Food & Livestock



ပြည်တွင်းဆန်ဖြူ တန်ချိန် ၇၀၀ အထူးအစီအစဉ်ဖြင့် မလေးရှားတွင် ဖြန့်ဖြူး

ပြည်တွင်းဆန်ဖြူ တန်ချိန် ၇၀၀ အထူးအစီအစဉ်ဖြင့် မလေးရှားတွင် ဖြန့်ဖြူး

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

မလေးရှားတွင် မြောက်၊ အလယ်ပိုင်း၊ တောင်နှင့် အရှေ့ ဟူ၍ ဇုန်လေးခုတွင် ပြည်တွင်းထွက်ဆန်ဖြူများကို စားသုံးသူများထံ တိုက်ရိုက်ဖြန့်ဖြူးပေးမည်ဖြစ်သည်။

 

မလေးရှား ပြည်တွင်းထွက်ဆန်ဖြူများ ဖြန့်ဖြူးရောင်းချခြင်းအတွက် အထူးအစီအစဉ်တစ်ရပ်ကို တောင်သူလယ်သမား အဖွဲ့အစည်းများ ဘုတ်အဖွဲ့  Board of Farmers' Organizations (LPP)နှင့် ပြည်ထောင်စု စိုက်ပျိုးရေး စျေးကွက်ရှာဖွေရေး ဘုတ်အဖွဲ့ Federal Agricultural Marketing Board (Fama)လက်အောက်ရှိ လက်လီဆိုင်များတွင် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

နိုင်ငံ၏ အဓိကကျသည့် ဆန်လိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းရာတွင် ကနဦး ခြေလှမ်းဖြစ်ပြီး ပြည်တွင်းထွက်ဆန်ဖြူ မက်ထရစ်တန် ၇၀၀ ကို ဖြန့်ဖြူးသွားမည် ဖြစ်သည်။ 

LPP မှ လက်လီအရောင်းဆိုင် ၄၀ ခုနှင့် Fama မှ လက်လီအရောင်းဆိုင် ၄၀ ခုတို့တွင် စားသုံးသူတို့ ပြည်တွင်းထွက်ဆန်ဖြူများ ရရှိနိုင်မည် ဖြစ်သည်။

ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီ ၂ ခု Jasmine Food Corporation Sdn Bhd နှင့် Serba Wangi Sdn Bhd တို့ ဆန်ဖြန့်ဖြူးသည့် အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြသည်။

LPP က ယခုနှစ်ကုန်အထိ ဆန်ဖြူ မက်ထရစ်တန် ၃၀၀ ကို ဖြန့်ဖြူးရန် တာဝန်ယူထားပြီး Fama က ဆန်ဖြူ မက်ထရစ်တန် ၄၀၀ ဖြန့်ဖြူးရန် တာဝန်ယူထားသည်။ 

 

အစိုးရ သတ်မှတ်ဈေး ဆန်ဖြူ ၁၀ ကီလိုဂရမ် တထုပ်ကို ၂၆ ရင်းဂစ်ဖြင့် ရောင်းချမည်ဖြစ်သည်။

စားသုံးသူ တစ်ဦးလျှင် ဆန် ၂ ထုပ် (၂၀ ကီလိုဂရမ်) အထိသာ ဝယ်ယူခွင့် ရှိသည်။

မိသားစုဝင် သုံးလေးဦးသာ ရှိသည့် အိမ်ထောင်စု တစ်စုအဖို့ ၁၀ ကီလိုဂရမ်သည် ဖူလုံသည်ဟု LPP က ပြောကြားသည်။

 

ဆန်စပါး ကြီးကြပ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် Azman Mahmood က ပြည်ပမှ တင်သွင်းသော ဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည်တွင်းဆန်ကို ဝယ်ယူမှု မြင့်တက်လာခြင်း ကြောင့် ပြည်တွင်း ဆန်ပြတ်လပ်မှု ရှိလာကြောင်း ပြောကြားသည်။ ကုန်သည်များ ဆန်များ အများမပြား ဝယ်ယူထားခြင်းကြောင့်လည်း လက်ရှိဆန်ပြန်လပ်မှုကို ဖြစ်ပေါ်စေသည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့က စားသောက်ဆိုင်တွေ အပါအဝင် ကုန်သည်အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံပြီး တင်သွင်းလာတဲ့ ဆန်ဖြူတွေကို လက်ကားဈေးနဲ့ ဝယ်ဖို့ ကမ်းလှမ်းထားပါတယ်၊ ဒါကြောင့် ပြည်တွင်းဆန်ကို သုံးစရာ မလိုဘူး၊ ကုန်စုံဆိုင်တွှေမှာ လာဝယါစရာမလိုဘူး”ဟု ၎င်းက ပြောကြားသည်။

 

Azman က ပြည်တွင်း ဆန်ဖြူ ပြတ်လပ်မှု ပြဿနာသည် ယာယီသာ ဖြစ်သည်ဟု ယူဆသည်။ ယခုအခါ စပါးရိတ်သိမ်းရာသီသည်  Kedah တွင် အရှိန်ရနေပြီး Kelantan နှင့် Terengganu တို့တွင် ဆက်လက်ရိတ်သိမ်းမည်ဖြစ်သည်။

 

စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Mohamad Sabu က အစိုးရ၏ စွက်ဖက်မှုအမျိုးမျိုးနှင့် စဉ်ဆက်မပြတ် စောင့်ကြည့်ပေးနေခြင်းကြောင့် နောက်တစ်လအတွင်း ပြည်တွင်းဆန်ဖြူဈေးကွက် တည်ငြိမ်လာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

Source fmt

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)