Food & Livestock



ကမ္ဘာ့ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာ

ကမ္ဘာ့ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

 

အယ်နီညိုသည် ဆန် အဓိက ထုတ်လုပ်သည့်နိုင်ငံများနှင့် အဓိက တင်ပို့သည့် နိုင်ငံများတွင် စပါးအထွက်နှုန်းကို ထိခိုက်နိုင်သဖြင့် စိုးရိမ်မကင်း ဖြစ်ကြသည်။ အရန်ဆန် ဖူလုံရေးအတွက် ယခုကတည်းက ဝယ်ယူတင်သွင်းနေကြသည်။

ဆန်အများဆုံးတင်ပို့သည့် အိန္ဒိယနိုင်ငံတွင် လယ်သမားများ ဝင်ငွေတိုးအောင် အစိုးရက စပါးဈေးနှုန်းများကို တိုးမြှင့်သတ်မှတ်ပေးထားသည်။

ထိုအကြောင်းတရားများကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာသည်။ ၁၁ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

 

အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တင်ပို့သည်။ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၅၆ သန်း တင်ပို့ခဲ့သည်။ 

 

“အိန္ဒိယက ဈေးအသက်သာဆုံး ဆန်တင်ပို့သူဖြစ်ပါတယ်” ဟု ဆန်တင်ပို့သူများအသင်း Rice Exporters Association(REA) ဥက္ကဋ္ဌ B.V. Krishna Rao က ပြောကြားသည်။

"အစိုးရက အနိမ့်ဆုံးစပါးဈေးကို တိုးမြှင့်လိုက်တာကြောင့် ပို့ကုန်ဆန်ဈေး မြင့်တက်တယ်။ အိန္ဒိယဆန် ဈေးတက်တော့ တခြားနိုင်ငံတွေရဲ့ ဆန်တွေလည်း ဈေးတက်လို့ ရသွားတယ်" ဟု ၎င်းက ပြောကြားသည်။

 

ဆန်သည် လူပေါင်း ၃ ဘီလီယံကျော်အတွက် အဓိကအစားအစာ ဖြစ်သည်။

 ကမ္ဘာ့ဆန်စိုက်ပျိုးမှု၏ ၉၀% ကို အာရှတွင် စိုက်ပျိုးသည်။ စိုက်ပျိုးသည့်အခါ ရေအများအပြားလိုအပ်သော ကောက်နှံ ဖြစ်ပြီးအယ်နီညိုရာသီဥတုပုံစံသည် များသောအားဖြင့် မိုးရွာသွန်းမှုနည်းပါးသဖြင့် အာရှစပါးထုတ်လုပ်မှု ထိခိုက်နိုင်သည်။ အယ်နီညို သက်ရောက်မှုသည် နိုင်ငံတစ်နိုင်တည်း ကွက်ပြီး ဖြစ်ပွားခြင်း မဟုတ်ချေ။  စပါးစိုက်သည်ဘ နိုင်ငံတိုင်းနီးပါးကို ထိခိုက်မည် ဖြစ်သည်။ သို့ဖြစ်ရာ စိုးရိမ်စရာ ဖြစ်နေသည်။ 

ရာသီဥတုဖြစ်စဉ်ကြောင့် ထုတ်လုပ်မှုကို အနှောက်အယှက် မဖြစ်စေမီတွင်ပင် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization FAO ၏ ကမ္ဘာ့ဆန်စျေးနှုန်းညွှန်းကိန်းသည် ၁၁ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်နေပြီ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ ကမ္ဘာ့ ထိပ်တန်း စပါးစိုက်ပျိုးထုတ်လုပ်သူ ခြောက်နိုင်ငံစလုံးတွင် စံချိန်တင်နီးပါး စပါးထွက်ရှိမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာန U.S. Department of Agriculture (USDA) မှ ခန့်မှန်းထားသော်လည်း စိုးရိမ်မကင်း ဖြစ်ခြင်းများ ဆက်ရှိနေဆဲ ဖြစ်သည်။

 

အိန္ဒိယအစိုးရက  လယ်သမားများအား ရာသီသစ်အတွက် စပါးဈေးနှုန်း ၇% တိုးမြှင့်သတ်မှတ်လိုက်သည်။ ထိုအခါ  အိန္ဒိယ ပို့ကုန်ဆန် စျေးနှုန်းများသည် ငါးနှစ်အတွင်း အမြင့်ဆုံးသို့ ၉% ခုန်တက်သွားခဲ့သည်။

 

စပါးဈေးနှုန်း တိုးပေးလိုက်ခြင်းသည် ယခုနှစ် အိန္ဒိယ ပြည်နယ် ရွေးကောက်ပွဲ နှင့် လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် လယ်သမားများ၏ မဲကို ဆွဲဆောင်ရန် ရည်ရွယ်သည်။

 

 

photo_2023-07-12_00-03-00.jpg

 

 

ထိုင်းနှင့် ဗီယက်နမ်တို့တွင် ပို့ကုန်ဆန် ဈေးနှုန်းများသည် နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။

 

အာရှသီးနှံ အထွက်နှုန်း အားကောင်းမည်ဟု USDA မှ ခန့်မှန်းထားသော်လည်း အချို့သော ကမ္ဘာ့ကုန်သွယ်ရေးပွဲရုံများကမူ အယ်နီညိုသည် အဓိကဆန်ထုတ်လုပ်သည့် နိုင်ငံများအားလုံးတွင် အထွက်နှုန်းကို ကျဆင်းစေမည်ဟု မျှော်လင့်ထားကြသည်။

အယ်နီညိုကြောင့် အာရှနိုင်ငံ အားလုံးနီးပါးတွင် ဒုတိယ စပါးသီးနှံရာသီတွင် အထွက်နှုန်းသည် ပုံမှန်ထက် နိမ့်ကျမည်ဟု ခန့်မှန်းထားကြသည်။

 

"ပြည်တွင်း စပါးက ဈေးကွက်ထဲ အဝင်နည်းနေလို့  ဆန်ဈေး‌ေတွ တက်နေပြီ။ တကယ်လို့ ထုတ်လုပ်မှု ကျဆင်းခဲ့ရင် ဈေးနှုန်းတွေ ထပ်တက်လိမ်မယ်" ဟု အိန္ဒိယမှ ဆန်ပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အထွက်နှုန်း သိသိသာသာ ကျဆင်းသွားပါက ကမ္ဘာ့ ဆန်စျေးနှုန်းများသည် ငါးပုံတစ်ပုံ သို့မဟုတ် ထို့ထက်ပို၍ မြင့်တက်လာနိုင်သည်။

 

ကမ္ဘာ့ဆန်လက်ကျန် ပမာဏသည်  ၂၀၂၃/၂၄ ဘဏ္ဍာနှစ်ကုန်တွင် ခြောက်နှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားဖွယ်ရှိသည်။ တန်ချိန် ၁၇၀.၂ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။

မေလ မိုးရေချိန် ပုံမှန်အောက် ၂၆ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ဒုတိယ အများဆုံးတင်ပို့သည့် ထိုင်းနိုင်ငံက တောင်သူလယ်သမားများကို စပါးကုိ တစ်သီးစား တစ်ကြိမ်သာ စိုက်ပျိုးရန် တိုက်တွန်းထားသည်။

 

 အိန္ဒိယနိုင်ငံတွင်  နွေစပါး စိုက်ပျိုးခဲ့ရာ၌ မိုးနည်းခဲ့သဖြင့် စိုက်ပျိုးသည့် ဧရိယာ ၂၆% ယမန်နှစ်ထက် လျော့နည်းခဲ့သည်။ ဒုတိယ စပါးသီးနှံရာသီကို နိုဝင်ဘာလတွင် စိုက်ပျိုးမည်ဖြစ်သည်။

 

စပါးအထွက်နှုန်း အမြင့်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏ ရာသီဥတုသည် ရာသီအစောပိုင်း သီးနှံအတွက် အဆင်မပြေခဲ့ပါ။ သို့သော် ပြည်တွင်း ဆန်လက်ကျန် များပြားသဖြင့် ဖူလုံမည် ဖြစ်သည်။

 

အခြေခံ စားသောက်ကုန်များ ကုန်ဈေးန‌ှုန်း မြင့်တက်သည်ကို ထိန်းရန် အိန္ဒိယအစိုးရသည် ပြည်ပတင်ပို့မှုကို ကန့်သတ်တားမြစ်လေ့ရှိသည်။ ဆန်ဖြူနှင့် ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်သည်။ ပေါင်းဆန်တင်ပို့မှုအပေါ် ပို့ကုန်ခွန် တိုး‌မြှင့် စည်းကြပ်သည်။

 

 

photo_2023-07-12_00-03-04.jpg

 

 

 

ကမ္ဘာ့ဆန်ဈေး မြင့်တက်သည့်အခါ မြန်မာ၊ ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်တို့က တင်ပို့မှု မက်ထရစ်တန်ချိန် ၃ သန်းမှ ၄ သန်းအထိ မြှင့်တင်နိုင်သည်ဟု ကုန်သည်များက ခန့်မှန်းထားသည်။

 

ကမ္ဘာ့ဆန်ဈေး မြင့်တက်ခြင်းသည် အရန်ဆန်အတွက် ဆန်တင်သွင်းရသည့် နိုင်ငံများ အခက်တွေ့စေသည်။

ဈေးကြီးလာလျှင် မတတ်နိုင်သဖြင့် အဝယ်ရပ်ထားရသည့် အာဖရိကနိုင်ငံများ ဆန်ဝယ်ယူတင်သွင်းမှု လက်နှေးသွားသည်။ 

 

ယခုအခါ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ကဲ့သို့သော အာရှဝယ်လက်များသည် အရန်ဆန် သိုလှောင်မှု ဖြည့်တင်းရန် ဝယ်နေကျ ဗီယက်နမ်ဆန် ဝယ်ယူမှုများ တိုးလာခဲ့သည်။

 

အိန္ဒိယဆန် ဝယ်လေ့ဝယ်ထမရှိသော အင်ဒိုနီးရှားသည် လိုအပ်လာပါက ဝယ်ယူရန် ဆန်တန်ချိန် ၁ သန်း သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

 


ယခင်တင်ပြချက်

အင်ဒိုနီးရှား ဆန် တန်ချိန် ၁ သန်း ဝယ်ယူရန် အိန္ဒိယ အစိုးရနှင့် သဘောတူညီမှု လက်မှတ်ရေးထိုး

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/6348


အင်ဒိုနီးရှားသည် ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့ထံမှသာ ဝယ်လေ့ဝယ်ထ ရှိသည်။

 

ယခင်က ဆန်သည် ဝယ်လက်တို့ အသာစီး ရခဲ့သည်။ အယ်နီညို စိုးရိမ်မှုများကြောင့် ယခုအခါ ရောင်းသူတို့ အထက်စီး ရနေသည်။

Source Reuters 

 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Wednesday, 12 July 2023 00:10
Rate this item
(0 votes)