Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနှစ်သစ်ကူးပိတ်ရက် နီးလာသော်လည်း မတ်ပဲနှင့် ပဲစင်းငုံ ပြည်ပအဝယ်နည်း

နှစ်သစ်ကူးပိတ်ရက်နီး လာသော်လည်း မတ်ပဲနှင့် ပဲစင်းငုံဝယ်လိုအားတိုးလာခြင်းမရှိဘဲ

ဈေးနှုန်းတည်ငြိမ်နေကြောင်း မြန် မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်း အတွင်းရေးမှူး ဦးမင်းကို ဦးက ပြောသည်။

 

ပြီးခဲ့သည့်နှစ်များက မြန်မာ နှစ်သစ်ကူးပိတ်ရက် နီးလာပါက ပြည်တွင်းဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံဝယ်လိုအား မြင့်တက် ခဲ့သော်လည်း ယခုနှစ်၌ အိန္ဒိယအစိုးရ၏ပဲတင်သွင်းမှု မူဝါဒ အသစ်မထွက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် အရောင်းအဝယ်အေးပြီး ဈေးနှုန်းတည်ငြိမ်နေသည်ဟု ဦးမင်းကိုဦးက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် ယခင်နှစ် များက နှစ်သစ်ကူးပိတ်ရက်ရှည် များကြောင့် ဘဏ်များအပါအဝင် ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့် ခွင့်ပြုချက်များရယူရန် အခက်အ ခဲရှိခဲ့၍ ပြည်ပကုန်ပစ္စည်း တင် ပို့သူများက ကြိုတင်ပြင်ဆင်ခဲ့ သည်။

 

‘‘မနှစ်ကဆို ဒီအချိန်တွန်း ဝယ်နေကြတဲ့အချိန်ပဲ။ ဒီနှစ်မှာ တော့ အဝယ်အရမ်းနည်းတယ်’’ ဟု ဦးမင်းကိုဦးက ပြည်တွင်းပဲ ဈေးကွက်အခြေအနေကို ရှင်းပြသည်။

 

အိန္ဒိယနိုင်ငံသည် ပဲစိုက်ပျိုး သော အိန္ဒိယ တောင်သူများ၏ အကျိုးစီးပွား ကာကွယ်ရန် ၂၀၁၇သြဂုတ်က ပြည်ပမှ ပဲတင်သွင်းမှု ကန့်သတ်ခဲ့သည်။

 

မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ် လုပ်သည့် မတ်ပဲ ၇၀ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၉၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယက ဝယ်ယူနေရာ အိန္ဒိယ အစိုးရ၏ ပဲတင်သွင်းမှု  မူဝါဒကို မြန်မာနိုင်ငံသာမက ဒူဘိုင်း၊ ပါကစ္စတန်၊ နီပေါ စသော နိုင်ငံ များကလည်း စောင့်ကြည့်နေ ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

လက်ရှိ ပြည်ပတင်ပို့ရန် တစ်ပတ်လျှင် မတ်ပဲတန်ချိန် တစ် ထောင်ကျော်၊ ပဲစင်းငုံ တန်ချိန် ၈၀၀ မှ တစ်ထောင်အကြားသာ ရှိသည်ဟု ၎င်းက ဆိုသည်။

 

ထို့ကြောင့် ပြည်တွင်းဈေး ကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၄၆၅,၀၀၀၊ ပဲစင်းငုံတစ်တန် လျှင် ကျပ် ၄၀၀,၀၀၀ ဈေးဖွင့် ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:35
Rate this item
(1 Vote)