Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရိုးမဘဏ်နှင့် မဟာလယ်ယာစိုက်ပျိုးရေးဆိုင်ရာအသေးစားချေးငွေလုပ်ငန်းပူးပေါင်းပြီး လယ်ယာကဏ္ဍအတွက် ချေးငွေကျပ် သုံးဘီလီယံကျော် ကူညီမည်

လယ်ယာလုပ်ငန်းလုပ် ကိုင်နေသည့် အိမ်ထောင်စု ၆,၀၀၀ ကျော်အတွက် ငွေထုတ် ချေးရန် ကျပ် ၃ ဒသမ ၅ ဘီလီယံ

ကို မဟာလယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အသေးစားချေးငွေလုပ် ငန်းနှင့် ရိုးမဘဏ်တို့ပူးပေါင်းကူ ညီပေးမည်ဟု ရိုးမဘဏ်က သတင်းထုတ်ပြန်သည်။

 

လယ်ယာစိုက်ပျိုးရေးဆိုင် ရာ ပစ္စည်းများ၊ ဓာတ်မြေသြဇာ နှင့် မျိုးစေ့ဝယ်ယူခြင်းအတွက် လိုအပ်သော ရင်းနှီးငွေများ၊ အသေးစားလုပ်ငန်း ဆောင်ရွက်မှု များနှင့် လယ်ယာလုပ်ငန်းများ ကောင်းစွာ ဆောင်ရွက်နိုင်ရန် မဟာလယ်ယာစိုက်ပျိုးရေးဆိုင် ရာ အသေးစားချေးငွေလုပ်ငန်းကို ရိုးမဘဏ်က ငွေကြေးကူညီပံ့ပိုး ခြင်းဖြစ်သည်။

 

မြေနှင့်အဆောက်အအုံ အာ မခံမယူဘဲ ငွေကြေးထုတ်ချေးနိုင် ခြင်းနှင့် လယ်သမားများအတွက် အသေးစားချေးငွေအဖွဲ့အစည်းမှ ဘဏ္ဍာရေးပံ့ပိုးမှုကို ရိုးမဘဏ်က ဆောင်ရွက်နိုင်ခြင်းသည် ရေရှည် တွင် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင် ပြီး အကျိုးသက်ရောက်မှုများရှိလာမည်ဟု ရိုးမဘဏ်ဥက္ကဋ္ဌ၊ အထူးအကြံပေးနှင့် အမှုဆောင် အရာရှိချုပ် Mr. Hal Bosher က ပြောသည်။

 

မြေနှင့်အဆောက်အအုံအာ မခံထားသည့် ကန့်သတ်ချက်များ လျှော့ချပြီး တာဝန်ယူမှုနှင့် လုပ် ငန်းလုပ်ကိုင်ခြင်း၊ စနစ်တကျ ငွေကြေးဝင်ထွက်မှုအပေါ် အခြေ ခံသည့် ငွေချေးခြင်းက ဖွံ့ဖြိုးစ လယ်ယာစိုက်ပျိုးရေးကဏ္ဍအ တွက် လမ်းစတစ်ခုဖြစ်သည်ဟု Agribusiness Finance Program မှ Credit Risk ConsultantTeun Van Vlerken က ပြော ကြားသည်။

 

မြန်မာ့သြဘာအဖွဲ့ဝင် မဟာလယ်ယာစိုက်ပျိုးရေးအသေးစား ချေးငွေလုပ်ငန်းသည် ၂၀၁၃ က စတင်တည်ထောင်ပြီး နိုင်ငံတ ကာ ငွေကြေးရန်ပုံငွေ အဖွဲ့နှင့် ရိုးမဘဏ်တို့ပူးပေါင်းကာ လယ် ယာလုပ်ကိုင်သူများထံ ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုများ ထောက် ပံ့ပေးနေသည့် အဖွဲ့အစည်း ဖြစ် သည်။

 

မဟာလယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အသေးစားချေးငွေလုပ် ငန်းသည် လယ်ယာသုံးပစ္စည်းများ ဝယ်ယူနိုင်စေရန် ၂၀၁၈  က စတင်၍ အိမ်ထောင်စု ၁၀,၀၀၀ ကျော်အားချေးငွေကန်ဒေါ်လာ ၅ ဒသမ ၃ သန်းထုတ်ချေးခဲ့သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:31
Rate this item
(0 votes)