Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြိတ်မြို့တွင် ကင်းမွန်ငါးဖမ်းစက်လှေများ ယခင်နှစ်ထက် လ၀က်စော၍ ငါးဖမ်းလုပ်ငန်းရပ်နား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကင်းမွန်ငါးဖမ်းစက်လှေများ ငါးမဖမ်းရ ကာလသတ်မှတ်ချက်ကြောင့်

သာမန်ကင်းမွန်ငါးဖမ်းရာသီထက် လ၀က်ခန့်စော၍ လုပ်ငန်းရပ်နားလိုက်ကြကြောင်း သိရပါတယ်။

 

အကြောင်းမှာ ကင်းမွန်ငါးဖမ်းလုပ်ငန်းကို သြဂုတ်လမှ ဇွန်လအထိ ဆောင်ရွက်လေ့ရှိသော်လည်း ယခုနှစ်တွင် ငါးသားပေါက်သေဆုံးမှုလျော့ကျရေးနှင့် ပင်လယ်ပြင်အတွင်း ငါးသယံဇာတရှားပါးမှုမရှိစေရေးအတွက် ငါးမဖမ်းရကာလ သတ်မှတ်ချက်ကြောင့် မေလအလယ်တွင် လုပ်ငန်းရပ်နားရမည်ဖြစ်ကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

ကင်းမွန်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရာတွင် သာမန်စက်လှေငယ်တစ်စင်းတွင် ရေလုပ်သား ရှစ်ဦးခန့်ရှိပြီး စက်လှေကြီးတစ်စင်းတွင် ရေလုပ်သား ၁၈ ဦးအထိ လုပ်ကိုင်လျက်ရှိရာ ကင်းမွန်ငါးဖမ်းလှေငယ်တစ်စင်းလျှင် ငွေကျပ် သိန်းနှစ်ရာနီးပါးခန့် ရင်းနှီးထားရပြီး လှေအကြီးတစ်စင်းလျှင် ငွေကျပ်သိန်းနှစ်ထောင်ခန့်အထိ ရင်းနှီးမြှုပ်နှံ၍ ကင်းမွန်ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြရကာ မြိတ်ဒေသတွင် ကင်းမွန်ငါးဖမ်းစက်လှေ အစင်းရေ တစ်ထောင်ဝန်းကျင် ခန့်ရှိကြောင်း သိရပါတယ်။

 

ကင်းမွန်ငါးများကို အကောင်အရွယ်အစားအလိုက် အတန်းအစားငါးမျိုးခွဲခြားကာ အရွယ်အစားအကြီး (၁, ၂, ၃) အတန်းအစားကို ၁၁ ပိဿာပါ ဗန်းတစ်ဗန်းလျှင် ငွေကျပ် ကိုးသောင်းအထိရရှိပြီး အရွယ်အစားငယ် (၄, ၅) အတန်းအစားကို ငွေကျပ်သုံးသောင်းခွဲမှ လေးသောင်းအထိ ရရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 14:06
Rate this item
(0 votes)