Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကုန်သည် အဝယ်များတဲ့ဒေသ စပါးဈေးကောင်းရရှိ

လက်ရှိ ပြည်တွင်း စပါးဈေးကွက်က ဈေးငြိမ်နေပေမဲ့ တရုတ်ကုန်သည်တွေ အများအပြားလိုက်ဝယ်နေတဲ့

ဒေသတွေမှာတော့ စပါးဈေးကောင်းနေတယ်လို့ သိရပါတယ်။

 

တရုတ်ကုန်သည်တွေ အများအပြား လိုက်ဝယ်နေတဲ့ ဒေသတွေကတော့ မန္တလေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ် ဘက်တွေမှာ ဖြစ်ပါတယ်။

 

တရုတ်ကုန်သည်တွေအနေနဲ့ စပါးတွေကို ပြည်တွင်းကုန်သည်တွေကနေတစ်ဆင့် ဝယ်ယူပြီး တ ရုတ်နိုင်ငံဘက်ကို တင်ပို့နေတာဖြစ်တယ်လို့လည်း ဒေသခံတောင်သူတွေက ပြောပြပါတယ်။

 

အစောပိုင်းတုန်းက စပါးတစ်တင်းမှ ကျပ် ၆၂၀ဝ ပဲရှိ တယ်လို့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်က တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရပါတယ်။

 

အခုလို မန္တလေးတိုင်းနဲ့ ကယားပြည်နယ်ဘက်တွေမှာ အများဆုံးဝယ်ယူနေတာက ကုန်သည်တွေအနေနဲ့ သယ်ယူတဲ့ စရိတ်စက သက်သာအောင် ဖြစ်တယ်လို့ လည်း ဒေသခံတောင်သူတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။


အခုဆိုရင် မန္တလေးတိုင်းဒေသကြီးမှာ မနောသုခစပါးတစ်တင်းကို ကျပ် ၆၅၀ဝ အထိ ရှိနေပြီဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေက စပါးအရောင်းအဝယ်မရှိခဲ့တဲ့ ကယားပြည်နယ်မှာဆိုရင်လည်း အခုဆို တစ်တင်းကို ကျပ် ၄၅၀ဝ နဲ့ အရောင်းအဝယ်ဖြစ်နေ ကြပါတယ်။

 

ကျန်တဲ့ဒေသတွေမှာတော့ လက်ရှိစပါးတစ်တင်းကို ကျပ် ၅၅၀ဝ ဝန်း ကျင်သာ ရှိကြတယ်လို့ သိရပါတယ်။

 

နေပြည်တော်မှာ ကျပ် ၅၅၀ဝနဲ့ ငြိမ်နေတာကြာပြီ၊ တက်လဲမတက်ဘူး၊ ကျလဲမကျဘူး၊ စပါးပေါ်ခါစကတော့ လာဝယ်ကြတဲ့ ပွဲစားတွေများတယ်၊ အခုတော့ နည်းနည်းပါးတယ်၊ ဒါပေမဲ့ လှောင်ကြတဲ့သူတွေ လောက်ပဲ ရှိကြတော့တာ လို့ နေပြည်တော်က ဆန်စပါးအရောင်းအဝယ်ပြုလုပ်သူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဒီနှစ် မိုးစပါးဈေးကွက်က ပြည်ပဆန်တင်ပို့မှု တိုးတာအပြင် တရုတ်ကုန်သည်တွေရဲ့ စပါးအတိုင်းဝယ်ယူမှုတွေ ရှိခဲ့တာကြောင့် ဈေးကောင်းတွေ ရရှိခဲ့ကြပြီး ဒီလထဲမှ ဈေးတွေ ပြန်တည်ငြိမ်နေကြောင်း သိရပါတယ်။

 

Source: Kumudra

Read times Last modified on Tuesday, 18 September 2018 15:50
Rate this item
(1 Vote)