လာသော်လည်း အခြားပဲဈေးနှုန်းများအေးနေ

ရန်ကုန်ပဲဈေးကွက်တွင် အ၀ယ်များနေခြင်းကြောင့် ပဲစင်းငုံဈေးကောင်းရရှိနေပြီး အခြားပဲမျိုးစုံဈေးနှုန်းများ

ငြိမ်သက်လျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲကုန်သည်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

ယခုရက်ပိုင်းအတွင်း ရန်ကုန်ပဲဈေးကွက်မှ ပြည်ပနိုင်ငံများသို့ ရေကြောင်းမှတစ်ဆင့် ပဲစင်းငုံတင်ပို့ရောင်းချရန် ရှိနေခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ယခင်က ငွေကျပ် ၃၀၀၀၀ ၀န်းကျင်သာရှိခဲ့ရာမှ ယခု ငွေကျပ် ၃၅၀၀၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ကြောင်း၊ ရန်ကုန်မြို့ရှိ ပဲကုန်သည်များသည် နယ်မြို့များမှ ကြိုတင်မှာယူမှုများ ပုံမှန်ရှိနေခြင်းကြောင့် ပဲစင်းငုံဈေးနှုန်း ကျဆင်းဖွယ်မရှိနိုင်ကြောင်း ပြည်ပပို့ ကုန်တစ်မျိုးဖြစ်သည့် ပဲတီစိမ်းကို ယခင်က တရုတ်နိုင်ငံက မှာယူမှုများပြားခဲ့သော်လည်း ယခုအခါ ပုံမှန်သာအ၀ယ်ရှိတော့သည့်အတွက် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရပါတယ်။

 

ပဲစင်းငုံကိုများသောအားဖြင့် မန္တလေးကုန်စည်ဒိုင်နဲ့ချိတ်ပြီး ၀ယ်နေကြခြင်း၊ အချို့လုပ်ငန်းရှင်တွေကလည်း ကြိုပွိုင့် လုပ်နေတာတွေရှိတယ်။ ပဲဈေးက အများကြီး မျှော်လင့်ထားလို့ မရပါဘူး။ ဈေးနှုန်းအပြောင်းအလဲဖြစ်တတ်လို့ မနှစ်ကလိုဖြစ်ရင် ကုန်သည်တွေ နစ်နာတယ်။ အခု ပဲစင်းငုံဈေးက ငွေကျပ် ၃၅၀၀၀ ဆိုပေမယ့် ငွေကျပ် ၄၀၀၀၀ အထိ အမြင့်ဆုံးဝယ်ခဲ့ရတာတွေလည်းရှိပါတယ်။

 

ထို့ကြောင့် ဈေးကျဆင်းဖို့တော့ မရှိနိုင်သေးဘူးထင်ပါတယ် ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည် တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀ မှ ငွေကျပ် ၇၈၀၀၀ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး လာမည့် သီတင်းပတ်အထိ ဈေးနှုန်းပြောင်းလဲမှု မရှိနိုင်သေးကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:23
Rate this item
(1 Vote)