Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီးနှံရှစ်မျိုး တရုတ်သို့ တရားဝင်တင်ပို့ခွင့် ရရှိရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံထွက် သီးနှံရှစ်မျိုးကို တရုတ်သို့ တရားဝင်တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါထိန်းချုပ်ရေးဌာန (AQSIQ) ၏ အသိအမှတ်ပြုလက်မှတ်ရယူရန်

ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။

 

 တရားဝင်တင်ပို့မည့် သီးနှံရှစ်မျိုးမှာ ထောပတ်၊ ကျွဲကော၊ ငှက်ပျော၊ ဝဥ၊ ဖာလာ၊ နာနတ်သီး၊ ဒူးရင်းသီး နှင့် ရှောက်မျိုးနွယ်ဝင်တို့ ဖြစ်သည်။

 

လက်ရှိမြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါထိန်းချုပ်ရေးဌာန၏ ထောက်ခံချက်ရယူထားသည့် သီးနှံရှစ်မျိုးမှာ ဖရဲ၊ သခွား၊ သရက်၊ ဆီးသီး၊ မင်းကွတ်၊ ကြက်မောက်၊ လိုက်ချီး၊ တောကြက်မောက်သီးတို့ဖြစ်သည်။ ၎င်းတို့အနက် ဖရဲ၊ သခွား၊ သရက်နှင့် ဆီးသီးတို့ကိုသာ တင်ပို့နိုင်သေးကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း အလုပ်အမှု ဆောင် ဦးတင်အောင်က ပြောသည်။

 

(AQSIQ)  ၏ အသိအမှတ်ပြုလက်မှတ်ရရှိနိုင်ရန် တင်ပြထားသည့် သီးနှံများတွင် ကျရောက်တတ်သည့် ပိုးမွှားများ၊စိုက်ခင်းအတွင်း သုံးသည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ၊ ကူးစက်ပျံ့နှံ့တတ်သည့် ပိုးမွှားများ ပါဝင်မှု ရှိမရှိကို တရုတ်နိုင်ငံ တာဝန်ရှိသူများက လာရောက်စစ်ဆေး မည်ဖြစ်ပြီး သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှုရှိပါက အသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်သည်။

 

 "အတည်ပြုချက်ရယူဖို့ အစိုးရချင်း ချိတ်ဆက်ဆောင် ရွက်ရမှာဖြစ်ပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အသင်းက တင်ပြထားပါတယ်။ တရုတ်ဘက်ကတော့ အကြောင်းမပြန်သေးပါဘူး။ မြန်မာဘက်က တာဝန်ရှိသူတွေကတော့ သီးနှံစိုက်ပျိုးရာဒေသတွေမှာ ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ဖုန်းဆက်မေးတာတော့ရှိတယ်။ ဒါပေမဲ့ တရားဝင်စာနဲ့ပို့ပြီး အကြောင်းကြားတာမျိုး မရှိသေးပါဘူး"ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။

 

တရုတ်နိုင်ငံ၏ ကုန်သွယ်ပေါက် ၂၂ ပေါက်သို့ ယင်းအသိအမှတ်ပြုလက်မှတ်ရရှိသည့် သီးနှံများကို တရားဝင် လွတ်လပ်စွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး လက်မှတ်မရရှိသည့် သီးနှံများကို တရားမဝင် တင်သွင်းရောင်းချ နေရသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Read More >>>>>>   အပူချိန်မြှင့်တက်မှုကြောင့် ဒူးရင်းသီးစားသုံးသူများအတွက် သတိပြုရန်သတိပေးထား

 

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် (AQSIQ)  ၏ အသိအမှတ်ပြုလက်မှတ်ရရှိထား သည့် သီးနှံများမှလွဲ၍ ကျန်ကုန်စည်အများစုမှာ နယ်စပ် လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရသဖြင့် ဈေးကွက် အနိုင်ကျင့်ခံရမှုများ၊ ဆုံးရှုံးမှုများ မကြာခဏဖြစ်ပေါ်နေ သည်။ ထို့ကြောင့်  (AQSIQ)  ၏ အသိအမှတ်ပြုလက်မှတ် အမြန်ဆုံးရရှိရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးရန် ပြီးခဲ့သည့် မတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ ပုံမှန်တွေ့ဆုံပွဲတွင်  ကုန်သည်စက်မှုအသင်းချုပ်၊ နယ်စပ်ဒေသ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက တင်ပြခဲ့သည်။

 

လက်မှတ်ရရှိရန် တရုတ်နိုင်ငံအစိုးရထံသို့ စာပို့ထားပြီးလာရောက်စစ်ဆေးမှုများလုပ်လျှင် သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 

Source: Myanmar Time

Read times Last modified on Thursday, 25 April 2019 13:05
Rate this item
(1 Vote)