Food & Livestock



ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍ ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ သက်တမ်းတိုးမြှင့်

ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် COVID-19 ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလ သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

.

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း ၂ နှစ် စေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် ၁ နှစ် ထပ်မံ တိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-

(က) ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရပါမည်၊

(ခ)   ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရပါမည်၊

(ဂ)   ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရပါမည်။

             လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြား စာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထား သည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ  တရား မကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြု ထားသည့် ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 14 November 2023 13:22
Rate this item
(0 votes)