Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးပုစွန်များတွင် ဖော်မလင်ပါဝင်မှု မရှိစေရေး စစ်ဆေးမည်

Unicode

ငါးပုစွန်များတွင် ဖော်မလင်ပါဝင်မှု မရှိစေရေး စစ်ဆေးမည်


ပြည်ပမှ   တင်သွင်းလာသည့်   ငါးပုစွန်များတွင် ဖော်မလင်ပါဝင်မှုမရှိစေရေး စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးများ၌လည်း ငါးလုပ်ငန်းဦးစီးဌာန အပါအဝင်   ဆက်စပ်အဖွဲ့အစည်းများ    ပူးပေါင်း၍   စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး  ငါးလုပ်ငန်းဦးစီး ဌာန  ဒုတိယတိုင်းဦးစီးမှူး   ဦးလှဌေး၏ပြောဆိုချက်အရ သိရပါတယ်။

 

''ထိုင်းနိုင်ငံကနေ မြဝတီလမ်းကြောင်းက တစ်ဆင့် တင်သွင်းလာတဲ့ ငါးပုစွန်တွေကို စက်တင်ဘာ  ၉  ရက်က  မွန်ပြည်နယ် မော်လမြိုင်ဈေးမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဝင်ရောက်စစ်ဆေးပါတယ်။   အဲဒီမှာ  ဖော်မလင်သုံးထားတဲ့ ငါးပိဿာချိန် ၁၈ဝ  သိမ်းဆည်းရမိပါတယ်။ မကြာမီ  ရန်ကုန်မှာလည်း  စစ်ဆေးမှာပါ။

 

ရန်ကုန်က နောက်ဆုံးဖြစ်နေတယ်။ စပြီးဖြတ်တာက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း ဒေသကြီးဆိုတော့ ရန်ကုန်ကိုဝင်ဖို့နေရာတွေ အများကြီးရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဌာနတစ်ခုတည်း စစ်လို့မဖြစ် ပါဘူး။  မြန်မာနိုင်ငံရဲတပ်ဖွဲ့ FDA ပူးပေါင်းပြီး   ညှိနှိုင်းဆောင်ရွက်ရမှာပါ'' ဟု ဦးလှဌေးကပြောကြားခဲ့ပါတယ်။

 

Beans & Pulse Warehouses (505) ပဲမ်ိဳးစုံသိုေလွာင္႐ုံမ်ား (၅၀၅) ခုကိုရွာရန္ႏွိပ္ပါ။

 

ထိုင်းနိုင်ငံမှ  တင်သွင်းလာသည့်  ငါး ပုစွန်များသည်  ဈေးနှုန်းသက်သာသော် လည်း တာရှည်အထားခံရန်  ဖော်မလင် သုံးထားခြင်း၊ မွေးမြူရာတွင်လည်း ကြီးထွား စေရန်    ဓာတုဆေးများအသုံးပြုခြင်းတို့ ကြောင့် စားသုံးသူများအတွက်  ဆိုးကျိုး များသက်ရောက်စေနိုင်ကြောင်း သိရပါတယ်။

 

မော်လမြိုင်မြို့ရှိ    ငါးပုစွန်ဒိုင်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် ထိုင်း နိုင်ငံမှ တင်သွင်းလာသည့်   ငါးပုစွန်မျိုးစုံ ရောင်းချနေသော ငါးပုစွန်ဒိုင် ၁၅ ခုမှ သံသယရှိသည့် နမူနာ ၁၃ မျိုးကို ဓာတ်ခွဲ စစ်ဆေးရာ  ငါးပုစွန်ဒိုင်တချို့တွင်  ငါး အမယ်အားလုံး   တာရှည်ခံဖော်မလင် ထည့်သွင်းသုံးစွဲထားသည်ကို    တွေ့ရှိရ ကြောင်း၊ ရောင်းချသည့်ဆိုင်ရှင်ကို ခံဝန် ကတိရေးထိုးစေခဲ့ပြီး   စားသုံးရန်မသင့် သည့်  ငါးနှပ်ပိဿာချိန်  ၁၈ဝ   ကို သိမ်းဆည်းကာ မုယောင်းအမှိုက်ကျင်းသို့ ပို့ဆောင်ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

 

Read More  >>>>>  အာဖရိကသို႕ ဆန္စပါးေစ်းကြက္ရွာေဖြရန္ ကိုယ္စားလွယ္အဖြဲ ႔ သြားေရာက္မည္

 

ဖော်မလင်သည်   တာရှည်ခံပိုးသတ် ဆေးတစ်မျိုးဖြစ်ပြီး   ဖော်မလင်ပါသည့် အစားအသောက်ကို    စားသုံးမိပါက ကျောက်ကပ်၊  အသည်း၊  အစာအိမ်နှင့် အဆုတ်ရောဂါ၊ ကင်ဆာရောဂါ၊ အသည်း ခြောက်ခြင်း၊   သွေးအားနည်းခြင်းနှင့် သွေးကင်ဆာတို့ဖြစ်နိုင်သည့်အပြင် ကိုယ်ဝန်ဆောင်နှင့်  ကလေးငယ်များအတွက် ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း  သိရပါတယ်။

 

Source: Myawady

 

 

 

ငါးပုစြန္မ်ားတြင္ ေဖာ္မလင္ပါဝင္မႈ မရွိေစေရး စစ္ေဆးမည္

 

ျပည္ပမွ   တင္သြင္းလာသည့္   ငါးပုစြန္မ်ားတြင္ ေဖာ္မလင္ပါဝင္မႈမရွိေစေရး စစ္ေဆးလ်က္ရွိရာ ရန္ကုန္တိုင္းေဒသႀကီးရွိ ေစ်းမ်ား၌လည္း ငါးလုပ္ငန္းဦးစီးဌာန အပါအဝင္   ဆက္စပ္အဖြဲ႕အစည္းမ်ား    ပူးေပါင္း၍   စစ္ေဆးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး  ငါးလုပ္ငန္းဦးစီး ဌာန  ဒုတိယတိုင္းဦးစီးမွဴး   ဦးလွေဌး၏ေျပာဆိုခ်က္အရ သိရပါတယ္။

 

''ထိုင္းႏိုင္ငံကေန ျမဝတီလမ္းေၾကာင္းက တစ္ဆင့္ တင္သြင္းလာတဲ့ ငါးပုစြန္ေတြကို စက္တင္ဘာ  ၉  ရက္က  မြန္ျပည္နယ္ ေမာ္လၿမိဳင္ေစ်းမွာ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) က ဝင္ေရာက္စစ္ေဆးပါတယ္။   အဲဒီမွာ  ေဖာ္မလင္သံုးထားတဲ့ ငါးပိႆာခ်ိန္ ၁၈ဝ  သိမ္းဆည္းရမိပါတယ္။ မၾကာမီ  ရန္ကုန္မွာလည္း  စစ္ေဆးမွာပါ။ 

 

ရန္ကုန္က ေနာက္ဆံုးျဖစ္ေနတယ္။ စၿပီးျဖတ္တာက ကရင္ျပည္နယ္၊ မြန္ျပည္နယ္နဲ႔ ပဲခူးတိုင္း ေဒသႀကီးဆိုေတာ့ ရန္ကုန္ကိုဝင္ဖို႔ေနရာေတြ အမ်ားႀကီးရွိတဲ့အတြက္ ကြၽန္ေတာ္တို႔အေနနဲ႔ ဌာနတစ္ခုတည္း စစ္လို႔မျဖစ္ ပါဘူး။  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ FDA ပူးေပါင္းၿပီး   ညိႇႏႈိင္းေဆာင္ရြက္ရမွာပါ'' ဟု ဦးလွေဌးကေျပာၾကားခဲ့ပါတယ္။

 

Beans & Pulse Warehouses (505) ပဲမ်ိဳးစုံသိုေလွာင္႐ုံမ်ား (၅၀၅) ခုကိုရွာရန္ႏွိပ္ပါ။

 

ထိုင္းႏိုင္ငံမွ  တင္သြင္းလာသည့္  ငါး ပုစြန္မ်ားသည္  ေစ်းႏႈန္းသက္သာေသာ္ လည္း တာရွည္အထားခံရန္  ေဖာ္မလင္ သံုးထားျခင္း၊ ေမြးျမဴရာတြင္လည္း ႀကီးထြား ေစရန္    ဓာတုေဆးမ်ားအသံုးျပဳျခင္းတို႔ ေၾကာင့္ စားသံုးသူမ်ားအတြက္  ဆိုးက်ဳိး မ်ားသက္ေရာက္ေစႏိုင္ေၾကာင္း သိရပါတယ္။

 

ေမာ္လၿမိဳင္ၿမိဳ႕ရွိ    ငါးပုစြန္ဒိုင္မ်ားကို ေရွာင္တခင္ဝင္ေရာက္စစ္ေဆးရာတြင္ ထိုင္း ႏုိင္ငံမွ တင္သြင္းလာသည့္   ငါးပုစြန္မ်ဳိးစံု ေရာင္းခ်ေနေသာ ငါးပုစြန္ဒိုင္ ၁၅ ခုမွ သံသယရွိသည့္ နမူနာ ၁၃ မ်ဳိးကို ဓာတ္ခြဲ စစ္ေဆးရာ  ငါးပုစြန္ဒိုင္တခ်ဳိ႕တြင္  ငါး အမယ္အားလံုး   တာရွည္ခံေဖာ္မလင္ ထည့္သြင္းသံုးစြဲထားသည္ကို    ေတြ႕ရွိရ ေၾကာင္း၊ ေရာင္းခ်သည့္ဆိုင္ရွင္ကို ခံဝန္ ကတိေရးထိုးေစခဲ့ၿပီး   စားသံုးရန္မသင့္ သည့္  ငါးႏွပ္ပိႆာခ်ိန္  ၁၈ဝ   ကို သိမ္းဆည္းကာ မုေယာင္းအမႈိက္က်င္းသို႔ ပို႔ေဆာင္ဖ်က္ဆီးခဲ့ေၾကာင္း သိရပါတယ္။

 

Read More  >>>>>  အာဖရိကသို႕ ဆန္စပါးေစ်းကြက္ရွာေဖြရန္ ကိုယ္စားလွယ္အဖြဲ ႔ သြားေရာက္မည္

 

ေဖာ္မလင္သည္   တာရွည္ခံပိုးသတ္ ေဆးတစ္မ်ဳိးျဖစ္ၿပီး   ေဖာ္မလင္ပါသည့္ အစားအေသာက္ကို    စားသံုးမိပါက ေက်ာက္ကပ္၊  အသည္း၊  အစာအိမ္ႏွင့္ အဆုတ္ေရာဂါ၊ ကင္ဆာေရာဂါ၊ အသည္း ေျခာက္ျခင္း၊   ေသြးအားနည္းျခင္းႏွင့္ ေသြးကင္ဆာတို႔ျဖစ္ႏိုင္သည့္အျပင္ ကိုယ္ဝန္ေဆာင္ႏွင့္  ကေလးငယ္မ်ားအတြက္ ဆိုးရြားစြာ ထိခိုက္ေစႏိုင္ေၾကာင္း  သိရပါတယ္။

 

Source: Myawady

Read times Last modified on Saturday, 22 February 2020 14:14
Rate this item
(0 votes)