Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန် မလေးရှား စံချိန်တင် ဝယ်ယူ

ယခုလနှင့် နောက်လအတွင်း အိန္ဒိယမှာ ဆန်တန်ချိန် တစ်သိန်း မလေးရှားသို့

တင်ပို့ရန် ၂ နိုင်ငံ သဘောတူညီချက် လက်မှတ်ရေထိုးခဲ့ကြသည်။ 

ယခုနှစ်အတွက် ဤပထမအသုတ် ဝယ်ယူခြင်းသည် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း မလေးရှားက အိန္ဒိယထံမှ တင်သွင်းသည့် ပျမ်းမျှပမာဏ၏ ၂ ဆ ရှိသည်။ ဆန်တင်ပို့သော မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် ပြည်တွင်းစားသုံးမှု အတွက် ပြည်ပတင်ပို့မှုကို ချုပ်ကိုင်ခဲ့ကြသည်။
မလေးရှား ဝယ်ယူခြင်းသည် အိန္ဒိယတွင် ဆန်များ သိုလှောင်ထားရသည် ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေမည် ဖြစ်သည်။
"မလေးရှားက အိန္ဒိယကနေ အခုလို အများကြီး မဝယ်တော့တာ အတော်ကြာခဲ့ပြီ" ဟု ဆန်တင်ပို့သူအသင်း ဥက္ကဌ BV Krishna Rao က ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။
ယခုနှစ်ကုန်အထိ ဆိုလျှင် မလေးရှားက အိန္ဒိယထံမှ ဆန်ဝယ်ယူသည့်ပမာဏသည် တန်ချိန် နှစ်သိန်းအထိ ရောက်ရှိသွားနိုင်သည်ဟု Rao က ပြောသည်။
မလေးရှားသည် အိန္ဒိယထံမှ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဆန်ဖြူတန်ချိန် ၅၃ ၀၀၀ ဝန်းကျင် ဝယ်ယူသည်။ ပြီးခဲ့သည့်နှစ်က စုစုပေါင်း ဆန်တန်ချိန် ၈၆ ၂၉၂ မလေးရှားသို့ အိန္ဒိယက တင်ပို့ပြီး ပမာဏစံချိန်သစ် တင်ခဲ့သည်။
အိန္ဒိယသည် ယခုအခါ ဆန်ဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၀ မှ ၄၀၀ အတွင်း ဈေးခေါ်ပြီး တင်ပို့ရောင်းချ ပေးလျက် ရှိသည်။
မလေးရှားမှ စားအုန်းဆီများ အိန္ဒိယသို့ တင်သွင်းခြင်းကိုမူ အိန္ဒိယက ကန့်သတ်ချုပ်ချယ်ထားဆဲ ရှိသည်။ မလေးရှားသည် အင်ဒိုနီးရှား ပြီးလျှင် ကမ္ဘာ့ ဒုတိယအများဆုံး စာအုန်းဆီ တင်ပို့သည့်နိုင်ငံဖြစ်သည်။

bangkokpost

 

အိႏၵိယဆန္ မေလးရွား စံခ်ိန္တင္ ဝယ္ယူ

ယခုလႏွင့္ ေနာက္လအတြင္း အိႏၵိယမွာ ဆန္တန္ခ်ိန္ တစ္သိန္း မေလးရွားသို႔ တင္ပို႔ရန္ ၂ ႏိုင္ငံ သေဘာတူညီခ်က္ လက္မွတ္ေရထိုးခဲ့ၾကသည္။
ယခုႏွစ္အတြက္ ဤပထမအသုတ္ ဝယ္ယူျခင္းသည္ ၿပီးခဲ့သည့္ ၅ ႏွစ္တာ ကာလအတြင္း မေလးရွားက အိႏၵိယထံမွ တင္သြင္းသည့္ ပ်မ္းမွ်ပမာဏ၏ ၂ ဆ ရွိသည္။ ဆန္တင္ပို႔ေသာ ျမန္မာ၊ ဗီယက္နမ္ႏွင့္ ကေမာၻဒီးယားတို႔သည္ ျပည္တြင္းစားသုံးမႈ အတြက္ ျပည္ပတင္ပို႔မႈကို ခ်ဳပ္ကိုင္ခဲ့ၾကသည္။
မေလးရွား ဝယ္ယူျခင္းသည္ အိႏၵိယတြင္ ဆန္မ်ား သိုေလွာင္ထားရသည္ ဝန္ထုပ္ဝန္ပိုးကို ေလ်ာ့က်ေစမည္ ျဖစ္သည္။
"မေလးရွားက အိႏၵိယကေန အခုလို အမ်ားႀကီး မဝယ္ေတာ့တာ အေတာ္ၾကာခဲ့ၿပီ" ဟု ဆန္တင္ပို႔သူအသင္း ဥကၠဌ BV Krishna Rao က ႐ိုက္တာ သတင္းဌာနသို႔ ေျပာၾကားသည္။
ယခုႏွစ္ကုန္အထိ ဆိုလွ်င္ မေလးရွားက အိႏၵိယထံမွ ဆန္ဝယ္ယူသည့္ပမာဏသည္ တန္ခ်ိန္ ႏွစ္သိန္းအထိ ေရာက္ရွိသြားႏိုင္သည္ဟု Rao က ေျပာသည္။
မေလးရွားသည္ အိႏၵိယထံမွ ပ်မ္းမွ်အားျဖင့္ တစ္ႏွစ္လွ်င္ ဆန္ျဖဴတန္ခ်ိန္ ၅၃ ၀၀၀ ဝန္းက်င္ ဝယ္ယူသည္။ ၿပီးခဲ့သည့္ႏွစ္က စုစုေပါင္း ဆန္တန္ခ်ိန္ ၈၆ ၂၉၂ မေလးရွားသို႔ အိႏၵိယက တင္ပို႔ၿပီး ပမာဏစံခ်ိန္သစ္ တင္ခဲ့သည္။
အိႏၵိယသည္ ယခုအခါ ဆန္ျဖဴတစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၃၉၀ မွ ၄၀၀ အတြင္း ေဈးေခၚၿပီး တင္ပို႔ေရာင္းခ် ေပးလ်က္ ရွိသည္။
မေလးရွားမွ စားအုန္းဆီမ်ား အိႏၵိယသို႔ တင္သြင္းျခင္းကိုမူ အိႏၵိယက ကန႔္သတ္ခ်ဳပ္ခ်ယ္ထားဆဲ ရွိသည္။ မေလးရွားသည္ အင္ဒိုနီးရွား ၿပီးလွ်င္ ကမာၻ႔ ဒုတိယအမ်ားဆုံး စာအုန္းဆီ တင္ပို႔သည့္ႏိုင္ငံျဖစ္သည္။

bangkokpost

 

Read times
Rate this item
(0 votes)