Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမေရိကန် New Belgium Brewing ကို အာရှဘီယာလုပ်ငန်းမှဝယ်ယူ

Unicode

 

အမေရိကန် New Belgium Brewing ကို အာရှဘီယာလုပ်ငန်းမှဝယ်ယူ


အမေရိကန်နိုင်ငံမှ ဘီယာလုပ်ငန်းဖြစ်တဲ့ New Belgium Brewing ကို အာရှမှ ဘီယာလုပ်ငန်း  Lion Little World Beverages က ဝယ်ယူလိုက်တယ်။

 

Lion ရဲ့ မိခင်ကုမ္ပဏီက ဂျပန်မှ ဘီယာ မဟာလုပ်ငန်းကြီး Kirin ဖြစ်နေတာမို့ ဝေဖန်သံတွေ ထွက်ပေါ်လာတယ်။  အဲဒီ ဝေဖန်တိုက်ခိုက်တဲ့ အသံတွေဟာ မြန်မာနိုင်ငံကို ICJ မှာ ကြားနာချိန်နဲ့ ချိန်ကိုက်ထွက်ပေါ်ခဲ့တာ တွေ့ရပါတယ်။

 

New Belgium Brewing ဟာ စက်အားသုံး ထုတ်လုပ်ခြင်း မဟုတ်ဘဲ လူအားသုံးစွဲတဲ့ လက်ဖြစ်ဘီယာ craft ဘီယာ အမျိုးအစား ဖြစ်တယ်။ အမေရိကန်ပြည်တွင်း ဈေးကွက် လက်ဖြစ်ဘီယာမှာ စတုတ္ထအကြီးဆုံး လုပ်ငန်း ဖြစ်တယ်။ အဲဒါကြောင့် ယခုဝယ်ယူ သိမ်းပိုက်မှုဟာ craft ဘီယာ ဈေးကွက် ကြီးစိုးရေးအတွက် အစပြုလိုက်တာလည်း ဖြစ်ပါတယ်။

 

New Belgium Brewing ဟာ ရာနှုန်းပြည့် အလုပ်သမားပိုင် ဘီယာလုပ်ငန်း ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ New Belgium Brewing ဟာ လုပ်ငန်းကြီးထီးရိပ်အောက်မှာ မရှိဘဲ သီးခြားရပ်တည်တဲ့ လက်ဖြစ်ဘီယာ လုပ်ငန်းဖြစ်ပြီး သူ့ရဲ့ ထုတ်ကုန်ဘီယာ Fat Tire Amber Ale ဟာ လူသိများပြီး လူကြိုက်လည်း များပါတယ်။

 

၂၁၀၃ ခုနှစ်မှာ ရာနှုန်းပြည့် ဝန်ထမ်းပိုင် ဖြစ်လာခဲ့ပါတယ်။ အခုလို အပြီးအပိုင် ရောင်းချတာကြောင့် ဝန်ထမ်းပိုင် လုပ်ငန်း အဖြစ်မှ အဆုံးသတ်မှာ ဖြစ်ပါတယ်။

 

တစ်ဖက်မှာ ကြည့်ရင်တော့ ယခုလို လုပ်ငန်းကြီးတစ်ခုရဲ့ ထီးရိပ်အောက်ကို ရောက်တဲ့အတွက် ရောင်းအားတက်ဖို့ အလားအလာကောင်းနေပြီး လုပ်ငန်းပိုင်ရှင် အလုပ်သမားများအနေဖြင့် အမြတ်ဝေစု ပိုကောင်းမှာ ဖြစ်တဲ့အပြင် လုပ်ငန်းကြီးတွေအကြား ကြားညှပ်ပြီး လုပ်ငန်းပြုတ်မယ့်အရေးမှလည်း ရင်အေးရစေပါတယ်။

 

တကယ်လို့ လက်ပြောင်းလက်လွှဲကြောင့် အလုပ်ထွက်ရင်လည်း အငြိမ်းစားခံစားခွင့်အနေဖြင့် ဒေါ်လာ တစ်သိန်းကျော် ရရှိမှာ ဖြစ်ပါတယ်။

 

Read More >>>>>  ဘန္ေကာက္အေျခစိုက္ Makro ကုမၸဏီ၏ ပထမဦးဆုံး႐ုံးခဲြကို ရန္ကုန္ၿမဳိ ႔တြင္ ဖြင့္လွစ္မည္

 

အခုလို ကောင်းခြင်းလက္ခဏာတွေ ရှိနေပေမဲ့  Lion က New Belgium Brewing ကို ဝယ်ယူလိုက်တာကြောင့် Lion ရဲ့ မိခင်ကုမ္ပဏီ Kirin လက်အောက်ကို New Belgium Brewing အလိုလိုရောက်ရှိသွားတာဖြစ်ပြီး Kirin မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဝေဖန်တိုက်ခိုက် ပြောဆိုစရာ အကြောင်းအချက် ရှိနေတယ်။

 

အဲဒီ အကြောင်းအချက်ကတော့ Kirin က Myanmar Brewery မှာ ၅၅% ပိုင်ဆိုင်ထားပြီး Mandalay Brewing ၅၁% ပိုင်ဆိုင်ထားပါတယ်။ အဲဒီနှစ်ခုမှာ ပူးတွဲပိုင်ဆိုင်မှု ပြုထားတာကြောင့် မြန်မာနိုင်ငံ ဘီယာဈေးကွက်မှာ ဝေစု ၈၀% ဝန်းကျင်ဖြင့် ဝေစုအများဆုံး ထိန်းချုပ်ထားနိုင်စေပါတယ်။

 

Myanmar Brewing ရဲ့ ကျန်ရှိတဲ့ ၄၅% ကို တပ်မတော်မှ လုပ်ကိုင်နေတဲ့ Union of Myanmar Economic Holdings (UMEHL) က ပိုင်ဆိုင်ပါတယ်။ အဲဒီအချက်ကို ထောက်ပြပြီး ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်တာ ဖြစ်ပါတယ်။  

 

အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်ရှိ ဖေါ့ကောလင်းမြို့မှာ တည်ရှိတဲ့ ဘီယာချက်လုပ်ငန်း New Belgium Brewing ဟာ ပြည်နယ်တွင်း ဈေးကွက်မှာ အခိုင်အမာ ရပ်တည်နေနိုင်တာဖြစ်ပေမဲ့ ဘီယာချက် စက်ရုံအသစ်တစ်ခုကို ချဲ့ထွင်လုပ်ကိုင်ခဲ့ပြီးချိန်မှာ မနိုင်မနင်းဖြစ်သွားခဲ့ပြီး မျက်ဖြူဆိုက်သွားခဲ့ပါတယ်။

 

၁၈ လအတွင်း လုပ်ငန်းကို မရောင်းချရင် လုပ်ငန်း ပိတ်သိမ်းရမယ့် အခြေအနေကနေ ရုန်းထွက်ဖို့ မဖြစ်နိုင်တော့တာကြောင့် အခုလို Lion ကို ရောင်းချရတာ ဖြစ်ပါတယ်။

 

Ref: fortune.com

#Myanmar Food Industry Directory

 

 

 

အေမရိကန္ New Belgium Brewing ကို အာရွဘီယာလုပ္ငန္းမွဝယ္ယူ

 

အေမရိကန္ႏိုင္ငံမွ ဘီယာလုပ္ငန္းျဖစ္တဲ့ New Belgium Brewing ကို အာရွမွ ဘီယာလုပ္ငန္း  Lion Little World Beverages က ၀ယ္ယူလိုက္တယ္။

 

Lion ရဲ႕ မိခင္ကုမၸဏီက ဂ်ပန္မွ ဘီယာ မဟာလုပ္ငန္းႀကီး Kirin ျဖစ္ေနတာမို႔ ေ၀ဖန္သံေတြ ထြက္ေပၚလာတယ္။  အဲဒီ ေ၀ဖန္တိုက္ခိုက္တဲ့ အသံေတြဟာ ျမန္မာႏိုင္ငံကို ICJ မွာ ၾကားနာခ်ိန္နဲ႔ ခ်ိန္ကိုက္ထြက္ေပၚခဲ့တာ ေတြ႕ရပါတယ္။

 

New Belgium Brewing ဟာ စက္အားသုံး ထုတ္လုပ္ျခင္း မဟုတ္ဘဲ လူအားသုံးစြဲတဲ့ လက္ျဖစ္ဘီယာ craft ဘီယာ အမ်ဳိးအစား ျဖစ္တယ္။ အေမရိကန္ျပည္တြင္း ေဈးကြက္ လက္ျဖစ္ဘီယာမွာ စတုတၳအႀကီးဆုံး လုပ္ငန္း ျဖစ္တယ္။ အဲဒါေၾကာင့္ ယခု၀ယ္ယူ သိမ္းပိုက္မႈဟာ craft ဘီယာ ေဈးကြက္ ႀကီးစိုးေရးအတြက္ အစျပဳလိုက္တာလည္း ျဖစ္ပါတယ္။

 

New Belgium Brewing ဟာ ရာႏႈန္းျပည့္ အလုပ္သမားပိုင္ ဘီယာလုပ္ငန္း ျဖစ္ပါတယ္။ ၁၉၉၁ ခုႏွစ္မွာ ထူေထာင္ခဲ့တဲ့ New Belgium Brewing ဟာ လုပ္ငန္းႀကီးထီးရိပ္ေအာက္မွာ မရွိဘဲ သီးျခားရပ္တည္တဲ့ လက္ျဖစ္ဘီယာ လုပ္ငန္းျဖစ္ၿပီး သူ႔ရဲ႕ ထုတ္ကုန္ဘီယာ Fat Tire Amber Ale ဟာ လူသိမ်ားၿပီး လူႀကိဳက္လည္း မ်ားပါတယ္။

 

၂၁၀၃ ခုႏွစ္မွာ ရာႏႈန္းျပည့္ ၀န္ထမ္းပိုင္ ျဖစ္လာခဲ့ပါတယ္။ အခုလို အၿပီးအပိုင္ ေရာင္းခ်တာေၾကာင့္ ၀န္ထမ္းပိုင္ လုပ္ငန္း အျဖစ္မွ အဆုံးသတ္မွာ ျဖစ္ပါတယ္။ 

 

တစ္ဖက္မွာ ၾကည့္ရင္ေတာ့ ယခုလို လုပ္ငန္းႀကီးတစ္ခုရဲ႕ ထီးရိပ္ေအာက္ကို ေရာက္တဲ့အတြက္ ေရာင္းအားတက္ဖို႔ အလားအလာေကာင္းေနၿပီး လုပ္ငန္းပိုင္ရွင္ အလုပ္သမားမ်ားအေနျဖင့္ အျမတ္ေ၀စု ပိုေကာင္းမွာ ျဖစ္တဲ့အျပင္ လုပ္ငန္းႀကီးေတြအၾကား ၾကားညႇပ္ၿပီး လုပ္ငန္းျပဳတ္မယ့္အေရးမွလည္း ရင္ေအးရေစပါတယ္။

 

တကယ္လို႔ လက္ေျပာင္းလက္လႊဲေၾကာင့္ အလုပ္ထြက္ရင္လည္း အၿငိမ္းစားခံစားခြင့္အေနျဖင့္ ေဒၚလာ တစ္သိန္းေက်ာ္ ရရွိမွာ ျဖစ္ပါတယ္။

 

Read More >>>>>  ဘန္ေကာက္အေျခစိုက္ Makro ကုမၸဏီ၏ ပထမဦးဆုံး႐ုံးခဲြကို ရန္ကုန္ၿမဳိ ႔တြင္ ဖြင့္လွစ္မည္

 

အခုလို ေကာင္းျခင္းလကၡဏာေတြ ရွိေနေပမဲ့  Lion က New Belgium Brewing ကို ၀ယ္ယူလိုက္တာေၾကာင့္ Lion ရဲ႕ မိခင္ကုမၸဏီ Kirin လက္ေအာက္ကို New Belgium Brewing အလိုလိုေရာက္ရွိသြားတာျဖစ္ၿပီး Kirin မွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ေ၀ဖန္တိုက္ခိုက္ ေျပာဆိုစရာ အေၾကာင္းအခ်က္ ရွိေနတယ္။

 

အဲဒီ အေၾကာင္းအခ်က္ကေတာ့ Kirin က Myanmar Brewery မွာ ၅၅% ပိုင္ဆိုင္ထားၿပီး Mandalay Brewing ၅၁% ပိုင္ဆိုင္ထားပါတယ္။ အဲဒီႏွစ္ခုမွာ ပူးတြဲပိုင္ဆိုင္မႈ ျပဳထားတာေၾကာင့္ ျမန္မာႏိုင္ငံ ဘီယာေဈးကြက္မွာ ေ၀စု ၈၀% ၀န္းက်င္ျဖင့္ ေ၀စုအမ်ားဆုံး ထိန္းခ်ဳပ္ထားႏိုင္ေစပါတယ္။

 

Myanmar Brewing ရဲ႕ က်န္ရွိတဲ့ ၄၅% ကို တပ္မေတာ္မွ လုပ္ကိုင္ေနတဲ့ Union of Myanmar Economic Holdings (UMEHL) က ပိုင္ဆိုင္ပါတယ္။ အဲဒီအခ်က္ကို ေထာက္ျပၿပီး ျပစ္တင္ေ၀ဖန္မႈမ်ား ထြက္ေပၚတာ ျဖစ္ပါတယ္။  

 

အေမရိကန္ျပည္ေထာင္စု ကိုလိုရာဒိုျပည္နယ္ရွိ ေဖါ့ေကာလင္းၿမိဳ႕မွာ တည္ရွိတဲ့ ဘီယာခ်က္လုပ္ငန္း New Belgium Brewing ဟာ ျပည္နယ္တြင္း ေဈးကြက္မွာ အခိုင္အမာ ရပ္တည္ေနႏိုင္တာျဖစ္ေပမဲ့ ဘီယာခ်က္ စက္႐ုံအသစ္တစ္ခုကို ခ်ဲ႕ထြင္လုပ္ကိုင္ခဲ့ၿပီးခ်ိန္မွာ မႏိုင္မနင္းျဖစ္သြားခဲ့ၿပီး မ်က္ျဖဴဆိုက္သြားခဲ့ပါတယ္။

 

၁၈ လအတြင္း လုပ္ငန္းကို မေရာင္းခ်ရင္ လုပ္ငန္း ပိတ္သိမ္းရမယ့္ အေျခအေနကေန ႐ုန္းထြက္ဖို႔ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ အခုလို Lion ကို ေရာင္းခ်ရတာ ျဖစ္ပါတယ္။

 

Ref: fortune.com

#Myanmar Food Industry Directory

 

Read times Last modified on Monday, 03 February 2020 14:46
Rate this item
(0 votes)