Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေဆီလွှာအောင်းရေ အခြေအနေမှာ ခြောက်သွေ့သည့်အဆင့်တွင်ရှိနေ

တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် မြေဆီလွှာအောင်းရေ အခြေအနေမှာ ခြောက်သွေ့သည့်အဆင့်တွင်ရှိနေကြောင်း၊

မြေဆီလွှာခြောက်သွေ့ပါက အပင်တွေအတွက်မကောင်းကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁ ရက်တွင်ပြောသည်။

“မြေဆီလွှာအောင်းရေ အခြေအနေက ခြောက်သွေ့တဲ့ အဆင့်ရှိတော့ ဆောင်းသီးနှံတွေ စိုက်ပျိုးတဲ့အခါမှာ သတိပြုသင့်ပါတယ်။ အဓိကစိုက်ပျိုးရေးလုပ်တဲ့သူတွေအတွက် မြေဆီလွှာအောင်းရေ ခြောက်သွေ့တဲ့ အခြေအနေကိုသတိပြုသင့်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ထို့အပြင် လေထုစိုထိုင်းဆ အခြေအနေကိုလည်း စိုက်ပျိုးရေးတောင်သူများ အနေဖြင့် ဂရုပြုသင့်ကြောင်း၊ လေထုစိုထိုင်းဆမှာ လက်ရှိအချိန်တွင်
ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် (၅၄%)မှ (၅၈%)အတွင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၆၅%)မှ (၇၅%)အတွင်းနှင့်
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၇၇%)မှ (၈၈%)အတွင်းဖြစ်ပေါ်လျက်ရှိကြောင်းသိရ သည်။

“လေထုစိုထိုင်းဆရှိရင် တချို့အပင်တွေက ဖြစ်ထွန်းမှုအားကောင်းတယ်။ လေထုကခြောက်သွေ့နေရင် တချို့ အပင်တွေက အဆင်မပြေဘူး။ လေထုထဲမှာ စိုထိုင်းဆနည်းရင် လေကခြောက်သွေ့တယ်။ လေထုခြောက်သွေ့ရင် တိမ်ဖြစ်ထွန်းတာတွေ ဘာတွေ သိပ်မရှိဘူး။ ၇၀ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းကြတော့ လေထုက စွတ်စိုနေတယ်။ တိမ်ဖြစ်ထွန်းတာတွေ၊ မြူထူထပ်စွာကျဆင်းတာတွေဖြစ်နိုင်တယ်။ အခုက သရက်သီးတွေစပြီးဖူးပွင့်နေတဲ့အချိန်ပေ့ါ။ မြူကျရင် နှင်းခါးရိုက်တာပေ့ါ။ မြေဆီလွှာပေါ်လည်း သက်ရောက်မှုရှိတော့ စိုက်ပျိုးရေးအတွက် သတိပြုသင့်ပါတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၂၃ မီလီမီတာ)မှ (၂၈ မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၃၀ မီလီမီတာ)မှ (၃၉ မီလီမီတာ)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊
ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄၁ မီလီမီတာ)မှ (၄၈ မီလီမီတာ)အတွင်း အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်း အားကောင်းပါက မြေဆီလွှာခြောက်သွေ့သွားနိုင်ကြောင်းဆိုသည်။
(Xinhua)

Read times Last modified on Friday, 01 January 2021 20:33
Rate this item
(0 votes)