Food & Livestock



တင်ပို့မှု ပိတ်ပင်ထားသည့် ဆန်ဖြူ တန်ချိန် ၇၅,၀၀၀ ယူအေအီးသို့ တင်ပို့ရန် အိန္ဒိယ ခွင့်ပြု

တင်ပို့မှု ပိတ်ပင်ထားသည့် ဆန်ဖြူ တန်ချိန် ၇၅,၀၀၀ ယူအေအီးသို့ တင်ပို့ရန် အိန္ဒိယ ခွင့်ပြု

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

အိန္ဒိယနိုင်ငံ နိုင်ငံခြား ကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာန Directorate General of Foreign Trade (DGFT)ထံမှ စက်တင်ဘာလ ၂၅ ရက် ရက်စွဲပါ အကြောင်းကြားစာတွင်၊ “ဘာစမာတီမဟုတ်သော ဆန်ဖြူ မက်ထရစ်တန်  ၇၅၀၀၀ ကို ယူအေအီးသို့ တင်ပို့ရန်  National Cooperative Exports Limited မှတဆင့် ခွင့်ပြုသည်။” ဟု ဖော်ပြထားသည်။

 

အိန္ဒိယသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူ ကန်ဒေါ်လာ ၂.၂ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး  ကင်ညာ၊ မာဒါဂတ်စကာ၊ ဘီနင်နှင့် ယူအေအီးတို့သည် အများဆုံး တင်ပို့သည့် ထိပ်တန်းနိုင်ငံများတွင် ပါဝင်သည်။

 

ဇူလိုင်လတွင် အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ခဲ့သည်။

ခြွင်းချက်အနေဖြင့်  အစိုးရများ၏ တောင်းဆိုမှုများကုိ စားနပ်ရိက္ခာဖူလုံရေး လိုအပ်ချက်များအပေါ် အခြေခံ၍ အစိုးရမှ ခွင့်ပြုချက်ဖြင့် ဆန်ဖြူ တင်ပို့ရန် ခွင့်ပြုမည်ဟု ဆိုသည်။

ပြီးခဲ့သော ဩဂုတ်လတွင် ဘူတန်၊ မောရစ်သျှနှင့် စင်ကာပူသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့ရန်  ဆုံးဖြတ်ခဲ့သည်။

 

DGFT မှ ထုတ်ပြန်သော ကြေညာချက်တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့ရန် ဘူတန်သို့ တန်ချိန် ၇၉,၀၀၀ ၊ စင်ကာပူသို့ တန်ချိန် ၅၀,၀၀၀ ၊ မောရစ်သျှသို့ တန်ချိန် ၁၄,၀၀၀ ခွင့်ပြုကြောင်း အသိပေးထားသည်။

 

 Source economictimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 27 September 2023 08:33
Rate this item
(0 votes)