Food & Livestock



စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် ချေးငွေ ကျပ်သန်း (၁) ဘီလီယံကျော် လျာထား

စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့် တိုင်းနှင့် ပြည်နယ် (၁၂) ခုမှ သမဝါယမအသင်းသား (၁,ဝ၅၆) ဦးအတွက် ချေးငွေ ကျပ်သန်း (၅၀၀) ကျော်နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့် တိုင်းနှင့် ပြည်နယ် (၁၁) ခုမှ အသင်းသား (၇ဝဝ) ကျော်အတွက် ကျပ်သန်း (၅ဝဝ) ကျော် လျာထားသည်ဟု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ ယင်းသို့ သိရှိရခြင်း ဖြစ်သည်။

 

Pilot Project အနေဖြင့် သမဝါယမ အသင်းပိုင်ငွေများဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် တိုင်းနှင့် ပြည်နယ် (၁၂) ခု၊ မြို့နယ် (၂ဝ) ရှိ အသင်း (၂၂) သင်းမှ အသင်းသား (၁,ဝ၅၆) ဦးကို ပံ့ပိုးနိုင်ရန် အသင်းပိုင်ငွေကျပ် (၅၅၆.ဝ၇) သန်း လျာထားသည်ဟု ဆိုသည်။

 

 

Advertisement

Click Here > Asia General Holding

 

ထို့အတူ တိုင်းနှင့် ပြည်နယ် (၁၁) ခု၊ မြို့နယ် (၂၄) ခုရှိ အသင်း (၂၆) သင်းမှ အသင်းသား (၇ဝ၃) ဦး ၏ မွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကျပ် (၅၃၂.၅၃) သန်း ပံ့ပိုးပေးနိုင်ရေး လျာထား ဆောင်ရွက်မှုကို အကောင် အထည်ဖော်နိုင်ရန်လည်း လုပ်ဆောင်လျက် ရှိသည်။

 

ထို့ပြင် မိုးစပါး စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (စိုက်၊ မွေး၊ ဆည်)၊ တိုင်း/ ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ ဘတ်ဂျက်နှင့် သမဝါယမအသင်းပိုင်ငွေတို့ဖြင့် တိုင်း/ပြည်နယ် (၁၃) ခုတို့ရှိ မြို့နယ်ပေါင်း (၁၇၈) မြို့နယ်မှ အသင်းပေါင်း (၁,ဝ၆၆) သင်းရှိ အသင်းသား (၂၈,၆၁ဝ) အတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော ဧက (၁၃ဝ,၁ဝဝ) အတွက် သွင်းအားစုများ ပံ့ပိုးရန်လည်း ဆောင်ရွက်ထားသည်ဟု ဆိုသည်။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေမှ မြစိမ်းရောင် (သမဝါယမ) စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန် တိုင်း/ပြည်နယ် (၁၁) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃) ခုရှိ မြို့နယ် (၈၆) ခုမှ အသင်းပေါင်း (၃၅၄) သင်း၊ အသင်းသားဦးရေ (၁၄,၃၆၃) ဦးတို့အား ရန်ပုံငွေကျပ်သန်း (၁၃) ဘီလျံကျော် ပံ့ပိုးပေးထားပြီး ဖြစ်ကြောင်း  သိရသည်။

 

Source : NP News

Read times
Rate this item
(0 votes)