Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးမြစ်ချင်းပြန်ဝယ်ရန် မြန်မာမစ်ရှင်အဖွဲ့ ဆော်ဒီအာရေးဗီးယားသို့ သွားရောက်ညှိနှိုင်းမည်

မြန်မာနိုင်ငံတွင် မွေးမြူထုတ်လုပ်သည့်ငါးမြစ်ချင်း ပြန်လည်ဝယ်ယူရန် ဆော်ဒီအာရေး ဗီးယားနိုင်ငံသို့

အစိုးရ၊ ပုဂ္ဂလိကအဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် သွားရောက်ညှိနှိုင်းမည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးထွန်းအေးက ပြောသည်။


စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသဖြင့် မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှ ငါးတင်သွင်းနေခြင်းကို ဆော်ဒီအာရေးဗီးယားက ပြီးခဲ့သည့်မတ်လ ၁ ရက်တွင် စတင်ရပ်ဆိုင်းခဲ့သည်။


ပြည်ပသို့ ငါးတင်ပို့ရာတွင် မြန်မာနိုင်ငံအမှတ်တံဆိပ်အဖြစ် တင်စားထားသော ငါးမြစ်ချင်း တင်သွင်းမှုကို ဆော်ဒီနိုင်ငံက ပိတ်ထားခြင်းကြောင့် ယခုနှစ်ရှစ်လအတွင်း ကန်ဒေါ်လာသန်း ၃၀ ကျော်ဆုံးရှုံးရသည်ဟု ဦးထွန်းအေးက ပြောသည်။


‘‘ကျွန်တော်တို့ကို ပို့ခွင့်ဘာကြောင့်မပေးတာလဲ၊ ဘာတွေလိုတယ်၊ ဘာတွေလုပ်ပေးရမလဲ မစ်ရှင်အဖွဲ့သွားပြီးမေးမှာပါ’’ ဟု ဦးထွန်းအေးက ပြောသည်။


ဆော်ဒီသို့ သွားမည့်မစ်ရှင်အဖွဲ့တွင် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦး အပါအ ၀င် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များပါ ၀င်မည်ဖြစ်သည်။


မြန်မာနိုင်ငံမှ ငါးမြစ်ချင်းအပါအ၀င် ငါးတင်ပို့ခွင့်ပြုရန်ဆော်ဒီနိုင်ငံမှ အစိုးရအဖွဲ့အစည်းများကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်က တောင်းဆိုရာတွင် အစိုးရချင်းဆွေးနွေးပြီးမှသာ ခွင့်ပြုနိုင် မည်ဖြစ်ကြောင်း အကြောင်းပြန်သည်ဟု ဦးထွန်းအေးကပြောသည်။


မြန်မာနိုင်ငံရှိ ဆော်ဒီသံရုံးသို့ စာတင်ရာတွင် လက်မခံဘဲ အစိုးရချင်းသာညှိနှိုင်းဆောင်ရွက် လိုသည်ဟု အကြောင်းပြန်သဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တွေ့ဆုံညှိနှိုင်းပြီးနောက် မစ်ရှင်ခရီးစဉ်ကို စီစဉ်ရ ခြင်းဖြစ်သည်ဟုဆိုသည်။


မြန်မာနိုင်ငံရှိ အအေးခန်းစက်ရုံများ၊ ငါးမွေးမြူရေးကန်များ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ၊ မရှိ လာရောက်စစ်ဆေးနိုင်ရန် ဆော်ဒီနိုင်ငံသို့ပုဂ္ဂလိကကဏ္ဍမှ တရားဝင် အကြောင်းကြားခဲ့ သည်။


သို့သော် ယနေ့ထိ လာရောက်စစ်ဆေးမည့် အစီအစဉ်မသိရသေးကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။


Source: 7 days new

Read times
Rate this item
(1 Vote)