Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားတွင် ကြက်ဥ ပြတ်လပ်မှု ပြဿနာ ဆက်လက် ကြီးမားနေဆဲ

 မလေးရှားတွင် ကြက်ဥ ပြတ်လပ်မှု ပြဿနာ ဆက်လက် ကြီးမားနေဆဲ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကြက်ဥ ရှားပါးမှုကြောင့် မလေးရှားရှိ စားသုံးသူများကို စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။ ကြက်ဥဆက်လက် ရှားပါးနေဦးမည်ဟု စိုးရိမ်ကြသဖြင့် ဈေးတွင် ရနိုင်သမျှ ကြက်ဥတို့ကို ဝယ်ယူကြသည်။ 

.

မလေးရှား နေလှန်းအခြောက်ခံ ကုန်ပစ္စည်းများ ကုန်သည်များ အသင်းများ အဖွဲ့ချုပ် Federation of Sundry Goods Merchants Associations of Malaysia,ဥက္ကဋ္ဌ  Mr Hong Chee Meng က "ကျွန်တော်တို့ရဲ့ အသင်းဝင်များ အဆိုအရ  သတ်မှတ်ထားသော ဆိုင်များသို့ ရောက်ရှိလာတဲ့ ကြက်ဥတွေ နာရီပိုင်းအတွင်း အားလုံးကို သိမ်းကျုံး ဝယ်လိုက်ကြတယ်" ဟု ပြောကြားခဲ့သည်။

.

ကြက်စာအတွက် အဓိကပါဝင်ပစ္စည်း နှစ်မျိုးဖြစ်သည့် ပြောင်းနှင့် ပဲပုပ် ကြက်စာဈေးနှုန်းများ မြင့်တက်မှုကြောင့် ကြက်မွေးမြူရေးခြံများက ကြက်ကောက်ရေ လျှော့ပြီး မွေးမြူကြခြင်းကြောင့် ကြက်ဥ မလုံမလောက် ဖြစ်နေရကြောင်း ၎င်းက ပြောသည်။

.

နေထိုင်ရာ နေရာ အနီးအနားတွင် ကြက်ဥ ရနိုင်မည့် နေရာနှင့် အချိန် တင်ပြသည်ကို အချိန်မီသိဖို့ ဆိုရှယ်မီဒီယာပေါ်တွင် အနီးကပ် စောင့်ကြည့်နေကြသည်။

 "ကျွန်မတို့ Facebook မှ ‘egg updates’  အတွက် community groups တွေကို စောင့်ကြည့်ကြရတယ်။ အိမ်အနီးအနားက ဆိုင်မှာ ကြက်ဥတွေ ရောက်လာပြီလို့ သတင်းတင်ပေးလိုက်ရင် ဆိုင်ကို အမြန်သွားပြီး ကြက်ဥဝယ်ဖို့ တန်းစီရတယ်"ဟု အသက် ၄၅ နှစ် ရှိသူ အိမ်ရှင်မ  Lim Ai Swam က ပြောပြသည်။ 

သူ့မိသားစုအတွက် အပတ်စဉ် ကြက်ဥ အလုံး ၂၀ လိုအပ်သော Ms Lim က မကြုံစဖူး ပြတ်လပ်မှု ဖြစ်သည်ဟု ဆိုသည်။

“ကြက်ဥတွေ အလုံအလောက် ရှိသင့်ပါတယ်။ ဒါမျိုး အရင်က တစ်ခါမှ မဖြစ်ဖူးဘူး” ဟု သူမက ပြောကြားသည်။

.

 မလေးရှားအစိုးရက အမြင့်ဆုံး ကြက်ဥဈေးနှုန်းများကို ဆက်လက်ထားရှိမည်ဟု  အောက်တိုဘာ ၁၀ ရက်က ကြေညာခဲ့သည်။ ကြက်မွေးမြူရေးသမားများသည် ကြက်စာစရိတ်များ တိုးမြင့်လာမှုကို ထိန်းညှိပေးနိုင်ရန် အစိုးရအားအမြင့်ဆုံး ကြက်ဥဈေးနှုန်း သတ်မှတ်ခြင်း ရုပ်သိမ်းပေးဖို့ တောင်းဆိုကြသည်။ 

.

အလေးချိန် ၅၉.၉ နှင့် ၆၅ ဂရမ်ကြားရှိ  Grade A, B နှင့် C ကြက်ဥဈေးနှုန်းများကို အစိုးရက ထိန်းချုပ်ထားသည်။ 

.

မလေးရှားမွေးမြူရေးလုပ်ငန်းရှင်များအသင်းများအဖွဲ့ချုပ် Federation of Livestock Farmers Associations of Malaysia ၏ ဒုဥက္ကဋ္ဌ လီယွန်ယူက အစိုးရက ကြက်ဥဈေးနှုန်းများကို နှုန်းရှင် မထားသေးသရွေ့ အခြေအနေ တိုးတက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“မကြာမီကာလအတွင်းမှာ ရင်းဂစ်တန်ဖိုးက အမေရိကန် ဒေါ်လာနဲ့ ယှဉ်ရင် တကယ်လို့ တန်ဖိုးကျတယ်ဆိုရင် ပြည်ပမှ တင်သွင်းလာတဲ့ အစာကုန်ကြမ်းတွေက ပိုဈေးကြီးလာမယ်။ အဲဒါကြောင့်  ကြက်ဥထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားလာကာ ကြက်မွေးမြူသူတွေ ငွေကြေးအရ ပိုမိုကျပ်တည်းလာမယ်။ ယခုလို အခြေအနေက နောက်နှစ်တစ်လျှောက်လုံး ဆက်ဖြစ်နိုင်ချေရှိလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။ 

Source: THE STAR/ASIA NEWS NETWORK

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 01 November 2022 00:11
Rate this item
(0 votes)