Food & Livestock
အိန္ဒိယဂျုံတင်ပို့မှုကို ယူအေအီး လေးလကြာ ရပ်ဆိုင်း

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သည် ကမ္ဘာ့ဒုတိယအများဆုံး ဂျုံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှ ထွက်ရှိသည့် ဂျုံနှင့် ဂျုံမှုန့်များ တင်ပို့မှုနှင့် တစ်ဆင့်ခံတင်ပို့မှုတို့ကို လေးလကြာ ရပ်ဆိုင်းရန် အမိန့်ထုတ်ထားသည်။
ပင်လယ်ကွေ့နိုင်ငံ ယူအေးအီး၏ စီးပွားရေး ဝန်ကြီးဌာနက ကမ္ဘာ့ ဂျုံကုန်သွယ်မှု ပြတ်တောက်မှုများ ပေါ်ပေါက်နေသဖြင့် လေးလပိတ်ပင်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ အိန္ဒိယနိုင်ငံက ဂျုံကို ယူအေအီး ပြည်တွင်းစားသုံးမှုအတွက် တင်ပို့ရန် ခွင့်ပြုထားကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယက ဂျုံပြည်ပတင်ပို့မှုကို မေလ ၁၄ ရက်တွင် ရုတ်တရက် ပိတ်ပင်လိုက်သည်။ letters of credit (LCs) ဖွင့်ပြီးသား ဂျုံများကိုမူ ဆက်လက်တင်ပို့ရန် ခွင့်ပြုသည်။ ပြည်တွင်း စားသုံးမှု ဂျုံဖူလုံသည်မှာ သေချာစေရန် ဂျုံပြည်ပတင်ပို့မှုကို ပိတ်ပင်ထားခြင်း ဖြစ်သည်။ ပိတ်ပင်ခဲ့ပြီးနောက် ဂျုံတန်ချိန် ၄၆၉,၂၀၂ တင်ပို့ရန် ခွင့်ပြုခဲ့သည်။
မေလ ၁၃ ရက် မတိုင်ခင် ယူအေးအီးသို့ တင်သွင်းခဲ့သည့် ဂျုံများကို ပြည်ပတင်ပို့ခြင်းနှင့် တစ်ဆင့်ခံ ပြည်ပတင်ပို့ခြင်း ပြုလိုသော ကုမ္ပဏီများသည် စီးပွားရေးဝန်ကြီးဌာနတွင် ခွင့်ပြုမိန့် အရင်လျှောက်ထားဖို့ လိုအပ်သည်။
#MyanmarFoodGuide