Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

တရုတ်နိုင်ငံသို့ တရားမ၀င် စပါးတင်ပို့ရောင်းချသူများ ကို အထူးတားမြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်က အောက်တိုဘာ ၅ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်သည်။

 

ဆန်ဝယ်ယူခြင်းကို လျှော့ချ ပြီး စပါးများ တရားမ၀င် ၀ယ်ယူမှုတိုးလာခြင်းကြောင့် အထူးတားမြစ်ချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ပြည်ပသို့ စပါးတင်ပို့ခြင်းကို အစိုးရက တရားဝင်ခွင့်ပြုမထားသဖြင့် ဥပဒေအရ အရေးယူခံရနိုင်သည်ဟု အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။

 

မိုးစပါး ပေါ်ချိန်တွင် ပြည် တွင်း၊ ပြည်ပ ကုန်သည်များက မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထွက်ရှိသော စပါးများကို ပြည် တွင်းဈေးထက် ပိုပေးပြီး ၀ယ်ယူ စုဆောင်းကာ တရုတ်သို့ တရား မ၀င်တင်ပို့နေကြောင်း မြန်မာ နိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အ သင်းတာဝန်ရှိသူများက ပြော သည်။

 

တရားမ၀င် စပါးတင်ပို့ခြင်း နှင့်ပတ်သက်၍ ‘‘သူတို့နိုင်ငံမှာ စပါးစိုက်တဲ့ လယ်သမားတွေကို သူတို့အစိုးရက အထောက်အပံ့ တွေ ပေးတာများလိမ့်မယ်။ ဒါကို လည်း လိုချင်တယ်။ ကိုယ်တိုင် ကလည်း မစိုက်ချင်တော့ ဒီကနေ လာဝယ်ပြီး အစားထိုးပြဖို့ လုပ် ကြတာ ထင်ပါတယ်’’ဟု မြန်မာ နိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအ သင်း ဒုတိယဥက္ကဋ္ဌဦးတင်အောင် က သုံးသပ်ပြောကြား သည်။

 

တရုတ်သို့ တရားမ၀င်စပါး တင်ပို့ခြင်းကို ထိန်းသိမ်းရန် မူဆယ်တွင်တားဆီးပေးရန် ရှမ်းပြည်နယ်အစိုးရထံ တင်ပြထားသကဲ့ သို့ လားရှိုးမြို့နယ် ရေပူတရားမ ၀င်ကုန်သွယ်မှု တားဆီးရေးစခန်း ၌ တားဆီးပေးရန် အကြောင်း ကြားထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးရန် နိုင်ထွန်းက ပြောသည်။

 

ရေကြီး နစ်မြုပ်မှုကြောင့် လယ်ဧကအချို့ ပျက်စီးမှုများ ကြုံတွေ့ရသည့်နှစ်တွင် တရုတ်သို့ တရားမ၀င် စပါးတင်ပို့မှုက ပြည် တွင်းစားနပ်ရိက္ခာဖူလုံရေး အ ခက်အခဲ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင် များအသင်း တာဝန်ရှိသူအချို့ က ပြောသည်။

 

တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ရေကြီး နစ်မြုပ်မှုများ ကြုံတွေ့ခဲ့ပြီး လယ် ဧကလေးသိန်းမှ ငါးသိန်းအကြား ပျက်စီးခြင်းကြောင့်ဆန်အထွက် တန်ချိန်လေးသိန်းခန့် လျော့နည်း နိုင်သည်ဟု မှန်းဆကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးနေလင်း ဇင်က ပြောသည်။

 

ဆန်ဝယ်ယူခြင်းကို လျှော့ချ ပြီး စပါးများ တရားမ၀င် ၀ယ်ယူမှု တိုးလာခြင်းကြောင့် အထူးတားမြစ်ချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ပြည်ပသို့ စပါးတင်ပို့ခြင်းကို အစိုးရက တရားဝင်ခွင့်ပြု မထားသဖြင့် ဥပဒေအရ အရေးယူခံရနိုင်သည်ဟု အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။

 

မိုးစပါး ပေါ်ချိန်တွင် ပြည် တွင်း၊ ပြည်ပ ကုန်သည်များက မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထွက်ရှိသော စပါးများကို ပြည် တွင်းဈေးထက် ပိုပေးပြီး ၀ယ်ယူ စုဆောင်းကာ တရုတ်သို့ တရား မ၀င်တင်ပို့နေကြောင်း မြန်မာ နိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အ သင်းတာဝန်ရှိသူများက ပြော သည်။

 

တရားမ၀င် စပါးတင်ပို့ခြင်း နှင့်ပတ်သက်၍ ‘‘သူတို့နိုင်ငံမှာ စပါးစိုက်တဲ့ လယ်သမားတွေကို သူတို့အစိုးရက အထောက်အပံ့ တွေ ပေးတာများလိမ့်မယ်။ ဒါကို လည်း လိုချင်တယ်။ ကိုယ်တိုင် ကလည်း မစိုက်ချင်တော့ ဒီကနေ လာဝယ်ပြီး အစားထိုးပြဖို့ လုပ် ကြတာ ထင်ပါတယ်’’ဟု မြန်မာ နိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအ သင်း ဒုတိယဥက္ကဋ္ဌဦးတင်အောင် က သုံးသပ်ပြောကြား သည်။

 

တရုတ်သို့ တရားမ၀င်စပါး တင်ပို့ခြင်းကို ထိန်းသိမ်းရန် မူဆယ်တွင်တားဆီးပေးရန် ရှမ်းပြည်နယ်အစိုးရထံ တင်ပြထားသကဲ့ သို့ လားရှိုးမြို့နယ် ရေပူတရားမ ၀င်ကုန်သွယ်မှု တားဆီးရေးစခန်း ၌ တားဆီးပေးရန် အကြောင်း ကြားထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးရန် နိုင်ထွန်းက ပြောသည်။

 

ရေကြီး နစ်မြုပ်မှုကြောင့် လယ်ဧကအချို့ ပျက်စီးမှုများ ကြုံတွေ့ရသည့်နှစ်တွင် တရုတ်သို့ တရားမ၀င် စပါးတင်ပို့မှုက ပြည် တွင်းစားနပ်ရိက္ခာဖူလုံရေး အ ခက်အခဲ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင် များအသင်း တာဝန်ရှိသူအချို့ က ပြောသည်။

 

တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ရေကြီး နစ်မြုပ်မှုများ ကြုံတွေ့ခဲ့ပြီး လယ် ဧကလေးသိန်းမှ ငါးသိန်းအကြား ပျက်စီးခြင်းကြောင့်ဆ န်အထွက် တန်ချိန်လေးသိန်းခန့် လျော့နည်း နိုင်သည်ဟု မှန်းဆကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအ သင်း အတွင်းရေးမှူးဦးနေလင်း ဇင်က ပြောသည်။

 

Source: 7 days new

Published in Food & Livestock

တရုတ်နိုင်ငံအတွင်း အဖမ်းအဆီးများကြောင့် မြန်မာ နိုင်ငံမှ ဆန်နှင့်သကြား အဝယ် လျော့နည်းကာ ဈေးကျဆင်းနေ ကြောင်း မူဆယ်မြို့ရှိ ကုန်သည် အချို့က ပြောသည်။

Published in Food & Livestock

ဆန်အရောင်းအ၀ယ်ရပ်တန့်လုနီးပါးကျဆင်းနေတဲ့ မူဆယ်ဆန်ဈေးကွက်အတွင်း ဒီရက်ပိုင်းအရောင်းအ၀ယ်ပြန်ဖြစ်စပြုရာမှာ

Published in Food & Livestock

တရုတ်အစိုးရက မြန်မာနိုင်ငံက တင်ပို့သည့် ကုန်ပစ္စည်းများကို ယခုရက်ပိုင်း၌

Published in Food & Livestock