Food & Livestock
ကမ္ဘောဒီးယားမှ ငါးဖမ်းလုပ်ငန်းများ တိုးတက်စေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ချေးငွေပေးအပ်မည်
ကမ္ဘောဒီးယားမှ ငါးဖမ်းလုပ်ငန်းများ တိုးတက်စေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ချေးငွေပေးအပ်မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကမ္ဘောဒီးယားနိုင်ငံ၏ ကမ်းရိုးတန်းငါးဖမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ချေးငွေအမေရိကန်ဒေါ်လာ ၇၃ သန်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကမ္ဘောဒီးယားနိုင်ငံအား ပေးအပ်သည့်ချေးငွေသည် အာရှဖွံ့ဖြိုးရေးဘဏ်၏ သမုဒ္ဒရာများကြံ့ခိုင်ရေးနှင့် စဉ်ဆက်မပြတ်စီးပွားရေးလုပ်ငန်းများရှင်သန်ရေးဆိုင်ရာ အရေးကြီးသည့် လုပ်ငန်းအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူ အယ်ဗင်လိုပက်ဇ်က ပြောကြားသည်။
ယခုကဲ့သို့ အာရှဖွံ့ဖြိုးရေးဘဏ်က ချေးငွေပေးအပ်လိုက်ခြင်းဖြင့် ကမ္ဘောဒီးယားအစိုးရသည် ငါးဖမ်းလုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် လုပ်ငန်းဆိုင်ရာ သဘာဝသယံဇာတများကို ထိန်းသိမ်းစီမံခန့်ခွဲရာတွင် အထောက်အကူ ရ ရှိစေကြောင်း ၎င်းကပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ငါးလုပ်ငန်းသည် နိုင်ငံစီးပွားရေး၏ အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ အာရှဖွံ့ဖြိုးရေဘဏ်၏ ချေးငွေပေးအပ်မှုအရ ကမ္ဘောဒီးယားနိုင်ငံ၏ ကမ်းရိုးတန်းပြည်နယ်များတွင် ရာသီဥတုပြောင်းလဲမှုများကို ထိထိရောက်ရောက် လျှော့ချနိုင်မည် အစီအမံများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ငါးဖမ်းဆီးမှုများတိုးတက်၍ စားနပ်ရိက္ခာဖူလုံလာမည်ဖြစ်ကြောင်း သိရသည်။
Source: The Mirror
The Myanmar Restaurant Guide



