Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Burger King က ဖောက်သည်တွေကို ဘာကြောင့် ပြိုင်ဘက်မက်ဒေါ်နယ်နှင့်အခြားဆိုင်များထံမှလည်း မှာယူဖို့ ပြောရသနည်း

ယူကေရှိ ဧည့်ခံကျွေးမွေးလုပ်ငန်းကဏ္ဍသည် ကိုဗစ် ရောဂါကူးစက်မှု များပြားလာသဖြင့် နို၀င်ဘာ ၅ ရက်မှစ၍

နိုင်ငံတစ်လွှား လော့ဒေါင်းချသဖြင့် အခြေအနေများကို ပိုမိုဆိုးရွားစေမည်ဟု မျှော်လင့်ရသည်။

 

ခုမှာခုရသည့် အမြန်ချက်စားစရာ ဆိုင်ဆွဲများ ဖွင့်လှစ်သည့် Burger King သည် ဗြိတိန်ရှိဖောက်သည်များအား ၎င်း၏ တာရှည်ပြိုင်ဘက် McDonald's အပါအ၀င် ၎င်း၏ပြိုင်ဘက်များထံမှလည်း မှာယူစားသောက်ကြဖို့ မေတ္တာရပ်ခံခဲ့သည်။ ၎င်း၏ တရားဝင် ဆိုရှယ်မီဒီယာတွင် ဝေမျှလိုက်သည့် ၎င်းpost ဟာ အခြေအနေတွေ ဆိုးဝါးနေသည့်ကို လူအများ အာရုံစိုက်လာစေခဲ့သည်။

 

ဗြိတိန်တွင် ကိုဗစ်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ်မြောက် နိုင်ငံတစ်ဝှမ်း လော့ဒေါင်းချသဖြင့် စားသောက်ဆိုင်များသည် ဆိုင်ထိုင်စားခြင်းကို ပိတ်ပင်ခံရသည်။ တစ်လလုံးလုံး ပိတ်ပင်ထားမည် ဖြစ်သည်။


ယခုလိုမျိုး မေတ္တာရပ်ခံရလိမ့်မည်ဟု ကျွန်ုပ်တို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ သို့သော် စားသောက်ဆိုင်များတွင် ထောင်ချီသော ဝန်ထမ်းများကို အလုပ်ပေးထားသည်ဖြစ်ရာ သင်တို့၏ ထောက်ကူအားပေးမှုကို တကယ်လိုအပ်နေသည်" ဟု ကြေညာချက်တွင် ဆိုထားသည်။


မှာစားပေးကြဖို့ Burger King က မေတ္တာရပ်ခံပေးသည့် စားသောက်ဆိုင်လုပ်ငန်းများတွင် McDonald's အပြင် KFC, Subway, Taco Bell and Domino’s Pizza အစရှိသည့် ဆိုင်ခွဲများ ဖွင့်လှစ်လုပ်ကိုင်လျက် ရှိသည့် လုပ်ငန်းများ ပါဝင်သည်။

No description available.

By Myanmar Food Guide

Source: indianexpress.com

Read times
Rate this item
(0 votes)