Food & Livestock
မလေးရှား လတ်ဆတ်ကြက်သား စင်ကာပူဈေးကွက်ထဲ ဈေးမြင့်နေဆဲ
မလေးရှား လတ်ဆတ်ကြက်သား စင်ကာပူဈေးကွက်ထဲ ဈေးမြင့်နေဆဲ
TO GET INSTANT UPDATE
Join Telegram Channel
ပြည်တွင်း ကြက်သား ပြတ်လပ်မှုကြောင့် မလေးရှားနိုင်ငံမှ ကြက်သား တင်ပို့မှုကို ၂၀၂၂ ဇွန်လ ၁ ရက်မှာ စတင်ပိတ်ပင်တားမြစ်ခဲ့သည်။
ထိုအချိန်ကာလတွင် စင်ကာပူတွင် စားသုံးနေသည့် ကြက်သားများ၏ သုံးပုံတစ်ပုံခန့်သည် မလေးရှားကြက်သားများ ဖြစ်သည်။
၂၀၂၂ အောက်တိုဘာလ ၉ ရက် တနင်္ဂနွေနေ့တွင် မလေးရှားအာဏာပိုင်တို့က အင်္ဂါနေ့တွင် ကြက်သားတင်ပို့ရန် ပြန်လည်ခွင့်ပြုမည်ဟု ကြေညာသည်။
တနင်္လာနေ့တွင် မလေးရှားစိုက်ပျိုးရေးနှင့်စားသောက်ကုန်လုပ်ငန်း ဝန်ကြီး Ronald Kiandee က ကြက်သားတင်ပို့မှု မပိတ်ပင်ခင်က တစ်ရက်လျှင် ကြက်တန်ချိန် ၃.၆ သန်းအထိ ခွင့်ပြုခဲ့သော်လည်း ယခု ထက်ဝက်လျှော့ချပြီး ကြက်တန်ချိန် ၁.၈ သန်းသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကန့်သတ်ချက်ကို အချိန်အခါအလိုက် ဖြေလျှော့ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
သို့သော် အထွေထွေရွေးကောက်ပွဲကျင်းပရန် မလေးရှား ပါလီမန်ကို ဝန်ကြီးချုပ်က ဖျက်သိမ်းလိုက်သဖြင့် ရွေးကောက်ပွဲမပြီးခင် ထပ်မံဖြေလျှော့ပေးဖို့ ဖြစ်နိုင်ခြေ အတော်နည်းသွားသည်။
အင်္ဂါနေ့တွင် ကြက်တင်ပို့ခွင့် စတင်ခွင့်ပြုခဲ့ရာ ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် စင်ကာပူမှ လက်လီအရောင်းဆိုင်များသို့ အရေအတွက် အကန့်အသတ်ဖြင့် ကြက်သားများ စတင် ရောက်ရှိခဲ့သည်။
ကြက်သားတင်သွင်းသူ Kee Song Food မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြီးအကဲ Mr James Sim က မြေပြင်ကြက်သား လက်လီဆိုင်များနှင့် အွန်လိုင်းကြက်သားဆိုင်များသို့ ဖြန့်ဖြူးရန် မလေးရှားကြက်အရှင်များသည် ကုမ္ပဏီ သားသတ်ရုံသို့ ကြာသပတေးနေ့ မနက်ပိုင်းတွင် စတင်ရောက်ရှိခဲ့ပြီး မွန်းလွဲ ၂ နာရီမှစ၍ ကြက်သားများ စတင်ဖြန့်ဖြူးပေးပို့ခဲ့ကြောင်း ပြောကြားသည်။
တစ်ကောင်လျှင် တစ် ဒသမ လေး ကီလိုဂရမ် ရှိသော ကြက်သားတစ်ကောင်ကို S$14.80 ဖြင့် လက်လီရောင်းချကြသည်။ ယခင်ထက် ၁၀ မှ ၁၆ % အထိ ဈေးပိုများကြောင်း ၎င်းက ပြောကြားသည်။
Source straitstimes



