Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိရေး ကွင်းဆင်းညှိနှိုင်း ဆွေးနွေး

သဘာဝဘေးအန္တရာယ်ကြောင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နေရာအချို့တွင် ရေကြီးရေလျှံမှုများ၊ တောင်ပြိုမှုများဖြစ်ပွားလျက်ရှိရာ ကုန်စည်စီးဆင်းမှု လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်

မြိတ်မြို့၌ ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိရေး သြဂုတ် ၁၂ ရက်က စည်ပင်သာယာရေးကော်မတီနှင့် တာဝန်ရှိသူများက စားသောက်ကုန်များရောင်းချနေသည့် ဆိုင်များ၊ ဈေးများသို့ ကွင်းဆင်း၍ ညှိနှိုင်းဆွေးနွေးကြောင်း သိရပါတယ်။

 

''ဆန်ကုန်သည်များက ဈေးတည်တည်ငြိမ်ငြိမ်နဲ့ရောင်းပေးနေတယ်။ ကုန်ဈေးနှုန်းကို တည်တည်ငြိမ်ငြိမ်ထိန်းပေးမယ်လို့ ဆန်ကုန်သည်အသင်းကပြောတယ်။ ဆီကုန်သည်အသင်းကိုလည်း ဆက်သွယ်ပြီးပြီ။ ဆီဈေးနှုန်းကို တစ်ပိဿာ ငွေကျပ် ၁၈ဝဝ နဲ့ အရင်ဈေးနှုန်းအတိုင်း ရောင်းပေးနေတယ်လို့ပြောတယ်။

 

လက်လီဆိုင်လေးတွေက တက်ကောင်းတက်လိမ့်မယ်။ ဒိုင်ကြီးတွေက ဒီဈေးနှုန်းရောင်းပေးနေတယ်လို့ ကြေညာပေးမယ်။ ပြည်သူတွေ ဒုက္ခရောက်နေတဲ့နေရာမှာ ကုန်သည်တွေကလည်း အားလုံးဝိုင်းဝန်းပြီး နိုင်ငံသားအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အကျိုးအမြတ်တစ်ခုတည်း မကြည့်ဘဲ အားလုံးဝိုင်းပြီး ကူညီပေးတဲ့အနေနဲ့ လုပ်ဆောင်ပေးစေချင်ပါတယ်''ဟု စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားခဲ့ပါတယ်။

 

Read More >>>>>   ကာလကြာမြင့်ပါက ကုန်ဈေးနှုန်းမြင့်တက်မှုများ တွေ့ကြုံနိုင်

 

စားသောက်ကုန်များ ရောင်းချလျက်ရှိသော ဈေးကြီးများ၊ ကြက်ဥလက်လီလက်ကား ရောင်းချနေသော  ဥစားကြက်မွေးမြူရေးခြံ၊ ဆန်အရောင်းဆိုင်များ၊ ကုန်စိမ်း၊ လက်လီလက်ကားအရောင်းဆိုင်များ၊ ကုန်ခြောက်လက်လီလက်ကား အရောင်းဆိုင်များကို စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက လက်ရှိရောင်းချနေသော ကုန်ဈေးနှုန်းများ တည်တည်ငြိမ်ငြိမ်ဖြစ်ရေး၊ ဈေးကစားမှုမရှိစေရေး ဆိုင်ပိုင်ရှင်များနှင့် ဆွေးနွေးခဲ့ပါတယ်။

 

မြိတ်မြို့၌ ဆန်တင်ပို့ရောင်းချမှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးက ရေလမ်းခရီးဖြင့် တိုက်ရိုက်လာသည့်အတွက် အခက်အခဲမရှိကြောင်း၊ ဆန်များရှိနေ၍ တော်ရုံဈေးမတက်နိုင်ကြောင်းနှင့် နောက်လေးလခန့် ရောင်းချနိုင်သည်အထိ ဆန်များရှိကြောင်း ဆန်အရောင်းဆိုင်မှ ဒေါ်စိုးစိုးထံမှ သိရပါတယ်။ 

                                   


Source: Myawady

Read times Last modified on Friday, 16 August 2019 13:35
Rate this item
(1 Vote)