Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်သမားများထံမှ ကြိုတင်ဝင်ငွေခွန်ကောက်ခံမည်

လယ်သမားများထံမှ ကြိုတင်ဝင်ငွေခွန်ကောက်ခံမည် google.com

လယ်ယာထွက်သီးနှံများ ရောင်းချမှု ကျပ်ငါးသိန်းနှင့်အ ထက်ဆိုပါက ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို

လယ်သမားများ ထံမှ ဝယ်ယူသည့်ကုန်သည်စက် ပိုင်များက ကောက်ယူရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အ မိန့်ကြေညာစာထုတ်ပြန်သည်။

 

ဆန်၊ ပဲ အပါအဝင် လယ် ယာထွက်ကုန်များ ရောင်းချရာ တွင် အခွန်ကောက်ခံမည်ဖြစ်ပြီး လုပ်ငန်းပမာဏ ကြီးမားသူများ သာ အခွန်ကျသင့်မည်ဖြစ်ကာ အခွန်ကောက်ခံမည့် အစီအစဉ် နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း တို့ ညှိနှိုင်းဆောင်ရွက်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

 

 ‘‘ဝင်ငွေခွန်ရဲ့  သဘော သဘာဝက စည်းကြပ်ရန် ဝင်ငွေ ရှိရင်တော့ ပေးရမယ်’’ဟု ဦးမင်း ထွဋ်က ပြောသည်။

 

 တောင်သူလယ်သမားများ သီးနှံရောင်းချရခြင်းမှ  အခွန် ကောက်ခံမည့် အစီအစဉ်သည် ယခင်က မရှိခဲ့သော်လည်း ကုန် သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းကြောင့် ဝင်ငွေခွန်ကို ကောက်ယူခြင်းဖြစ်သည်ဟု ၎င်း က ရှင်းပြသည်။

 

တောင်သူလယ်သမားများ ထံမှ ကြိုတင်ဝင်ငွေခွန်ကို စက် ပိုင်၊  ကုန်သည်များက  သီးနှံဝယ်ယူပြီး ငွေပေးချေချိန်၌ ဖြတ် တောက်ရမည်ဖြစ်ကြောင်း သိရ သည်။ စက်ပိုင်၊ ကုန်သည်များက လယ်သမားများထံမှကြိုတင်ဝင် ငွေခွန် ဖြတ်ထားရန် ပျက်ကွက်ပါ က အရေးယူခံရမည်ဟု ပြီးခဲ့သည့်ဧပြီ ၁ ရက်က ထုတ်ပြန်သည့် အမိန့်ကြေညာစာ၌ ဖော်ပြထားသည်။

 

ကြိုတင်ဝင်ငွေခွန်ကို စက် ပိုင်များ၊ ကုန်သည်များက လယ် သမား သီးနှံများ စတင်ရောင်းချချိန်တွင် ဖြတ်ယူထားပြီး မြို့နယ် အခွန်ရုံးများသို့ တစ်ဆင့်ပေးဆောင်ရမည်ဖြစ်သည်။ ထို့ ကြောင့် လယ်သမားက သီးနှံလာ ရောက်ရောင်းချချိန်တွင် ဈေးနှုန်း လျှော့ချဖော်ပြခြင်း၊ ဗောက်ချာ စာရင်းလိမ်ခြင်း စသည့်မသမာမှု များလည်း ဖြစ်လာနိုင်သည်ဟု ပုသိမ်မြို့နေ ဆန်စက်ပိုင်ရှင်တစ် ဦးက ပြောသည်။

 

 ကြိုတင်ဝင်ငွေခွန်  ထမ်း ဆောင်မည့် လယ်သမားသည် စိုက်ပျိုးချိန်တွင် အမှန်တကယ် ကုန်ကျသည့် ဓာတ်မြေဩဇာဖိုး သွင်းအားစုပစ္စည်းများဖြစ်သော ပိုးသတ်ဆေး၊ လုပ်အားခတို့ကို ထည့်သွင်းဖော်ပြခြင်းဖြင့် ထမ်း ဆောင်ရသည့်  အခွန်ပမာဏ လျော့နည်းအောင်  ပြုလုပ်နိုင် ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောထားသည်။

 

ကျေးလက်ဒေသရှိ တောင် သူလယ်သမားများသည် အခွန် ဆိုင်ရာ သိရှိနားလည်မှုအားနည်း ချက်များရှိနေခြင်းကြောင့် ဦးစွာ ပညာပေးရှင်းလင်းမှုပြီးမှ စည်း ကြပ်ကောက်ခံသင့်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲ မင်းအောင်က ပြောသည်။

 

တောင်သူလယ်သမားများ သည် နှစ်စဉ် ရာသီဥတုဖောက် ပြန်မှု၊ သီးနှံအထွက်နှုန်း လျော့ နည်းမှုတို့ကြောင့် အကျပ်အတည်းများစွာ ကြုံတွေ့နေရပြီး အကြွေးပတ်လည်ဝိုင်းနေချိန်၌ သီးနှံအပေါ် အခွန်ကောက်ခံမည်ဆိုခြင်းသည် အခက်အခဲများစွာဖြစ်နိုင်ကြောင်း ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောကြားသည်။

 

ယင်းသို့ စာထုတ်ပြန်ထား သော်လည်း လက်ရှိ အချိန်ထိ ကောက်ယူခြင်းမရှိသေးကြောင်း နှင့် မည်သည့်အချိန်တွင် ကောက် ယူမည်ဆိုခြင်းလည်း ပြောကြားခြင်းမရှိပေ။

 

Source: 7 days New

Read times Last modified on Monday, 17 September 2018 14:29
Rate this item
(1 Vote)