Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်မျိုးစုံမှ ကြက်သွန်နီများဝင်ရောက်မှုမရှိသော်လည်း ကြက်သွန်ဈေးထပ်မတက်နိုင်

ရန်ကုန်မြို့၊ ဘုရင့်နောင်ဈေးကွက်တွင် ပြည်တွင်းနယ်စုံမှ ကြက်သွန်နီများ ၀င်ရောက်မှု

မရှိသော်လည်း ကြက်သွန်နီဈေးနှုန်းများ ထပ်မံမတက်နိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

 

လက်ရှိတွင် ကြက်သွန်နီအ၀ယ်ကောင်းပြီးတင်ပို့ရန် ကျန်ရှိနေတဲ့ ကြက်သွန်နီများကိုလည်း တူးဖော်ရန်အတွက် ရာသီဥတုအခြေအနေများကြောင့် တင်ပို့ရန် စောင့်ဆိုင်းနေရကြောင်း သိရပါတယ်။

 

ယခုလက်ရှိတွင် ကြက်သွန်နီအနိမ့်ဆုံးဈေးမှာ တစ်ပိဿာ ၂၅၅၀ ကျပ်မှ ၂၈၀၀ ကျပ်အထိ ရှိပြီး တင်ပို့တဲ့ မြို့နယ်များအတွက် ဈေးနှုန်းကွာဟချက်များ အနည်းငယ်ရှိနိုင်ကာ တရုတ်ဘက်မှ ၀င်ရောက်လာသည့် ကြက်သွန်နီများမှာ တစ်ပိဿာ ၉၀၀ ကျပ်မှ ၉၅၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။

 

ယခုလက်ရှိတွင်တော့ ဈေးနှုန်းက တက်နေသေးတယ်။ နယ်မျိုးစုံမှ တင်ပို့လာမယ်ဆိုရင်တော့ ဈေးနှုန်းက တဖြည်းဖြည်းကျသွားမည်ဟုလည်း ခန့်မှန်းထားကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:26
Rate this item
(1 Vote)