Food & Livestock
ကညွတ်အထွက်နှုန်း ထက်ဝက်ကျော်လျော့ကျ ဈေးနှုန်းအနည်းငယ်မြင့်တက်
Unicode
ကညွတ်အထွက်နှုန်း ထက်ဝက်ကျော်လျော့ကျ ဈေးနှုန်းအနည်းငယ်မြင့်တက်
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ကညွတ်အထွက်နှုန်း ထက်ဝက်ကျော်လျော့ကျသော်လည်း ဈေးနှုန်းအနည်းငယ်သာ မြင့်တက်ကြောင်း မြင်းခြံ မြို့နယ်ရှိ ရွှေဖြူနှင့် ညီအစ်ကိုများ ကညွတ်လက်လီ လက်ကားအရောင်းဆိုင်မှ ဦးကျော်စိန်ထူး၏ ပြောကြားချက်အရ သိရသည်။
ယခင်က ဈေးကွက်ထဲသို့ တစ်ရက်လျှင် ကညွတ်ပိဿာချိန် နှစ်ထောင်ကျော် ဝင်ရောက်သော်လည်း လတ်တလောတွင် ပိဿာချိန်တစ်ထောင်ဝန်းကျင်သာ ဝင်ရောက်သည်။
Read More >>>>> ခ်ဥ္ေပါင္မ်ဳိးေစ့မ်ား ေစ်းေကာင္းေသာေၾကာင့္ စီးပြားျဖစ္ စုိက္ပ်ဳိးသူမ်ားလာ
"ဈေးကတော့ နည်းနည်းပဲတက်သေးတယ်။ ကုန်ကမထွက်သေးဘူး။ တောင်သာတစ်ဝိုက်ကထွက်တာကိုတော့ လက်ရှိ ပြည်တွင်းကိုပဲ ဖြန့်ချိနေပါတယ် " ဟု ဦးကျော်စိန်ထူးကပြောသည်။
တောင်သာမြို့နယ်မှ ထွက်ရှိသည့် ကညွတ်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပုဂံ-ညောင်ဦး စသည့်မြို့တို့သို့ တင်ပို့လျက်ရှိသည်။
ထို့ပြင် ကညွတ်ကို နေပြည်တော်၊ အရာတော်နှင့် နွားထိုးကြီး စသည့်မြို့နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Source: Myawaddy
ကညြတ္အထြက္ႏႈန္း ထက္ဝက္ေက်ာ္ေလ်ာ့က် ေစ်းႏႈန္းအနည္းငယ္ျမင့္တက္
မႏၱေလးတိုင္းေဒသႀကီး ေတာင္သာၿမိဳ ႔နယ္တြင္ ကညြတ္အထြက္ႏႈႏ္း ထက္ဝက္ေက်ာ္ေလ်ာ့က်ေသာ္လည္း ေစ်းႏႈန္းအနည္းငယ္သာ ျမင့္တက္ေၾကာင္း ျမင္းၿခံ ၿမိဳ ႔နယ္ရွိ ေရႊျဖဴႏွင့္ ညီအစ္ကိုမ်ား ကညြတ္လက္လီ လက္ကားအေရာင္းဆိုင္မွ ဦးေက်ာ္စိန္ထူး၏ ေျပာၾကားခ်က္အရ သိရသည္။
ယခင္က ေစ်းကြက္ထဲသို႕ တစ္ရက္လွ်င္ ကညြတ္ပိႆာခ်ိန္ ႏွစ္ေထာင္ေက်ာ္ ဝင္ေရာက္ေသာ္လည္း လတ္တေလာတြင္ ပိႆာခ်ိန္တစ္ေထာင္ဝန္းက်င္သာ ဝင္ေရာက္သည္။
Read More >>>>> ခ်ဥ္ေပါင္မ်ဳိးေစ့မ်ား ေစ်းေကာင္းေသာေၾကာင့္ စီးပြားျဖစ္ စုိက္ပ်ဳိးသူမ်ားလာ
"ေစ်းကေတာ့ နည္းနည္းပဲတက္ေသးတယ္။ ကုန္ကမထြက္ေသးဘူး။ ေတာင္သာတစ္ဝိုက္ကထြက္တာကိုေတာ့ လက္ရွိ ျပည္တြင္းကိုပဲ ျဖန္႕ခ်ိေနပါတယ္ " ဟု ဦးေက်ာ္စိန္ထူးကေျပာသည္။
ေတာင္သာၿမိဳ ႔နယ္မွ ထြက္ရွိသည့္ ကညြတ္မ်ားကို ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၱေလးႏွင့္ ပုဂံ-ေညာင္ဦး စသည့္ၿမိဳ ႔တို႕သုိ႕ တင္ပိဳ႕လ်က္ရွိသည္။
ထုိ႕ျပင္ ကညြတ္ကို ေနျပည္ေတာ္၊ အရာေတာ္ႏွင့္ ႏြားထိုးႀကီး စသည့္ၿမိဳ ႔နယ္တို႕တြင္လည္း စိုက္ပ်ဳိးလ်က္ရွိေၾကာင္း သိရသည္။
Source: Myawaddy



