Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့် တိုင်းနှင့် ပြည်နယ် (၁၂) ခုမှ သမဝါယမအသင်းသား (၁,ဝ၅၆) ဦးအတွက် ချေးငွေ ကျပ်သန်း (၅၀၀) ကျော်နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့် တိုင်းနှင့် ပြည်နယ် (၁၁) ခုမှ အသင်းသား (၇ဝဝ) ကျော်အတွက် ကျပ်သန်း (၅ဝဝ) ကျော် လျာထားသည်ဟု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ ယင်းသို့ သိရှိရခြင်း ဖြစ်သည်။

 

Pilot Project အနေဖြင့် သမဝါယမ အသင်းပိုင်ငွေများဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် တိုင်းနှင့် ပြည်နယ် (၁၂) ခု၊ မြို့နယ် (၂ဝ) ရှိ အသင်း (၂၂) သင်းမှ အသင်းသား (၁,ဝ၅၆) ဦးကို ပံ့ပိုးနိုင်ရန် အသင်းပိုင်ငွေကျပ် (၅၅၆.ဝ၇) သန်း လျာထားသည်ဟု ဆိုသည်။

 

 

Advertisement

Click Here > Asia General Holding

 

ထို့အတူ တိုင်းနှင့် ပြည်နယ် (၁၁) ခု၊ မြို့နယ် (၂၄) ခုရှိ အသင်း (၂၆) သင်းမှ အသင်းသား (၇ဝ၃) ဦး ၏ မွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကျပ် (၅၃၂.၅၃) သန်း ပံ့ပိုးပေးနိုင်ရေး လျာထား ဆောင်ရွက်မှုကို အကောင် အထည်ဖော်နိုင်ရန်လည်း လုပ်ဆောင်လျက် ရှိသည်။

 

ထို့ပြင် မိုးစပါး စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (စိုက်၊ မွေး၊ ဆည်)၊ တိုင်း/ ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ ဘတ်ဂျက်နှင့် သမဝါယမအသင်းပိုင်ငွေတို့ဖြင့် တိုင်း/ပြည်နယ် (၁၃) ခုတို့ရှိ မြို့နယ်ပေါင်း (၁၇၈) မြို့နယ်မှ အသင်းပေါင်း (၁,ဝ၆၆) သင်းရှိ အသင်းသား (၂၈,၆၁ဝ) အတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော ဧက (၁၃ဝ,၁ဝဝ) အတွက် သွင်းအားစုများ ပံ့ပိုးရန်လည်း ဆောင်ရွက်ထားသည်ဟု ဆိုသည်။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေမှ မြစိမ်းရောင် (သမဝါယမ) စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန် တိုင်း/ပြည်နယ် (၁၁) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃) ခုရှိ မြို့နယ် (၈၆) ခုမှ အသင်းပေါင်း (၃၅၄) သင်း၊ အသင်းသားဦးရေ (၁၄,၃၆၃) ဦးတို့အား ရန်ပုံငွေကျပ်သန်း (၁၃) ဘီလျံကျော် ပံ့ပိုးပေးထားပြီး ဖြစ်ကြောင်း  သိရသည်။

 

Source : NP News

Published in Food & Livestock

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ မွေးမြူရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်ရေး သင်တန်း ၂၀၂၃ (Training on Value Addition of Livestock Products 2023) အတွက် သင်တန်းသားများ စတင် ခေါ်ယူနေပြီး လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန (Department of Livestock Development – DLD) တို့ ပူးပေါင်းကာ “တန်ဖိုးမြှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု သင်တန်း” နှင့် “တန်ဖိုးမြှင့် အသားထုတ်ကုန်များ ထုတ်လုပ်မှု သင်တန်း” တို့ကို ချင်းမိုင်ရှိ မွေးမြူရေး ထုတ်ကုန်များ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ (Livestock Product Research and Development Center - LPRDC) တွင် နှစ်စဉ် သင်ကြား ပို့ချပေးလျက် ရှိသည်။ 

 

ယခုနှစ်အတွက် အဆိုပါ သင်တန်းနှစ်ရပ်ကို နိုဝင်ဘာလ (၁၂) ရက်မှ နိုဝင်ဘာလ (၁၈) ရက်အထိ တပြိုင်နက် ကျင်းပ ပြုလုပ်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

 

သင်တန်းများကို ထိုင်းနိုင်ငံ LPRDC – DLD မှ တန်ဖိုးမြှင့် ထုတ်ကုန်ပညာရှင်များက စာတွေ့လက်တွေ့ ပို့ချပေးသွားမည် ဖြစ်သည့်အပြင် ဂျပန်နိုင်ငံမှ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပညာရှင်က နို့နှင့် နို့ထွက်ပစ္စည်းများ၏ အရည်အသွေးနှင့် နောက်ကြောင်းပြန် စစ်ဆေးနိုင်မှု (Traceability) မြှင့်တင်ရေးနှင့် ပတ်သက်သည့် ဂျပန်နိုင်ငံ၏ အတွေ့အကြုံများ၊ ချင်းမိုင်တက္ကသိုလ်မှ Faculty of Mass Communication မှ ပညာရှင်က  မွေးမြူရေးထုတ်ကုန်များအား ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ သင်ခန်းစာများကိုလည်း ဆွေးနွေး ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

တန်ဖိုးမြှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် စာတွေ့သင်ကြားပို့ချမှု၊ လက်တွေ့သင်ခန်းစာများနှင့် ကွင်းဆင်းလေ့လာရေး ခရီးစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

စာတွေ့သင်ကြားပို့ချမှု

  • နို့ထွက်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ သိပ္ပံအချက်အလက်များ
  • နို့နှင့် နို့ထွက်ပစ္စည်းများ၏ အရည်အသွေးနှင့် နောက်ကြောင်းပြန် စစ်ဆေးနိုင်မှု (Traceability) မြှင့်တင်ရေးဆိုင်ရာ သင်ခန်းစာများ ( ဂျပန်နိုင်ငံ၏ အတွေ့အကြုံကို ဂျပန်ပညာရှင်က သင်ကြား ဆွေးနွေးပေးမည် ဖြစ်ပါသည်။ )
  • နို့နှင့် နို့ထွက်ပစ္စည်းများအား ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ သင်ခန်းစာများ ( ချင်းမိုင်တက္ကသိုလ်မှ Faculty of Mass Communication မှ ပညာရှင်က လာရောက် သင်ကြား ပို့ချပါမည်။ ) 

 

လက်တွေ့သင်ခန်းစာများ

  • Walnut butter caramel ice-cream
  • Sugar free peach yogurt ice-cream
  • Strawberry cheesecake yogurt ice-cream
  • Drinking yogurt
  • Set yogurt
  • Stirred yogurt
  • Greek yogurt
  • Halloumi cheese
  • Mozzarella cheese
  • Ricotta cheese
  • Cream cheese
  • Butter making

 

ကွင်းဆင်းလေ့လာရေး ခရီးစဉ်များ

  • နို့နှင့် နို့ထွက်ပစ္စည်း တန်ဖိုးမြှင့် ထုတ်လုပ်ရာတွင် လိုအပ်မည့် စက်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ အသုံးအဆောင်များ၊ ထုပ်ပိုးပစ္စည်းများကို လေ့လာ ကြည့်ရှု ဝယ်ယူနိုင်မည့် ဈေးဝယ်စင်တာများ၊ 
  • စီးပွားဖြစ် ချိစ်နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံများ၊ 
  • နို့နှင့် နို့ထွက်ပစ္စည်းရောင်းချသည့် စားသောက်ဆိုင်များ

 

 

Advertisement

Click Here > T & D Power Tech

 

တန်ဖိုးမြှင့်အသားထုတ်ကုန်များ ထုတ်လုပ်မှုသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် စာတွေ့သင်ကြားပို့ချမှု၊ လက်တွေ့သင်ခန်းစာများနှင့် ကွင်းဆင်းလေ့လာရေး ခရီးစဉ်များကို အောက်တွင် ကြည့်ရှု လေ့လာနိုင်သည်။

 

စာတွေ့သင်ကြားပို့ချမှု

  • တန်ဖိုးမြှင့် အသားထုတ်ကုန်များ ထုတ်လုပ်မှုဆိုင်ရာ သိပ္ပံအချက်အလက်များ
  • နို့နှင့် နို့ထွက်ပစ္စည်းများအား ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ သင်ခန်းစာများ ( ချင်းမိုင်တက္ကသိုလ်မှ Faculty of Mass Communication မှ ပညာရှင်က လာရောက်သင်ကြား ပို့ချပါမည်။ )

 

လက်တွေ့သင်ခန်းစာများ

  • Meat preparation for processing
  • Ground beef jerky
  • Sweet flavor dried pork
  • Salty flavor dried pork
  • Beef Butchery Secondary Cut (Aussie style)
  • Frankfurt sausage
  • Knackwurst sausage
  • Fresh sausage making
  • Chicken ball making

 

ကွင်းဆင်းလေ့လာရေး ခရီးစဉ်များ

  • အသားထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်ရာတွင် လိုအပ်မည့် စက်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ အသုံးအဆောင်များ၊ ထုပ်ပိုးပစ္စည်းများကို လေ့လာကြည့်ရှု့ဝယ်ယူနိုင်မည့် ဈေးဝယ်စင်တာများ၊ 
  • စီးပွားဖြစ် ချိစ်နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ၊ 
  • တန်ဖိုးမြှင့်အသားထွက်ကုန်များ တည် ခင်းရောင်းချသည့် စားသောက်ဆိုင်များ

 

သင်တန်းပို့ချရာတွင် LPRDC က သုတေသနပြုလုပ်ကာ ဈေးကွက်ဝင် ရောင်းချလျက်ရှိသည့် ထုတ်ကုန်အမယ်သစ်များကိုလည်း သာသာရပ် အသစ်များအဖြစ် နှစ်စဉ် ဖြည့်စွက် သင်ကြားပေးလျက် ရှိပြီး သင်တန်းသားများက သင်ကြားပို့ချပေးရန် တောင်းဆိုသည့် ထုတ်ကုန်များကိုလည်း အတတ်နိုင်ဆုံး ဖြည့်စွက် ပို့ချပေးလျက် ရှိကြောင်း သိရသည်။

 

သင်တန်းတက်ရောက်လိုသူများသည် နိုဝင်ဘာလ (၁၈) ရက်တွင် အနည်းဆုံး သက်တမ်း (၆) လ ကျန်ရှိသော နိုင်ငံကူးလက်မှတ် (Passport) ရှိရန် မဖြစ်မနေ လိုအပ်ပြီး သင်တန်းသားများအနေဖြင့် ရန်ကုန် - ချင်းမိုင် - ရန်ကုန် လေကြောင်းခရီးစဉ်၊ သင်တန်းကြေး၊ သင်တန်းတွင် အသုံးပြုသည့် ကုန်ကြမ်းများအတွက် ကုန်ကျစရိတ်များကို မျှဝေ ကျခံရမည် ဖြစ်သည်။ 

 

သင်တန်းချိန်ပြင်ပတွင် သင်တန်းမှူးများ၏ အကူအညီဖြင့် ချင်းမိုင်မြို့ ပတ်ဝန်းကျင်ရှိ အပန်းဖြေလည်ပတ်စရာ နေရာအချို့ကိုလည်း သွားရောက် လည်ပတ်နိုင်မည်ဟု သိရသည်။

 

မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် DLD တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသားများအတွက် သီးသန့် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး၊ သင်တန်းကြေးကို ပုံမှန်သတ်မှတ်နှုန်းထက် များစွာ သက်သာသည့် နှုန်းထားဖြင့် စီစဉ်ပေးထားသည်ဟု အဖွဲ့ချုပ်က ဆိုသည်။

မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်ကာ ဈေးကွက်ချဲ့ထွင်လိုသူများ၊ လုပ်ငန်းသစ် ချဲ့ထွင်လိုသူများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် သင်တန်းတက်ရောက်လိုပါက မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ရုံးအဖွဲ့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်သည်။

 

ဖုန်း/Viber - ၀၉ ၇၅၂ ၂၇၈ ၇၉၅ 

 

Email: This email address is being protected from spambots. You need JavaScript enabled to view it.

 

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သည် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုအတွက် စားနပ်ရိက္ခာဖူလုံမှုနှင့် အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို ဦးတည် ဆောင်ရွက်နေပြီး တန်ဖိုးမြှင့် မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်လည်း ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Published in Food & Livestock

နိုင်ငံတကာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ပြပွဲ ( Agri Tech Myanmar ) ကို အင်ယားလိတ် ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Center - YCC တွင် လာမည့် မေလ ၂၆ ရက်မှ ၂၈ ရက်ထိ ( မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ) သုံးရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

Published in Event & Exhibition

မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး မွေးမြူရေး၊ ဆေးဝါး နှင့်အစာထုတ်လုပ်မှု့ ဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို
