Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရွှေအစစ်ဖြင့် ပြုလုပ်ထားသော NESCAFÉ GOLD Billboard

ကမ္ဘာ့နံပါတ်(၁) ကော်ဖီအမှတ်တံဆိပ်ဖြစ်သည့် NESCAFÉ သည် နိုဝင်ဘာလတွင် NESCAFÉ Gold Crema ကုန်ပစ္စည်းသစ်မိတ်ဆက်ခြင်းအနေဖြင့် ရွှေအစစ် Billboard ကြီးကို ယူဆောင်လာသည်။

 

မြန်မာပြည်တွင် နိုဝင်ဘာလ၊ ၂၀ရက်နေ့၌ ပထမဦးဆုံးသော ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသည့် ထူးခြားဆန်းသစ်သော Billboard ကြီးကို NESCAFÉ မှ ယူဆောင်လာခဲ့သည်။ အဆိုပါ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော ကော်ဖီ Bean တပ်ဆင်ထားသော NESCAFÉ Gold Billboard ကြီးကို စည်ကားလှပသော ရန်ကုန်မြို့ တ်ာကြီး၏ အချက်အချာနေရာတစ်ခုဖြစ်သော ပန်းဆိုးတန်းကုန်းကျော် တံတားကြီးပေါ်မှ လှမ်းကြည့်လိုက်သောအခါ ရွှေရောင်ဝင်းလက်နေပြီး ခန့်ညားထည်ဝါစွာ တည်ရှိနေသည်ကို တွေ့ မြင်နိုင်မည်ဖြစ်ပါသည်။

 


NESCAFÉ Gold Crema ရဲ့ Brand Manager မဇွန်ပွင့်ဖြူမှ “ NESCAFE Gold Crema “ ဆိုတာက ကျွန်မ တို့ NESCAFE’ Portfolio ထဲ မှာ Premium အဖြစ်ဆုံး Product ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒီကုန်ပစ္စည်း အသစ်ကို မြန်မာနိုင်ငံ ဈေးကွက်မှာ စတင်မိတ်ဆက် ပေးရတာကို အရမ်းရင်ခုန် စိတ်လှုပ်ရှားမိပါတယ်။

 


အခုလို ရွှေအစစ် ပါဝင်တဲ့ Bill Board တပ်ဆင်ခြင်းက မြန်မာနိုင်ငံ မှာ ပထမဆုံး ဖြစ်ပြီး ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ coffee bean က NESCAFE’ Gold Crema ရဲ့ အရသာ အရည်အသွေးမြင့်မားမှုကို ဖော်ညွှန်းနေတာ ဖြစ်ပါတယ်။

 


NESCAFE Gold Crema ကို အခြားသော ကော်ဖီတွေနဲ့ မတူညီတဲ့ နည်းပညာတွေကို အသုံးပြုပြီးထုတ်လုပ်ထားပါတယ်။ အဲဒါတွေက တော့ အကောင်းဆုံးသော Coffee Aroma ရအောင် အာရေဘီကာ နှင့် ရိုဘက်စတာ ကော်ဖီစေ့များ ကို စနစ် တကျရောနှော ပါဝင်စေပြီး စက်ဖျော်ကော်ဖီ တွေမှာပဲ ခံစားသောက်သုံး နိုင်တဲ့ ကော်ဖီ အဆီအနှစ် အလွှာကို ရေနွေးထည့်လိုက်တာနဲ့ ဖြစ်ပေါ်လာစေဖို့ တီထွင်ဖန်တီးထားခြင်း တို့ပဲ ဖြစ်ပါတယ်။ အဲဒီ ကော်ဖီ အဆီအနှစ်အလွှာလေးက ကော်ဖီ သောက်လိုက်တဲ့ အခါ အလွန်ချောမွေ့ ပြေပြစ် ကောင်းမွန်တဲ့ အရသာ ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့သည်။

 


NESCAFÉ Gold Crema ရဲ့ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော Billboard ကြီးတွင် ရွှေသားအစစ်များ ပါဝင်နေမှုကြောင့် လုံခြုံရေးဝန်ထမ်းများကိုလည်း ၂၄နာရီ ၇ ရက် ပတ်လုံး အလှည့်ကျ ချထားလျှက် ရှိပါတယ်။

 


ယခုလို ခန့်ညားထည်ဝါပြီး ထူးခြားဆန်းသစ်သော NESCAFÉ ရဲ့ ရွှေအစစ် Billboard ကြီးနှင့်အတူ NESCAFÉ သည် အနံ့အရသာပိုမို ပြည့်ဝပြီး အရည်အသွေး ပိုမိုမြင့်မားသော NESCAFÉ Gold Crema ကုန်ပစ္စည်းအသစ်ကို ဈေးကွက်ထဲ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

 


NESCAFÉ Gold Crema ကို ရွှေရောင်အဆင်းရှိသော ကော်ဖီပုလင်းများကို 100g နှင့် 200g အရွယ်အစား ၂မျိုးဖြင့် ဈေးကွက်ထဲတွင် စတင်ဖြန့်ဖြူးနေပြီဖြစ်ပါသည်။

 

Source: Irrawaddy

Read times Last modified on Monday, 26 November 2018 16:34
Rate this item
(0 votes)