Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းရွက်ရောင်းသူများ ကွမ်းရွက်ဈေးနှုန်းကျသဖြင့် အရောင်းအ၀ယ်ကောင်းပြီး အဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး မိတ္တီလာခရိုင်၊ မလှိုင်မြို့ရှိ ကွမ်းရွက်ရောင်းချသူများမှာ

သင်္ကြန်ကာလအပြီး ကွမ်းရွက်ဈေးနှုန်းကျဆင်းလာသဖြင့် အရောင်းအ၀ယ်ကောင်းကာ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။

 

ကွမ်းရွက်ဈေးက သင်္ကြန်မတိုင်ခင်ကထက် အများကြီး ကျသွားတယ်။ သင်္ကြန်မတိုင်ခင်ကဆို ဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၂၀၀၀၀ ကျော် ၂၄၀၀၀ အထိ မြင့်တက်ခဲ့တယ်။

 

သင်္ကြန်ပြီးတော့ ယနေ့ဈေးနှုန်း တစ်ပိဿာ ၉၀၀၀ ကျပ် ဆိုတော့ ထက်ဝက်ကျဆင်းသွားတဲ့အတွက် အရောင်းအ၀ယ် သွက်လာကြောင်း သိရပါတယ်။

 

ကွမ်းရွက်ဈေးက တစ်ရက်နဲ့တစ်ရက်မတူဘဲ နေ့တိုင်း ၅၀၀ ကျပ် ၁၀၀၀ ကျပ် ဆက်တိုက်ကျလာကြောင်း သိရပါတယ်။

 

မနက်ပိုင်းများများဝယ်ရင်လည်း ညနေပိုင်းရောက်တော့ ဈေးကျတဲ့အတွက်ကြောင့် ကွမ်းခြင်းကို ခြင်းလုံးပြတ် မယူဖြစ်တော့ဘဲ တစ်ရက်စာ ကုန်သလောက်မှန်းဝယ်ရကြောင်း သိရပါတယ်။

 

တစ်ခြင်းကို ၁၅ ပိဿာ ပါတာဆိုတော့ တစ်ပိဿာငွေကျပ် ၁၀၀၀ ကျရင် တစ်ခြင်းလုံးဆိုရင် ငွေကျပ် ၁၅၀၀၀ လောက် နစ်နာကြောင်း သိရပါတယ်။

 

ကွမ်းရွက်ဈေးနှုန်းကို တစ်ရက်နှင့်တစ်ရက် ကျဆင်းကာ အကျဘက်သို့ ဦးတည်နေသော်လည်း ကွမ်းသီးဈေးမှာမူ တည်ငြိမ်လျက်ရှိရာ ကွမ်းသီး (အစိုစိတ်) တစ်ဆယ်သားလျှင် ငွေကျပ် ၆၀၀ ရောင်းချနေပြီး တစ်ပိဿာဈေးမှာ ငွေကျပ် ၅၂၀၀ ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:18
Rate this item
(0 votes)