Food & Livestock



လာမည့်ငါးနှစ်တာ ဆန်ကုန်သွယ်မှု သဘောတူညီချက် ဗီယက်နမ်နှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုးမည်

လာမည့်ငါးနှစ်တာ ဆန်ကုန်သွယ်မှု သဘောတူညီချက် ဗီယက်နမ်နှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုးမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr ၏ ဗီယက်နမ်သို့  နိုင်ငံတော်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် လာမည့်ငါးနှစ်တာ ဆန်ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့(ဇန် ၃၀)တွင် ပြောကြားသည်။

 

ဆန်စပါးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာသည် နှစ်နိုင်ငံလက်မှတ်‌ေရးထိုးမည့် သဘောတူစာချုပ်များထဲမှ တခုဖြစ်သည်။

၎င်းစာချွန်လွှာအရ  ရာသီဥတုဖောက်ပြန်မှု၊ ကပ်ရောဂါနှင့် အခြားဖြစ်ရပ်များ၏ သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့လျှင်လည်း ဗီယက်နမ်ဆန်ကို ဖိလစ်ပိုင်ထံ  မပျက်မကွက် ရောင်းချပေးမည် ဖြစ်သည်။

ထိုသို့ ရောင်းချရာ၌ ပုဂ္ဂလိကကဏ္ဍမှသာ ရောင်းချပေးမည်ဖြစ်ပြီး ဆန်ဖြူ မက်ထရစ်တန် ၁ သန်းခွဲမှ ၂ သန်းအထိ သင့်တင်လျောက်ပတ်သော ပေါက်ဈေးများဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ဖိလစ်ပိုင်အနေဖြင့်လည်း ပုဂ္ဂလိကကဏ္ဍမှသာ ဝယ်ယူမည် ဖြစ်သည်။ 

ဖိလစ်ပိုင်နိုင်ငံ ဆန်တင်သွင်းသည့် အဓိကနိုင်ငံများထဲ ပါဝင်ပြီး ဗီယက်န်ဆန်ကို အများဆုံး တင်သွင်းပါသည်။

 

Source Manila bulletin


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 30 January 2024 17:45
Rate this item
(0 votes)