Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ သကြား ပြည်ပတင်ပို့မှု ထပ်မံကန့်သတ်နိုင်ဖွယ်ရှိ

အိန္ဒိယ သကြား ပြည်ပတင်ပို့မှု ထပ်မံကန့်သတ်နိုင်ဖွယ်ရှိ

 

အိန္ဒိယနိုင်ငံက သကြားပြည်ပတင်ပို့မှု အများဆုံး ပမာဏ ကန့်သတ်ထားခြင်းကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလမှာ စတင်ပြီး ကျင့်သုံးဖွယ် ရှိသည်။ ပြည်တွင်း သကြား ဖူလုံစေရေးနှင့် ပြည်တွင်း သကြားဈေးနှုန်းများ ဈေးမတက်အောင် ထိန်းထားရန်အတွက် ဖြစ်သည်။

 

အိန္ဒိယသည် ကမ္ဘာပေါ်တွင် သကြားအများဆုံး ထုတ်လုပ်နေသည့် နိုင်ငံဖြစ်ပြီး ၂၀၂၂ အောက်တိုဘာလမှ ၂၀၂၃ စက်တင်ဘာလအထိ သကြားပြည်ပတင်ပို့မှုကို တန်ချိန် ၆~ ၇ သန်းအထိသာ ခွင့်ပြုရန် ကန့်သတ်နိုင်ဖွယ်ရှိသည်။ လက်ရှိ သကြားရာသီကာလတစ်လျှောက် တင်ပို့ခဲ့သည်ထက် သုံးပုံတစ်ပုံခန့် လျော့နည်းမည် ဖြစ်သည်။ 

 

ကြံအများဆုံး ထွက်သည့် Maharashtra တွင် မိုးဦးကာလတွင် ပျမ်းမျှမိုးရေချိန်၏ ၆၀%  အောက်တွင်သာ ရွာသွန်းခဲ့သဖြင့် ကြံစိုက်ခင်းများ ထိခိုက်ပြီး အထွက်နည်းဖွယ် ရှိသည်။

 

 

 289037044_5256733941031489_4439974789387599839_n.jpg

 

အိန္ဒိယနိုင်ငံသည် ၆ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်ဖြင့် ပြည်ပသို့ သကြားတင်ပို့မှုများအတွက် အများဆုံး ပမာဏ ကန့်သတ်ချက်ကို မေလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယခုနှစ် သကြားရာသီတွင် တန်ချိန် ၁၀ သန်းအထိသာ ပို့ခွင့် ပြုထားပါသည်။ #MyanmarFoodGuide

Source: Reuters

Read times Last modified on Monday, 20 June 2022 17:13
Rate this item
(0 votes)