Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့အကြီးကျယ်ဆုံး မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် အစာထုတ်လုပ်မှုဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီး

မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး မွေးမြူရေး၊ ဆေးဝါး နှင့်အစာထုတ်လုပ်မှု့ ဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို

ဒီဇင်ဘာလ ၆ရက်နေ့ မှ ၈ရက်နေ့အထိ သာကေတမြို့နယ် မင်းနန္ဒာလမ်းပေါ်ရှိ Fortune Plaza ၀င်းအတွင်း MYANMAR EXPO HALLသို့ပြောင်းရွေ့ ကျင်းပသွားမှာဖြစ်ပါတယ်။

 

 

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် ကျင်းပပြုလုပ်သည့် ဤပြပွဲကြီးတွင် မြန်မာ့လယ်ယာသုံး စက်ပစ္စည်းများနှင့်အတူ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမဏီ၊ နယ်သာလန်၊ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယား အစရှိသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀ ကျော် တို့ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းပြပွဲကို လက်လွတ်မခံသင့်သော မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် တိရစ္တာန်အစာထုတ်လုပ်မှုနည်းပညာ ဟောပြောပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲကြီးမှ စိတ်ကူးအသစ်အဆန်းများ၊ ကုန်ပစ္စည်းအသစ်အဆန်းများ၏ အဓိက အဆက်အသွယ်များနှင့် ပညာရှင်များစွာကို တွေ့နိုင်သည့်အတွက် မဖြစ်မနေ တက်ရောက်သင့်သည့် ပြပွဲကြီးဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲကြီးတွင် ရရှိနိုင်မည့် အခွင့်အရေးများမှာ -

 

- နယ်ပယ်ပေါင်း ၆၀၀၀ ကျော်မှ မြန်မာနိုင်ငံ၏ မွေးမြူရေးဆိုင်ရာ အစာထုတ်လုပ်မှုနောက်ဆုံးပေါ်နည်းပညာများ

 

- မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းတင်သွင်းသူများနှင့် ဖြန့်ချိသူများ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ခြင်း

 

- သင်၏ကုန်ပစ္စည်းအသစ်များနှင့် ဈေးကွက်များအား တိုးတက်စေရန် နည်းလမ်းများ

 

- နည်းပညာဆွေးနွေးပွဲများမှ နောက်ဆုံးပေါ်နည်းပညာများ

 

- ကုန်ပစ္စည်းအသစ်များ၏ အဓိက အဆက်အသွယ်များ

 

- စီးပွားရေးအခွင့်အလမ်းများပြပွဲတွင် ကုမ္ပဏီပေါင်းများစွာမှ မြန်မာနိုင်ငံကိုယ်စားလှယ်ရှာဖွေလျှက်ရှိကြောင်း

 

- နိုင်ငံခြားသွားရန်မလိုဘဲ မြန်မာနိုင်ငံတွင် လေ့လာနိုင်မည့် နိုင်ငံတကာပြပွဲကြီး ဖြစ်ပါတယ်။

 

Read 1438 times
Rate this item
(1 Vote)