Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပြပွဲသို့ တောင်သူများ လာရောက် လေ့လာ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန(VFRDC)၌ ယနေ့တွင် ဆက်လက် ကျင်းပလျက်ရှိသော

ဟင်းသီးဟင်းရွက် ပြပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သော ဒေသခံ တောင်သူများ လာရောက် လေ့လာမှု များပြားကြောင်း သိရသည်။

 

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပြပွဲနှင့် မြန်မာ့အော်ဂဲနစ်အား အသိပညာပေး မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှစ၍ ရက်သတ္တပတ် ကြာပြသမည် ဖြစ်သည်။

 

''အခုနောက်ပိုင်း ဟင်းသီးဟင်းရွက် စားသုံးမှုတွေ မြင့်တက်လာသလို စိုက်ပျိုးရေး ပိုင်းအနေနဲ့လည်း ပြည်သူလူထုရဲ့ စားသုံးမှုကို မြှင့်တင်ပေးဖို့ လိုပါတယ်။ ဘေးအန္တရာယ် ကင်းတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ ဖြစ်ဖို့ကလည်း အရေးကြီးသလို ဘယ်လိုစိုက်ပျိုး ထုတ်လုပ်ရမယ် ဆိုတဲ့အချက်ကလည်း အရေးကြီးပါတယ်။

 

 ဘေးအန္တရာယ်ကင်းပြီး အဆိပ်အတောက်ကင်းတဲ့ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတွေ ထုတ်တဲ့နည်းပညာကို ဒီပြပွဲ မှာပြသထားပါတယ်။ တောင်သူတွေအနေနဲ့ အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုး ထုတ်လုပ်တဲ့ နည်းအဆင့်ဆင့်ကနေ ဓာတုပစ္စည်း အနည်းငယ်နဲ့ စီးပွားဖြစ် စိုက်ပျိုးနိုင်ဖို့ လိုပါတယ်။ အော်ဂဲနစ်နဲ့ စိုက်တာက ဓာတုပစ္စည်း လုံးဝကင်းစင်တယ်။

 

ဒါပေမဲ့ ဓာတုပစ္စည်း အနည်းငယ်ပါတဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းဖြစ်တဲ့ GAP နည်းနဲ့စိုက်တဲ့ စနစ်လောက်နဲ့ ထုတ်လုပ်နိုင်ရင်တောင် စားသုံးသူတွေ အန္တရာယ် ကင်းနေပါပြီ'' ဟု စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောသည်။

 

ပြပွဲတွင် GAP စနစ်ဖြင့် အခြေခံ စိုက်ပျိုးထားသော ငရုတ်ချို၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ ပဲသီးအမျိုးမျိုး၊ ဘူးသီး၊သံပရာ၊ ပြောင်းဖူး၊ ငရုတ်သီးအမျိုးမျိုး၊ ကျောက်ဖရုံ၊ ခရမ်းကစော့သီး၊ သင်္ဘောသီး၊ တခြားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အမျိုးမျိုးအား တစ်လအတွင်း စိုက်ပျိုးထားမှုကို ပြသထားသည်။

 

ထို့ပြင် အော်ဂဲနစ်ကို အခြေခံသော စိုက်ပျိုးနည်း အဆင့်ဆင့်၊ စိုက်ပျိုးမှုမှ ကုန်ချော ထုတ်လုပ်ထားသော ပြကွက်များ၊ အော်ဂဲနစ် မြေသြဇာ အမျိုးမျိုးတို့ကို ပြခန်းများဖြင့် ပြသထားရာ လေ့လာသူ များပြားကြောင်း သိရသည်။

 

ထို့ပြင် ပြပွဲလာတောင်သူများနှင့် ခြံလုပ်ငန်းရှင်များကို မြန်မာ့အော်ဂဲနစ် စံချိန်စံညွှန်း အသိပညာ ပေးခြင်းအဖြစ် စိုက်ပျိုးရေး လုပ်ငန်းများအား အော်ဂဲနစ်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် လုပ်ငန်းစဉ်များကို စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အော်ဂဲနစ် ပညာရှင်များက ရှင်းလင်း ဆွေးနွေး ဟောပြောကြောင်း သိရသည်။

 

ပြပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုမှ စိုက်ပျိုးရေး ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးမှ စိုက်ပျိုးရေး ဝါသနာပါသူများနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများ တက်ရောက်ကြောင်း သိရသည်။

 

Source: myawaddy

Read times
Rate this item
(1 Vote)