Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် စားအုန်းဆီဈေး နှစ်လခန့်အတွင်း ၁၇ ရာခိုင်နှုန်းတက်

 ဒေါ်လာတန်ဖိုး မြင့် တက်မှုကြောင့် ပြည်ပမှတင်သွင်း သော စားအုန်းဆီဈေး နှစ်လခန့် အတွင်း ပြည်တွင်းဈေးကွက်တွင်

၁၇ ရာခိုင်နှုန်းကျော် ဈေးမြင့်တက်လာသည်။

 

တစ်လလျှင် တန်ချိန်လေး သောင်းမှ ငါးသောင်းအကြား တင်သွင်းနေရသော စားအုန်းဆီဈေးနှုန်းသည် ပြည်တွင်း ဈေးကွက်တွင် ဒေါ်လာန်ဖိုးစတင် မြင့်တက်သည့် ဇွန်လလယ်၌ လက်ကားဈေးတစ်ပိဿာ ၁,၅၈၅ ကျပ်ဈေးရှိသော်လည်း သြဂုတ် ၈ ရက်တွင် တစ်ပိဿာကျပ် ၁,၈၇၀ ခန့်သို့ ဈေးတက်လာသည်။

 

ပြည်တွင်းဈေးကွက်တွင် စား အုန်းဆီဈေးမြင့်ခြင်းသည် ဒေါ် လာဈေးအပေါ် အဓိက မူတည် သော်လည်း နိုင်ငံခြားဈေးအနည်း ငယ်မြင့်တက်မှုနှင့် သင်္ဘောအ ၀င်နည်းခြင်းကလည်း ဈေးနှုန်းမြင့်တက်စေသည့် အချက်များဖြစ် ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ တစ်ဦးက ပြောသည်။

 

စားအုန်းဆီဈေး မြင့်တက် သကဲ့သို့ တစ်လလျှင် တန်ချိန် ခြောက်သိန်းခန့် ပြည်ပမှတင်သွင်းနေသော  စက်သုံးဆီဈေးနှုန်းလည်း နှစ်လခန့်အတွင်း  ၅ ရာခိုင်နှုန်း ခန့် မြင့်တက်လာသည်။

 

ပြည်တွင်း  လက်လီဈေးကွက်တွင် ရောင်းချနေသည့် အောက်တိန်း 92 တစ်လီတာ ဈေးနှုန်းသည် ဇွန်လလယ်တွင် ကျပ် ၈၇၀ မှ သြဂုတ်တွင် ကျပ် ၉၁၀ ဖြစ်သည်။

 

ဒေါ်လာတန်ဖိုး မြင့်တက်မှု ကြောင့် သွင်းကုန်ပစ္စည်းများ ဈေးမြင့်တက်နေချိန်တွင် မြန်မာ့ ပို့ ကုန်မြှင့်တင်ရေး အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများက ရေးသား သည်။

 

ငွေကြေးဈေးကွက်တွင် သြဂုတ် ၉ ရက်က တစ်ဒေါ်လာလျှင် ၁,၄၇၂ ကျပ်မှ ၁,၄၆၅  ကျပ်အတွင်း ဈေးပေါက်နေသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:23
Rate this item
(2 votes)