Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးကုန်စည်ဒိုင်သို့ နှမ်းအသစ်များ ဝင်ရောက်လျက်ရှိ

ယခုသီတင်းပတ်အတွင်း ပြည်တွင်းရှိ မန္တလေးကုန်စည်ဒိုင်သို့ သပိတ်ကျင်း၊ ကြာညှက်၊ တကောင်းဘက်များက နှမ်းအသစ်များ ဆက်တိုက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

နှမ်းဖြူ (ရိုးရိုး) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်ပတ်က ကျပ် ၂၇၀၀၀ ရှိသော်လည်း ယခုတစ်ပတ်အတွင်း ကျပ် ၂၇၅၀၀၀ မှ ၂၈၅၀၀၀ အထိရှိလာကာ ပြီးခဲ့သည့်လက နှမ်းဖြူရိုးရိုး ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ အထိဈေးမြင့်ရခဲ့ကြောင်း သိရသည်။

 

နှမ်းနက်(စမုံ) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်က ကျပ် ၂၄၅၀၀၀ မှ ၃၀၀၀၀၀ ထိရှိနေပြီး ယခုတစ်ပတ်တွင်မူ ကျပ် ၂၄၀၀၀၀ မှ ၃၀၀၀၀၀ အထိရှိလာကာ ပြီးခဲ့သည့်လက ကျပ် ၂၇၀၀၀၀ မှ ၃၅၀၀၀၀ ထိ ဈေးရရှိထားသည်။

 

မန္တလေးကုန်စည်ဒိုင်သည် နှစ်စဉ်ကထိန်ရာသီတွင် အရောင်းအဝယ် အေးလေ့ရှိသည့်အပြင် လတ်တလောတွင် ပြည်ပတင်ပို့မှု အေးနေခြင်းကြောင့် အရောင်းအဝယ်ပုံမှန်သာရှိနေကြောင်း သိရသည်။

 

Source: MDN

Read times Last modified on Thursday, 03 November 2022 10:08
Rate this item
(0 votes)