Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမေရိကန် ထောပတ်သီးမျိုးကိုင်းနှစ်သောင်း နိုဝင်ဘာတွင် ရောက်ရှိမည်

ကမ္ဘာ့ဈေးကွက်တွင် နာ မည်ရရှိပြီးဖြစ်ကာ လူကြိုက်များ သည့် အမေရိကန်နိုင်ငံ ကယ်လီ ဖိုးနီးယားပြည်နယ်မှ ထောပတ် သီးမျိုးကိုင်း နှစ်သောင်းပြည်တွင်း သို့ ယခုနှစ် နိုဝင်ဘာတွင်

ရောက် ရှိမည်ဟု ရှမ်းပြည်နယ် ထောပတ် သီးအသင်းဥက္ကဋ္ဌ ဦးခွန်ထွန်းထွန်း ၀င်းက ပြောသည်။

 

 

ကယ်လီဖိုးနီးယား ထော ပတ်သီးကိုင်းများ ပြည်တွင်းသို့ ရောက်ရှိပါက မျိုးများပြန်လည် ပြန့်ပွားရန် မြို့နယ်အသီးသီးရှိ ထောပတ်သီးအသင်းဝင်များထံ ခွဲတမ်းဖြင့်ပို့ဆောင်မည်ဟု ဆို သည်။

 

 

‘‘မြို့နယ်အလိုက် ခွဲတမ်းနဲ့ ရမှာပါ။ ရရှိတဲ့အသင်းဝင်တောင် သူတွေက မျိုးပွားပြီး ထပ်ဖြန့်ရမှာပါ။ မြို့နယ်အလိုက်ခွဲတမ်း ဘယ်လောက်စီ ပို့ပေးမလဲက တော့ အစည်းအဝေးထိုင်ရဦးမှာ ပါ’’ ဟု ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။

 

 

 အောက်တိုဘာအတွင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြုလုပ်မည့် ပြပွဲသို့ မြန်မာနိုင်ငံ ထောပတ်သီးအသင်း သွားရောက် ပြသမည်ဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ထောပတ်သီးခြံများ ထုပ်ပိုးမှုစနစ်နှင့် ထိန်းသိမ်းထားရှိပုံ စနစ်များ လေ့လာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

 

‘‘ကယ်လီဖိုးနီးယား ထော ပတ်သီးမျိုးက ကမ္ဘာ့မှာဈေးကွက် ရပြီးသား၊ လူကြိုက်များပါတယ်။ သူကကိုင်းဆက်ပြီး စိုက်ရင်သုံး နှစ်လောက်နဲ့ အသီးသီးတယ်။ အသီးအရွယ်အစားကလည်း ညီ တယ်’’ ဟု အသင်းအတွင်းရေးမှူး ဦးလင်းသန့်အောင်က ဆိုသည်။

 

 

မြန်မာနိုင်ငံတွင် မျိုးစေ့ချ စိုက်ပျိုးထားသည့် ထောပတ်သီး ပင် အများစုသည် အသီးမညီခြင်း၊ အမှည့်မညီခြင်း၊ အဆီပါဝင်မှု မတည်ငြိမ်ခြင်းကြောင့် ဈေး ကွက်ရရှိမှု အားနည်းနေပြီး ဈေး ကောင်းရရှိမှု နည်းပါးကြောင်း ၎င်းကဆိုသည်။

 

 

နိုင်ငံအများစုသည့် ကယ်လီ ဖိုးနီးယား ထောပတ်သီးများကို ၀ယ်ယူရန် အသင့်ရှိနေပြီး ၂၀၁၈ မတ်လအတွင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ထောပတ်သီးဘုတ် အဖွဲ့နှင့် အဆက်အသွယ်ရရှိခဲ့ကြောင်း ဦးလင်းသန့်အောင်က ပြောကြားထားသည်။

 

 

 မြန်မာနိုင်ငံတွင် စိုက်ပျိုး ထားသည့် ထောပတ်သီးမျိုးကွဲ တစ်ထောင်ကျော်ရှိပြီး ထောပတ်သီးများကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် အများဆုံးစိုက်ပျိုးကာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တွင်လည်း စိုက်ပျိုးသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 10:01
Rate this item
(0 votes)