Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ျမန္မာႏွင့္ ကုန္သြယ္ဖက္ႏိုင္ငံ အေရအတြက္တိုး

ဘ႑ာႏွစ္ ၁၀ လတာကာလအတြင္း ပံုမွန္ကုန္သြယ္မႈျပဳေနတဲ့ ႏိုင္ငံမ်ားႏွင့္

အျခားကုန္သြယ္ဖက္ႏိုင္ငံအသစ္ ၃၀ ခန္႔ ပိုတိုးလာေၾကာင္း စီးပြား/ကူးသန္း ၀န္ႀကီးဌာနမွ သိရပါတယ္။

 

ျပည္တြင္းတြင္ အဓိကပို႔ကုန္ျဖစ္တဲ့ ဆန္၊ ေျပာင္းႏွင့္ အျခားေသာ လယ္ယာထြက္ကုန္မ်ားကို ကုန္သြယ္ဖက္ႏိုင္ငံအသစ္မ်ားက ၀ယ္ယူေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဆန္မ်ား၀ယ္ယူလာသည့္အျပင္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ား၊ အာရွတိုက္အတြင္း ႏိုင္ငံမ်ားလည္း စိုက္ပ်ဳိးေရး ထြက္ကုန္မ်ား ၀ယ္ယူရန္ ကမ္းလွမ္းမႈမ်ားရွိေနေၾကာင္း စီးပြား/ကူးသန္း ၀န္ႀကီးဌာနမွ သိရပါတယ္။

 

ကုန္သြယ္ဖက္ႏိုင္ငံမ်ား တိုးလာျခင္းေၾကာင့္ ယခုဘ႑ာႏွစ္ ေဖေဖာ္၀ါရီလအထိ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ ၂၈ ဘီလီယံနီးပါးရွိၿပီး ၿပီးခဲ့တဲ့ ဘ႑ာႏွစ္တစ္ခုလံုး၏ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ ၂၉ ဘီလီယံရွိေၾကာင္း စီးပြား/ကူးသန္း ၀န္ႀကီးဌာနမွ သိရပါတယ္။

 

လက္ရွိတြင္ အဓိက ကုန္သြယ္ေနတဲ့ ႏိုင္ငံေပါင္း ၇၄ ႏိုင္ငံရွိၿပီး အမ်ားဆံုး ကုန္သြယ္သည့္ႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံျဖစ္ကာ အနည္းဆံုး ကုန္သြယ္တဲ့ ႏိုင္ငံမွာ ကၽြန္းႏိုင္ငံမ်ားျဖစ္ေၾကာင္း စီးပြား/ကူးသန္း ၀န္ႀကီးဌာနမွ သိရပါတယ္။

 

ယခင္က ကုန္သြယ္ဖက္ႏိုင္ငံ ၅၀ ေက်ာ္ရွိခဲ့ၿပီး လက္ရွိအသစ္တိုးတဲ့ ႏိုင္ငံ ၃၀ ခန္႔တြင္ အခ်ဳိ႕ႏိုင္ငံမ်ားမွာ ကုန္သြယ္လ်က္ရွိၿပီး အခ်ဳိ႕ေသာႏိုင္ငံမ်ားမွာ ကုန္သြယ္ရန္ ျပင္ဆင္လ်က္ရွိေၾကာင္း စီးပြား/ကူးသန္း ၀န္ႀကီးဌာနမွ သိရပါတယ္။

 

Source: Voice

 

Unicode ျဖင့္ဖတ္ရန္

မြန်မာနှင့် ကုန်သွယ်ဖက်နိုင်ငံ အရေအတွက်တိုး
ဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုပြုနေတဲ့ နိုင်ငံများနှင့် အခြားကုန်သွယ်ဖက်နိုင်ငံအသစ် ၃၀ ခန့် ပိုတိုးလာကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ သိရပါတယ်။
ပြည်တွင်းတွင် အဓိကပို့ကုန်ဖြစ်တဲ့ ဆန်၊ ပြောင်းနှင့် အခြားသော လယ်ယာထွက်ကုန်များကို ကုန်သွယ်ဖက်နိုင်ငံအသစ်များက ၀ယ်ယူကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်များ၀ယ်ယူလာသည့်အပြင် အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာရှတိုက်အတွင်း နိုင်ငံများလည်း စိုက်ပျိုးရေး ထွက်ကုန်များ ၀ယ်ယူရန် ကမ်းလှမ်းမှုများရှိနေကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ သိရပါတယ်။
ကုန်သွယ်ဖက်နိုင်ငံများ တိုးလာခြင်းကြောင့် ယခုဘဏ္ဍာနှစ် ဖေဖော်၀ါရီလအထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံနီးပါးရှိပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တစ်ခုလုံး၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံရှိကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ သိရပါတယ်။
လက်ရှိတွင် အဓိက ကုန်သွယ်နေတဲ့ နိုင်ငံပေါင်း ၇၄ နိုင်ငံရှိပြီး အများဆုံး ကုန်သွယ်သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကာ အနည်းဆုံး ကုန်သွယ်တဲ့ နိုင်ငံမှာ ကျွန်းနိုင်ငံများဖြစ်ကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ သိရပါတယ်။
ယခင်က ကုန်သွယ်ဖက်နိုင်ငံ ၅၀ ကျော်ရှိခဲ့ပြီး လက်ရှိအသစ်တိုးတဲ့ နိုင်ငံ ၃၀ ခန့်တွင် အချို့နိုင်ငံများမှာ ကုန်သွယ်လျက်ရှိပြီး အချို့သောနိုင်ငံများမှာ ကုန်သွယ်ရန် ပြင်ဆင်လျက်ရှိကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ သိရပါတယ်။
Source: Voice

Read times Last modified on Tuesday, 18 September 2018 15:57
Rate this item
(0 votes)