Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တောင်အမေရိကတိုက်သို့ မြန်မာ့ပို့ကုန်များ ဈေးကွက် ချဲ့ထွင်ရန် စီးပွား/ကူးသန်း စီစဉ်

Unicode

တောင်အမေရိကတိုက်သို့ မြန်မာ့ပို့ကုန်များ ဈေးကွက် ချဲ့ထွင်ရန် စီးပွား/ကူးသန်း စီစဉ်


လာမည့် ၂၀၂၀ မှ ၂၀၂၅ ခုနှစ်အထိ အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်း အစီအစဉ်အရ မြန်မာ့ ပို့ကုန်များကို တောင် အမေရိကတိုက်ဘက်သို့ ဈေးကွက် တိုးချဲ့ထွင် တင်ပို့တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဧရာဝတီသို့ ပြောသည်။


မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်ပစ္စည်းများကို အဓိကအားဖြင့် သမရိုးကျ ဈေးကွက်ဖြစ်သည့် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ တင်ပို့သော ဈေးကွက်နှင့် ဥရောပ ဈေးကွက် အစရှိသည်တို့သာ တင်ပို့လျက် ရှိသော်လည်း နောက်ပိုင်းတွင် အလယ်ပိုင်း အမေရိက၊ လက်တင် အမေရိက၊ အာဖရိက၊ သြစတေးလျ အစရှိသည့် နိုင်ငံများသို့ ဈေးကွက် ချဲ့ထွင်ရန် အတွက် မြန်မာ့ စီးပွားရေး သံမှူးများ စေလွှတ်ထားပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးအောင်စိုးက “ကျန်နေတဲ့ တချို့နိုင်ငံတွေကို လည်း ဆက်လွှတ်မယ်။ ဒီနေရာတွေက မြန်မာပို့ကုန် အရောက် နည်းသေးတယ်။ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ပြီးတော့ ဆက်လုပ်သွားဖို့ ရှိပါတယ်။ ပို့ကုန်မြှင့်တင်ရေး မဟာဗျူ ဟာ ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်” ဟု ရှင်းပြသည်။

 

ထို့ပြင် “အခု ၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ၅ နှစ် စီမံကိန်း ဆွဲထားတယ်။ အဲဒီနေရာမှာ မြန်မာ နိုင်ငံရဲ့ သမရိုးကျ စိုက်ပျိုးရေး ပို့ကုန်တွေ အပြင် အခု အလားအလာ ကောင်းလာတာက သစ်သီးဝလံပေါ့။ လက်ရှိ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ဖိုးလောက် အထိအောင် ပို့နိုင်လာပြီ အထူးသဖြင့်ကတော့ အိမ်နီးချင်း ဖြစ်တဲ့ တရုတ်တို့ ထိုင်းတို့ တင်ပို့နေတယ်”ဟု ဆက်လက် ရှင်းပြသည်။

 

အဆိုပါ ၅ နှစ်ပို့ကုန် မဟာဗျူဟာ စီမံကိန်းကို လက်ရှိတွင် မဟာဗျူဟာ အစီအစဉ်များ ရေးဆွဲနေပြီး မကြာခင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ၁၇ ရက်ကြာ ဆွေးနွေးပွဲများ ပြုလုပ်ရန် လျာထားကြောင်း၊ ထိုဆွေးနွေးပွဲများမှ တဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပို့ကုန် ကဏ္ဍအသီးသီးမှ ကုန်သည်၊ လုပ်ငန်းရှင်များ နှင့် နိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့ ပညာရှင်များက မြန်မာ့အလားအလာ ရှိသော ပို့ကုန်သစ်များကို ဖော်ထုတ်သွားမည် ၎င်းက ရှင်းပြသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “Action plan တွေက ဆွေးနွေးပြီးမှ သီးသန့် ကဏ္ဍ ၁ ခုပေါ်မှာ ဘယ်လောက်ထိ တင်ပို့နိုင်ဖို့ မျှော်မှန်းတယ်ဆိုတာ ထွက်မှာ ဖြစ်တယ်။ ၂၀၂၀ ခုနှစ်မှာ စမှာ ဖြစ်တဲ့အတွက် အခုမှ ဦးစားပေးကဏ္ဍကို ရွေးချယ်တဲ့ အနေအထားပဲ ရှိသေးတယ်။ ပြီးရင် အထောက်အကူ ပေးရမယ့် ကဏ္ဍက ဘာတွေ ဖြစ်မလဲ၊ ဘယ်လိုတွေ လုပ်မယ်ဆိုတာ အသေးစိတ် အစီအစဉ်တွေ ဆွေးနွေးပြီးမှ ထွက် မယ်”ဟု ဧရာဝတီသို့ ပြောသည်။

 

ဆက်လက်၍ ၎င်းက “ရေထွက်လုပ်ငန်းဆိုရင် အများကြီး အလားအလာရှိတဲ့ ကဏ္ဍဖြစ်တယ်။ နိုင်ငံမှာလည်း မွေးမြူရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး တော်တော်များများ အကောင်အထည် ဖော်နိုင်တဲ့ အနေ အထား ဖြစ်လာတယ်။ မွေးမြူရေးကဏ္ဍ တိုးတက်အောင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနက လုပ်နေသလို ဒီဖက်ကလည်း ပို့ကုန်ဈေးကွက် ရအောင် လုပ်နေ တယ်။ နောက်ထပ် ဒီကဏ္ဍ တိုးတက်အောင် ဘာတွေလုပ်မလည်း ဆိုတာ ဆွေးနွေးမယ်။ ခရီးသွားကဏ္ဍ မှာလည်း ဒီလိုပဲ ဆောင်ရွက် ဆွေးနွေးမှာ ဖြစ်တယ်”ဟု ဆိုသည်။

 

Read More >>>>>  ေဆာင္းၾကက္သြန္နီစိုက္ ရာသီတြင္ ဧကျပတ္ေငြေပးစနစ္ျဖင့္ ငွားရမ္း စိုက္ပ်ဳိးေနရ

 

ဒီဇင်ဘာလတွင် ပြီးဆုံးတော့မည့် ၂၀၁၅-၂၀၁၉ ခုနှစ် အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်းတွင် ဆန်စပါးကဏ္ဍ၌ နှစ် ပေါင်း ၇၀ အတွင်း ပြည်ပသို့ တန်ချိန် ၃ ဒသမ ၅၉ သန်းအထိ တင်ပို့နိုင်ခဲ့ခြင်း၊ ဈေးကွက်သစ်များ ရှာဖွေ ပေးနိုင် ခဲ့ခြင်းနှင့် ပေါင်းဆန်များ ထုတ်လုပ်တင်ပို့နိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ခရီးသွားကဏ္ဍ အနေနှင့်လည်း ခရီးသွားလုပ် ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အကူအညီနှင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

“ဒါပေမယ့် ပဲမျိုးစုံကဏ္ဍကတော့ စီးပွားကူးသန်းက ဦးစားပေး ဆောင်ရွက်သော်လည်း တဖက်က အဓိက ဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲကြောင့် အောင်မြင်မှု မရခဲ့ဘူး”ဟု ဦးခင်မောင်လွင်က ရှင်းပြသည်။

 

ယခုနှစ်တွင် ပြီးဆုံးမည့် ၂၀၁၅-၂၀၁၉ အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းတွင် စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ အထည်လိပ်နှင့် အဝတ်အထည် ပစ္စည်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ လယ်ယာစက်ပစ္စည်း အခြေခံသည့် စားသုံး သူ ထုတ်လုပ်ရေးကဏ္ဍ၊ ရေထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်ပစ္စည်း ကဏ္ဍဟု ဆိုကာ ဦးစားပေးကဏ္ဍ ၆ ခု ထည့်သွင်း ဆောင်ရွက်ခဲ့သည်။

 

၂၀၂၀-၂၀၂၅ ခုနှစ် အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းတွင် ယခင်က ပါရှိသော ဦးစားပေး ပို့ကုန်ကဏ္ဍများအပြင် ထပ်မံ၍ လယ်ယာထွက်ကုန် အခြေခံသည့် စားသုံးသူ ထုတ်လုပ်ရေးကဏ္ဍတွင် သစ်သီးဝလံကဏ္ဍ၊ ရော်ဘာလုပ်ငန်းကဏ္ဍ နှင့် ခရီးသွားလုပ်ငန်းကဏ္ဍများကို ထပ်မံဖြည့်စွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးကျော်သူက “သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်က ဒီအစီအစဉ် စတဲ့အချိန်မှာ မပါဘူး။ စပါးတို့ ပဲမျိုးစုံတို့ပဲ ပါတာ။ အခုတော့ အမျိုးသား ပို့ကုန် မဟာဗျူဟာထဲကို ထည့်လိုက်တယ်။ အဲဒီအတွက် နောက်ပိုင်းမှာ နိုင်ငံခြားပို့ကုန် မဟာဗျူဟာထွက်လာမှာ ဖြစ် တယ်။ ကျနော်တို့ သီးနှံတခုချင်းကို ဆွဲဖို့ အကြံပြုထားတယ်။ လက်ရှိ Export တင်ပို့နေတာရယ်၊ ထပ်ပြီး Export Potential ရှိတဲ့ သီးနှံတွေကိုလုပ်ဖို့ပါ”ဟု ဧရာဝတီသို့ ပြောသည်။

 

လက်ရှိတွင် ဖရဲ၊ သခွားမွှေး၊ သရက် တို့ကို ပြည်ပသို့ တင်ပို့နေပြီး ထပ်မံ၍ ပြည်ပ ပို့ကုန်အဖြစ် အလားအလာရှိသည့် လက်ဖက်၊ ဝဥ ကဲ့သို့သော သစ်သီးဝလံများကို Action Plan ထည့်သွင်းရေးဆွဲရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားပြီး ယင်းစီမံကိန်းများ ထွက်ပေါ်လာလျှင် နိုင်ငံတကာဈေးကွက်တွင် သစ်သီးဝလံနှင့် ဟင်းရွက် ကဏ္ဍသည် ပို၍ အဆင်ပြေလာမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 

အစားအေသာက္ႏွင့္သက္ဆိုင္တဲ့ Catagories ကိုရွာရန္ႏွိပ္ပါ။

 

“အခု ဂျာမနီကို လက်ဖက်နဲ့ သရက် စပို့တယ်။ သူက သရက်သီးဆိုရင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices) GAP သရက်သီးခြံဖြစ်ရမယ်။ ပြီးရင် သူတို့မှာတဲ့ အရည်အသွေးစစ်တဲ့ အမျိုးပေါင်း နှစ်ရာလောက်ကို စစ်ပေးနိုင်ရမယ်။ ဒီလိုလုပ်နိုင်တဲ့ လုပ်ငန်းရှင်ရှိမှဘဲ ကျနော်တို့ တင်ပို့နိုင်မယ်။ ဈေးကွက်ရှိပေမယ့် လက်မှတ်တို့ ဘာတို့ ညာတို့ တောင်းတဲ့အခါ ကျနော်တို့က လိုက်လုပ်နိုင်တဲ့ လုပ်ငန်းရှင် ရှိဖို့ လိုတယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

 

လက်ရှိတွင် သစ်သီးဝလံများကို တရုတ်သို့ အများဆုံး တင်ပို့လျက်ရှိပြီး စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှလည်း ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေသဖြင့် ထိုနိုင်ငံများအပေါ်တွင် နိုင်ငံအလိုက် သတ်မှတ်ထားသည့် အရည်အသွေး သတ်မှတ်ချက်များ၊ စံနှုန်းမှီအောင် လုပ်ဆောင်နိုင်မှသာ တင်ပို့နိုင်မည် ဖြစ်သည်ဟု သိရသည်။

 

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က “ရေထွက်ကုန်ကတော့ အလားအလာကောင်းတယ်လို့ အားလုံးက သုံးသပ်နေကြတယ်။ ဒါပေမယ့် ဘဏ်တွေနဲ့ ချိတ်ဆက်ဖို့အပိုင်းက နည်းနည်းလေး ခက်ခဲနေတယ်။ စီမံကိန်းကြီးတွေက လုပ်ငန်းရှင်တွေ ရှိနေတဲ့ ငွေရေးကြေးရေးနဲ့ မလောက်နိုင်ဘူး။ ဒါကြောင့် ဘဏ်နဲ့ ချိတ်ဆက်လုပ်နိုင်ဖို့ အတွက် ထောက်ခံချက်လေး သက်ဆိုင်ရာ ဌာနက ထုတ်ပေးဖို့ လိုတယ်။ စီမံကိန်းတွေကို အစိုးရကိုယ်တိုင်က ဒါတွေက နိုင်ငံတော်ဖွံ့ဖြိုးဖို့အတွက် စီမံကိန်းတွေ ဖြစ်တယ်ဆိုတာကို သူတို့အနေနဲ့ ထောက်ခံပေးဖို့ လိုတယ်”ဟု ပြောသည်။

 

ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းမှာ ဘေးထွက်ဆိုးကျိုး များသောကြောင့် ဘဏ်များဘက်ကလည်း စဉ်းစားခြင်း ဖြစ်သဖြင့် ဘဏ်လုပ်ငန်းရှင်များ အနေနှင့် မွေးမြူရေး လုပ်ငန်းရှင်များကို ရဲရဲဝံ့ဝံ့ ချေးငွေများ ချထားပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက်များ လိုအပ်သည်ဟု ၎င်းက ပြောသည်။

 

ယင်းအပြင် ဒေါ်တိုးနန္ဒာတင်က “နိုင်ငံတော်ကတော့ ဈေးကွက်တွေကို ဖြန့်ပြီးတော့ နိုင်ငံတကာကို စီးပွားရေးသံမှူးတွေ လွှတ်ပြီးတော့ ကျမတို့ နိုင်ငံမှာ ဒါတွေရတယ်ဆိုပြီး တရားဝင် ချိတ်ဆက်ထားသင့်တယ်။ ဒါဆိုရင် ဘယ်နိုင်ငံသွားသွား အဆင်ပြေတယ်။ အခုက တရုတ်နဲ့တောင် မွေးမြူရေး ငါး၊ ပုဇွန် တင်ပို့မှုက တရားဝင် မရသေးဘူး။ လုပ်ရမှာ အများကြီး ကျန်ပါသေးတယ်”ဟု ထောက်ပြ ပြောဆိုသည်။

 

အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်းတွင် ခရီးသွားကဏ္ဍတခုလည်း ပါဝင်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် တနင်္သာရီ တိုင်း မြိတ်ကျွန်းစုရှိ ကျွန်းများကို ခရီးစဉ် ဒေသအဖြစ် နိုင်ငံတကာ အကူအညီများ ရရှိပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်သင့်ကြောင်း MT & K Tourism ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသက်ခိုင်က ပြောသည်။

 

“အဲဒီမှာ သဘာ၀ အလှတရားတွေ အများကြီး ကျန်သေးတယ်။ နိုင်ငံခြားသားတွေ အကြိုက်ဖြစ်တယ်။ ဒါကို ဇောင်းပေးပြီး လုပ်စေချင်တယ်။ ပုဂံ၊ မန္တလေးက သိပြီးသား ဖြစ်တယ်။ တနင်္သာရီတိုင်း မြိတ်ကျွန်းစုကို လုပ်စေချင်တယ်။ ကမ္ဘာသိ အောင် လုပ်မယ်ဆိုရင် ဈေးနှုန်းလည်း အသင့်အတင့်ဖြစ်အောင် လုပ်ရမယ်။ ဈေးနှုန်းများရင် လူပေါင်းစုံ မလာနိုင်ဘူး” ၎င်းက ပြောသည်။

 

လက်ရှိမြန်မာနိုင်ငံ၏ ဧည့်လမ်းညွှန် ကုန်ကျစရိတ်မှာ တခြားအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ မြင့်နေပြီး ယင်းအချက်မှာ ခရီးသွားကဏ္ဍအတွက် စိန်ခေါ်မှု တခုဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

 

“ခရီးသွားကဏ္ဍကို ထိထိရောက်ရောက်နဲ့ အစိုးရ၊ ပုဂ္ဂလိက ပေါင်းလုပ်မယ် ဆိုရင်တော့ အများကြီးတိုးတက်နိုင်တယ်။ တိုင်းပြည် ဝင်ငွေလည်း ဒီကဏ္ဍက အများကြီး ရှာပေးနိုင်တယ်။ သူများနိုင်ငံနဲ့ယှဉ်ရင် အခုက ကျနော်တို့နိုင်ငံက အစွန်း ထွက်လောက်ပဲ အခုက ခရီးသွားဝင်တယ်။

 

ကျနော်တို့ နိုင်ငံက အရှေ့တောင် အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပြစရာ တွေ အများကြီး။ ပူတဲ့ အညာဒေသရှိသလို အေးတဲ့ ရေခဲတောင်ရှိတဲ့ ဒေသတွေထိရှိတယ်။ ဒါတွေက ခရီးသွားတွေ အကြိုက်ဖြစ်တယ်။ လုပ်စရာတွေ အများကြီး”ဟု ၎င်းက ဆိုသည်။

 

Source: Burma Irriwaddy
Topics: ပို့ကုန်, ရေထွက်လုပ်ငန်း

 

 

 

ေတာင္အေမရိကတိုက္သို႔ ျမန္မာ့ပို႔ကုန္မ်ား ေဈးကြက္ ခ်ဲ႕ထြင္ရန္ စီးပြား/ကူးသန္း စီစဥ္

 

လာမည့္ ၂၀၂၀ မွ ၂၀၂၅ ခုႏွစ္အထိ အမ်ိဳးသားပို႔ကုန္ မဟာဗ်ဴဟာစီမံကိန္း အစီအစဥ္အရ ျမန္မာ့ ပို႔ကုန္မ်ားကို ေတာင္ အေမရိကတိုက္ဘက္သို႔ ေဈးကြက္ တိုးခ်ဲ႕ထြင္ တင္ပို႔ေတာ့မည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန အျမဲတမ္းအတြင္းဝန္ ဦးေအာင္စိုးက ဧရာဝတီသို႔ ေျပာသည္။

 

ျမန္မာနိုင္ငံ အေနျဖင့္ ပို႔ကုန္ပစၥည္းမ်ားကို အဓိကအားျဖင့္ သမရိုးက် ေဈးကြက္ျဖစ္သည့္ အိမ္နီးခ်င္းနိုင္ငံမ်ားႏွင့္ အာဆီယံနိုင္ငံမ်ားသို႔ တင္ပို႔ေသာ ေဈးကြက္ႏွင့္ ဥေရာပ ေဈးကြက္ အစရွိသည္တို႔သာ တင္ပို႔လ်က္ ရွိေသာ္လည္း ေနာက္ပိုင္းတြင္ အလယ္ပိုင္း အေမရိက၊ လက္တင္ အေမရိက၊ အာဖရိက၊ ၾသစေတးလ် အစရွိသည့္ နိုင္ငံမ်ားသို႔ ေဈးကြက္ ခ်ဲ႕ထြင္ရန္ အတြက္ ျမန္မာ့ စီးပြားေရး သံမႉးမ်ား ေစလႊတ္ထားၿပီ ျဖစ္ေၾကာင္း ၎က ေျပာသည္။

 

ျမန္မာ့ကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ ညႊန္ၾကားေရးမႉးခ်ဳပ္လည္း ျဖစ္သူ ဦးေအာင္စိုးက “က်န္ေနတဲ့ တခ်ိဳ႕နိုင္ငံေတြကို လည္း ဆက္လႊတ္မယ္။ ဒီေနရာေတြက ျမန္မာပို႔ကုန္ အေရာက္ နည္းေသးတယ္။ ေဈးကြက္ကို က်ယ္က်ယ္ျပန႔္ျပန႔္ ခ်ဲ႕ၿပီးေတာ့ ဆက္လုပ္သြားဖို႔ ရွိပါတယ္။ ပို႔ကုန္ျမႇင့္တင္ေရး မဟာဗ်ဴ ဟာ ေရးဆြဲၿပီး ေဆာင္ရြက္ေနပါတယ္” ဟု ရွင္းျပသည္။

 

ထို႔ျပင္ “အခု ၂၀၂၀ ခုႏွစ္ကေန ၂၀၂၅ ခုႏွစ္အထိ ၅ ႏွစ္ စီမံကိန္း ဆြဲထားတယ္။ အဲဒီေနရာမွာ ျမန္မာ နိုင္ငံရဲ့ သမရိုးက် စိုက္ပ်ိဳးေရး ပို႔ကုန္ေတြ အျပင္ အခု အလားအလာ ေကာင္းလာတာက သစ္သီးဝလံေပါ့။ လက္ရွိ အေမရိကန္ ေဒၚလာ သန္း ၄၀၀ ဖိုးေလာက္ အထိေအာင္ ပို႔နိုင္လာၿပီ အထူးသျဖင့္ကေတာ့ အိမ္နီးခ်င္း ျဖစ္တဲ့ တ႐ုတ္တို႔ ထိုင္းတို႔ တင္ပို႔ေနတယ္”ဟု ဆက္လက္ ရွင္းျပသည္။

 

အဆိုပါ ၅ ႏွစ္ပို႔ကုန္ မဟာဗ်ဴဟာ စီမံကိန္းကို လက္ရွိတြင္ မဟာဗ်ဴဟာ အစီအစဥ္မ်ား ေရးဆြဲေနၿပီး မၾကာခင္ ျမန္မာနိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ (UMFCCI) တြင္ ၁၇ ရက္ၾကာ ေဆြးေႏြးပြဲမ်ား ျပဳလုပ္ရန္ လ်ာထားေၾကာင္း၊ ထိုေဆြးေႏြးပြဲမ်ားမွ တဆင့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန တာဝန္ရွိသူမ်ား၊ ပို႔ကုန္ က႑အသီးသီးမွ ကုန္သည္၊ လုပ္ငန္းရွင္မ်ား ႏွင့္ နိုင္ငံတကာ ကုန္သြယ္ေရးအဖြဲ႕ ပညာရွင္မ်ားက ျမန္မာ့အလားအလာ ရွိေသာ ပို႔ကုန္သစ္မ်ားကို ေဖာ္ထုတ္သြားမည္ ၎က ရွင္းျပသည္။

 

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က “Action plan ေတြက ေဆြးေႏြးၿပီးမွ သီးသန႔္ က႑ ၁ ခုေပၚမွာ ဘယ္ေလာက္ထိ တင္ပို႔နိုင္ဖို႔ ေမၽွာ္မွန္းတယ္ဆိုတာ ထြက္မွာ ျဖစ္တယ္။ ၂၀၂၀ ခုႏွစ္မွာ စမွာ ျဖစ္တဲ့အတြက္ အခုမွ ဦးစားေပးက႑ကို ေရြးခ်ယ္တဲ့ အေနအထားပဲ ရွိေသးတယ္။ ၿပီးရင္ အေထာက္အကူ ေပးရမယ့္ က႑က ဘာေတြ ျဖစ္မလဲ၊ ဘယ္လိုေတြ လုပ္မယ္ဆိုတာ အေသးစိတ္ အစီအစဥ္ေတြ ေဆြးေႏြးၿပီးမွ ထြက္ မယ္”ဟု ဧရာဝတီသို႔ ေျပာသည္။

 

ဆက္လက္၍ ၎က “ေရထြက္လုပ္ငန္းဆိုရင္ အမ်ားႀကီး အလားအလာရွိတဲ့ က႑ျဖစ္တယ္။ နိုင္ငံမွာလည္း ေမြးျမဴေရး လုပ္ငန္းနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္မ်ားမ်ား အေကာင္အထည္ ေဖာ္နိုင္တဲ့ အေန အထား ျဖစ္လာတယ္။ ေမြးျမဴေရးက႑ တိုးတက္ေအာင္လည္း သက္ဆိုင္ရာ ဝန္ႀကီးဌာနက လုပ္ေနသလို ဒီဖက္ကလည္း ပို႔ကုန္ေဈးကြက္ ရေအာင္ လုပ္ေန တယ္။ ေနာက္ထပ္ ဒီက႑ တိုးတက္ေအာင္ ဘာေတြလုပ္မလည္း ဆိုတာ ေဆြးေႏြးမယ္။ ခရီးသြားက႑ မွာလည္း ဒီလိုပဲ ေဆာင္ရြက္ ေဆြးေႏြးမွာ ျဖစ္တယ္”ဟု ဆိုသည္။

 

Read More >>>>>  ေဆာင္းၾကက္သြန္နီစိုက္ ရာသီတြင္ ဧကျပတ္ေငြေပးစနစ္ျဖင့္ ငွားရမ္း စိုက္ပ်ဳိးေနရ

 

ဒီဇင္ဘာလတြင္ ၿပီးဆုံးေတာ့မည့္ ၂၀၁၅-၂၀၁၉ ခုႏွစ္ အမ်ိဳးသားပို႔ကုန္ မဟာဗ်ဴဟာစီမံကိန္းတြင္ ဆန္စပါးက႑၌ ႏွစ္ ေပါင္း ၇၀ အတြင္း ျပည္ပသို႔ တန္ခ်ိန္ ၃ ဒသမ ၅၉ သန္းအထိ တင္ပို႔နိုင္ခဲ့ျခင္း၊ ေဈးကြက္သစ္မ်ား ရွာေဖြ ေပးနိုင္ ခဲ့ျခင္းႏွင့္ ေပါင္းဆန္မ်ား ထုတ္လုပ္တင္ပို႔နိုင္ျခင္း စသည္တို႔ကို ေဆာင္ရြက္နိုင္ခဲ့ၿပီး ခရီးသြားက႑ အေနႏွင့္လည္း ခရီးသြားလုပ္ ငန္း ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ နိုင္ငံတကာ အကူအညီႏွင့္ ေဆာင္ရြက္ေပးနိုင္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း ဝယ္ေရး ဝန္ႀကီးဌာနမွ သိရသည္။

 

“ဒါေပမယ့္ ပဲမ်ိဳးစုံက႑ကေတာ့ စီးပြားကူးသန္းက ဦးစားေပး ေဆာင္ရြက္ေသာ္လည္း တဖက္က အဓိက ဝယ္လက္ျဖစ္တဲ့ အိႏၵိယနိုင္ငံရဲ့ မူဝါဒ အေျပာင္းအလဲေၾကာင့္ ေအာင္ျမင္မႈ မရခဲ့ဘူး”ဟု ဦးခင္ေမာင္လြင္က ရွင္းျပသည္။

 

ယခုႏွစ္တြင္ ၿပီးဆုံးမည့္ ၂၀၁၅-၂၀၁၉ အမ်ိဳးသားပို႔ကုန္ မဟာဗ်ဴဟာ စီမံကိန္းတြင္ စက္မႈႏွင့္ လၽွပ္စစ္ပစၥည္းက႑၊ အထည္လိပ္ႏွင့္ အဝတ္အထည္ ပစၥည္းက႑၊ သစ္ေတာထြက္ပစၥည္းက႑၊ လယ္ယာစက္ပစၥည္း အေျခခံသည့္ စားသုံး သူ ထုတ္လုပ္ေရးက႑၊ ေရထြက္ပစၥည္းက႑၊ ဒစ္ဂ်စ္တယ္ ထုတ္ကုန္ပစၥည္း က႑ဟု ဆိုကာ ဦးစားေပးက႑ ၆ ခု ထည့္သြင္း ေဆာင္ရြက္ခဲ့သည္။

 

၂၀၂၀-၂၀၂၅ ခုႏွစ္ အမ်ိဳးသားပို႔ကုန္ မဟာဗ်ဴဟာ စီမံကိန္းတြင္ ယခင္က ပါရွိေသာ ဦးစားေပး ပို႔ကုန္က႑မ်ားအျပင္ ထပ္မံ၍ လယ္ယာထြက္ကုန္ အေျခခံသည့္ စားသုံးသူ ထုတ္လုပ္ေရးက႑တြင္ သစ္သီးဝလံက႑၊ ေရာ္ဘာလုပ္ငန္းက႑ ႏွင့္ ခရီးသြားလုပ္ငန္းက႑မ်ားကို ထပ္မံျဖည့္စြက္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ဝန္ႀကီးဌာနမွ သိရသည္။

 

ျမန္မာနိုင္ငံ သစ္သီးဝလံ၊ ပန္းမာန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း အတြင္းေရးမႉး ဦးေက်ာ္သူက “သစ္သီးဝလံနဲ႔ ဟင္းသီးဟင္းရြက္က ဒီအစီအစဥ္ စတဲ့အခ်ိန္မွာ မပါဘူး။ စပါးတို႔ ပဲမ်ိဳးစုံတို႔ပဲ ပါတာ။ အခုေတာ့ အမ်ိဳးသား ပို႔ကုန္ မဟာဗ်ဴဟာထဲကို ထည့္လိုက္တယ္။ အဲဒီအတြက္ ေနာက္ပိုင္းမွာ နိုင္ငံျခားပို႔ကုန္ မဟာဗ်ဴဟာထြက္လာမွာ ျဖစ္ တယ္။ က်ေနာ္တို႔ သီးႏွံတခုခ်င္းကို ဆြဲဖို႔ အႀကံျပဳထားတယ္။ လက္ရွိ Export တင္ပို႔ေနတာရယ္၊ ထပ္ၿပီး Export Potential ရွိတဲ့ သီးႏွံေတြကိုလုပ္ဖို႔ပါ”ဟု ဧရာဝတီသို႔ ေျပာသည္။

 

လက္ရွိတြင္ ဖရဲ၊ သခြားေမႊး၊ သရက္ တို႔ကို ျပည္ပသို႔ တင္ပို႔ေနၿပီး ထပ္မံ၍ ျပည္ပ ပို႔ကုန္အျဖစ္ အလားအလာရွိသည့္ လက္ဖက္၊ ဝဥ ကဲ့သို႔ေသာ သစ္သီးဝလံမ်ားကို Action Plan ထည့္သြင္းေရးဆြဲရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနသို႔ တင္ျပထားၿပီး ယင္းစီမံကိန္းမ်ား ထြက္ေပၚလာလၽွင္ နိုင္ငံတကာေဈးကြက္တြင္ သစ္သီးဝလံႏွင့္ ဟင္းရြက္ က႑သည္ ပို၍ အဆင္ေျပလာမည္ ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

 

အစားအေသာက္ႏွင့္သက္ဆိုင္တဲ့ Catagories ကိုရွာရန္ႏွိပ္ပါ။

 

“အခု ဂ်ာမနီကို လက္ဖက္နဲ႔ သရက္ စပို႔တယ္။ သူက သရက္သီးဆိုရင္ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား (Good Agriculture Practices) GAP သရက္သီးၿခံျဖစ္ရမယ္။ ၿပီးရင္ သူတို႔မွာတဲ့ အရည္အေသြးစစ္တဲ့ အမ်ိဳးေပါင္း ႏွစ္ရာေလာက္ကို စစ္ေပးနိုင္ရမယ္။ ဒီလိုလုပ္နိုင္တဲ့ လုပ္ငန္းရွင္ရွိမွဘဲ က်ေနာ္တို႔ တင္ပို႔နိုင္မယ္။ ေဈးကြက္ရွိေပမယ့္ လက္မွတ္တို႔ ဘာတို႔ ညာတို႔ ေတာင္းတဲ့အခါ က်ေနာ္တို႔က လိုက္လုပ္နိုင္တဲ့ လုပ္ငန္းရွင္ ရွိဖို႔ လိုတယ္”ဟု ၎က သုံးသပ္ေျပာဆိုသည္။

 

လက္ရွိတြင္ သစ္သီးဝလံမ်ားကို တ႐ုတ္သို႔ အမ်ားဆုံး တင္ပို႔လ်က္ရွိၿပီး စင္ကာပူ၊ ကိုရီးယားႏွင့္ ဂ်ပန္နိုင္ငံတို႔မွလည္း ဝယ္ယူရန္ ကမ္းလွမ္းမႈမ်ား ရွိေနသျဖင့္ ထိုနိုင္ငံမ်ားအေပၚတြင္ နိုင္ငံအလိုက္ သတ္မွတ္ထားသည့္ အရည္အေသြး သတ္မွတ္ခ်က္မ်ား၊ စံႏႈန္းမွီေအာင္ လုပ္ေဆာင္နိုင္မွသာ တင္ပို႔နိုင္မည္ ျဖစ္သည္ဟု သိရသည္။

 

ျမန္မာနိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒ ေဒၚတိုးနႏၵာတင္က “ေရထြက္ကုန္ကေတာ့ အလားအလာေကာင္းတယ္လို႔ အားလုံးက သုံးသပ္ေနၾကတယ္။ ဒါေပမယ့္ ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္ဖို႔အပိုင္းက နည္းနည္းေလး ခက္ခဲေနတယ္။ စီမံကိန္းႀကီးေတြက လုပ္ငန္းရွင္ေတြ ရွိေနတဲ့ ေငြေရးေၾကးေရးနဲ႔ မေလာက္နိုင္ဘူး။ ဒါေၾကာင့္ ဘဏ္နဲ႔ ခ်ိတ္ဆက္လုပ္နိုင္ဖို႔ အတြက္ ေထာက္ခံခ်က္ေလး သက္ဆိုင္ရာ ဌာနက ထုတ္ေပးဖို႔ လိုတယ္။ စီမံကိန္းေတြကို အစိုးရကိုယ္တိုင္က ဒါေတြက နိုင္ငံေတာ္ဖြံ့ၿဖိဳးဖို႔အတြက္ စီမံကိန္းေတြ ျဖစ္တယ္ဆိုတာကို သူတို႔အေနနဲ႔ ေထာက္ခံေပးဖို႔ လိုတယ္”ဟု ေျပာသည္။

 

ေရလုပ္ငန္းႏွင့္ ေမြးျမဴေရးလုပ္ငန္းမွာ ေဘးထြက္ဆိုးက်ိဳး မ်ားေသာေၾကာင့္ ဘဏ္မ်ားဘက္ကလည္း စဥ္းစားျခင္း ျဖစ္သျဖင့္ ဘဏ္လုပ္ငန္းရွင္မ်ား အေနႏွင့္ ေမြးျမဴေရး လုပ္ငန္းရွင္မ်ားကို ရဲရဲဝံ့ဝံ့ ေခ်းေငြမ်ား ခ်ထားေပးရန္ သက္ဆိုင္ရာ ဝန္ႀကီးဌာန၏ ေထာက္ခံခ်က္မ်ား လိုအပ္သည္ဟု ၎က ေျပာသည္။

 

ယင္းအျပင္ ေဒၚတိုးနႏၵာတင္က “နိုင္ငံေတာ္ကေတာ့ ေဈးကြက္ေတြကို ျဖန႔္ၿပီးေတာ့ နိုင္ငံတကာကို စီးပြားေရးသံမႉးေတြ လႊတ္ၿပီးေတာ့ က်မတို႔ နိုင္ငံမွာ ဒါေတြရတယ္ဆိုၿပီး တရားဝင္ ခ်ိတ္ဆက္ထားသင့္တယ္။ ဒါဆိုရင္ ဘယ္နိုင္ငံသြားသြား အဆင္ေျပတယ္။ အခုက တ႐ုတ္နဲ႔ေတာင္ ေမြးျမဴေရး ငါး၊ ပုဇြန္ တင္ပို႔မႈက တရားဝင္ မရေသးဘူး။ လုပ္ရမွာ အမ်ားႀကီး က်န္ပါေသးတယ္”ဟု ေထာက္ၿပ ေျပာဆိုသည္။

 

အမ်ိဳးသားပို႔ကုန္ မဟာဗ်ဴဟာစီမံကိန္းတြင္ ခရီးသြားက႑တခုလည္း ပါဝင္ေသာေၾကာင့္ ျမန္မာနိုင္ငံအေနျဖင့္ တနသၤာရီ တိုင္း ၿမိတ္ကၽြန္းစုရွိ ကၽြန္းမ်ားကို ခရီးစဥ္ ေဒသအျဖစ္ နိုင္ငံတကာ အကူအညီမ်ား ရရွိၿပီး ခရီးသြားက႑ ဖြံ့ၿဖိဳးတိုးတက္ ေအာင္ လုပ္ေဆာင္သင့္ေၾကာင္း MT & K Tourism ကုမၸဏီ မန္ေနဂ်င္းဒါရိုက္တာ ဦးသက္ခိုင္က ေျပာသည္။

 

“အဲဒီမွာ သဘာ၀ အလွတရားေတြ အမ်ားႀကီး က်န္ေသးတယ္။ နိုင္ငံျခားသားေတြ အႀကိဳက္ျဖစ္တယ္။ ဒါကို ေဇာင္းေပးၿပီး လုပ္ေစခ်င္တယ္။ ပုဂံ၊ မႏၲေလးက သိၿပီးသား ျဖစ္တယ္။ တနသၤာရီတိုင္း ၿမိတ္ကၽြန္းစုကို လုပ္ေစခ်င္တယ္။ ကမၻာသိ ေအာင္ လုပ္မယ္ဆိုရင္ ေဈးႏႈန္းလည္း အသင့္အတင့္ျဖစ္ေအာင္ လုပ္ရမယ္။ ေဈးႏႈန္းမ်ားရင္ လူေပါင္းစုံ မလာနိုင္ဘူး” ၎က ေျပာသည္။

 

လက္ရွိျမန္မာနိုင္ငံ၏ ဧည့္လမ္းညႊန္ ကုန္က်စရိတ္မွာ တျခားအိမ္နီးခ်င္းနိုင္ငံမ်ားႏွင့္ ႏွိုင္းယွဥ္လၽွင္ ျမန္မာနိုင္ငံသည္ ၂၀ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းထိ ျမင့္ေနၿပီး ယင္းအခ်က္မွာ ခရီးသြားက႑အတြက္ စိန္ေခၚမႈ တခုျဖစ္သည္ဟု ၎က သုံးသပ္သည္။

 

“ခရီးသြားက႑ကို ထိထိေရာက္ေရာက္နဲ႔ အစိုးရ၊ ပုဂၢလိက ေပါင္းလုပ္မယ္ ဆိုရင္ေတာ့ အမ်ားႀကီးတိုးတက္နိုင္တယ္။ တိုင္းျပည္ ဝင္ေငြလည္း ဒီက႑က အမ်ားႀကီး ရွာေပးနိုင္တယ္။ သူမ်ားနိုင္ငံနဲ႔ယွဥ္ရင္ အခုက က်ေနာ္တို႔နိုင္ငံက အစြန္း ထြက္ေလာက္ပဲ အခုက ခရီးသြားဝင္တယ္။ က်ေနာ္တို႔ နိုင္ငံက အေရွ႕ေတာင္ အာရွနိုင္ငံေတြနဲ႔ ႏွိုင္းယွဥ္လိုက္ရင္ ျပစရာ ေတြ အမ်ားႀကီး။ ပူတဲ့ အညာေဒသရွိသလို ေအးတဲ့ ေရခဲေတာင္ရွိတဲ့ ေဒသေတြထိရွိတယ္။ ဒါေတြက ခရီးသြားေတြ အႀကိဳက္ျဖစ္တယ္။ လုပ္စရာေတြ အမ်ားႀကီး”ဟု ၎က ဆိုသည္။

 

Source: Burma Irriwaddy
Topics: ပို႔ကုန္, ေရထြက္လုပ္ငန္း

Read times Last modified on Thursday, 06 February 2020 14:52
Rate this item
(1 Vote)