Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နေလှန်းဆား လုပ်ငန်းများ စတင်လုပ်ကိုင်ရန် ဆားကွင်းများကို ပြန်လည် ပြုပြင်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့   မဲခရဲဆားတိုက်နယ်အတွင်း  နေလှန်းဆား လုပ်ငန်းများ  ပြန်လည်စတင် လုပ်ကိုင်ရန်အတွက်   ဆားကွင်းများ ကွင်းဖော်ခြင်း၊ မြက်သတ်ခြင်း၊ စည်းလှိမ့်ခြင်းများ စသည့်    ဆားကွင်းပြင် ဆင်ခြင်း လုပ်ငန်းများကို    အောက်တိုဘာလမှ စတင်လုပ်ကိုင်လျက် ရှိကြောင်း သိရပါတယ်။

 

နေလှန်းဆားလုပ်ငန်းကို အောက်တိုဘာလမှ ဒီဇင်ဘာလထိ ကွင်းပြင်ဆင်ခြင်း လုပ်ငန်းများ လုပ်ကိုင်ကြပြီး ကွင်းများ ပြင်ဆင်ပြီးပါက  ချောင်းမှ တိုက်ရိုက်ရေတင်ကာ  နေလှန်းပြီး   ဆားဖြစ်ရန်အတွက် တစ်လခန့်ကြာကြောင်း၊ အရည်အသွေးမီ လက်ကျန် ဆားရည်များ လှောင်ကန်အတွင်း အဆင်သင့်ရှိပါက ၁၅ ရက်အတွင်း လျင်မြန်စွာ ဆားထွက်နိုင်ကြောင်း သိရပါတယ်။

 

မဲခရဲဆားတိုက်နယ်မှ နေလှန်းဆား လုပ်ငန်းများကို အောက်တိုဘာမှ မေလအထိ လုပ်ကိုင်ကြပြီး အဆိုပါ ဆားတိုက်နယ်တွင်   ယခင်က ဆားလုပ်ကွက်ဧက   ၃ဝဝဝ ကျော်အား တောင်သူ ၁၁၃   ဦးရှိသော်လည်း ထုတ်လုပ်မှုစရိတ် မြင့်မားလာသောကြောင့် ယခုအခါ ဆားကွင်းဧက ၂ဝဝဝ ကျော်၊ ဆားချက်တောင်သူ ဦးရေ ၆ဝ ကျော်သာ   ဆက်လက် လုပ်ကိုင်လျက်ရှိပါတယ်။

 

ဆားအထွက်နှုန်းမှာ    တစ်ဧကလျှင် ဆားပိဿာ ၆ဝဝဝ ကျော်ထွက်ရှိပြီး   ရာသီဥတု ကောင်းမွန်ပါက ဆားပိုမို ထွက်ရှိနိုင်ကြောင်း၊   ဆားကြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၂၄ဝ ရှိပြီး မဲခရဲဆားတိုက်နယ်မှ ဆားတစ် ရာသီလျှင်  ဆားပိဿာချိန် သိန်း ၁၅ဝ ကျော် ထွက်ရှိကြောင်း ဆားချက်တောင်သူ တစ်ဦးထံမှ သိရပါတယ်။

 

Source: Myawady

 

 

Read times
Rate this item
(1 Vote)