Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်ဆန်ဈေးကွက် အရှုံးခံရောင်းချ

ဆန်အရောင်းအ၀ယ်ရပ်တန့်လုနီးပါးကျဆင်းနေတဲ့ မူဆယ်ဆန်ဈေးကွက်အတွင်း ဒီရက်ပိုင်းအရောင်းအ၀ယ်ပြန်ဖြစ်စပြုရာမှာ

ဆန်တစ်တင်းခွဲတစ်အိတ်ကို ကျပ် ၄၀၀ ခန့် အရှုံးခံရောင်းချနေရတယ်လို့ သိရပါတယ်။

 

မူဆယ်ဈေးကွက်မှာ ရက် ၁၁၀ ဆန်ကြမ်းတစ်တင်းခွဲတစ်အိတ် ၁၂၈ ယွမ်နဲ့ ဒီနေ့မှာ အရောင်းအ၀ယ် ဖြစ်ခဲ့ပြီးနောက် ဆန်တစ်အိတ်ကို ကျပ် ၄၀၀ ခန့် အရှုံးပေါ်တယ်လို့ သိရပါတယ်။

 

အရောင်းအ၀ယ်ကျဆင်းနေတဲ့မူဆယ်ဆန်ဈေးကွက်မှာ ရောင်းချင်သူက များပြီး ၀ယ်သူနည်းပါးတဲ့အတွက် ၀ယ်လက်ကုန်သည်က ယခင်ကထက် ဈေးနှိမ်ဝယ်ယူတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

 

မူဆယ်ဈေးကွက်မှာ ဆန်ဈေးနှုန်းဆက်တိုက်ကျဆင်းနေပေမယ့် ပြည်တွင်းဈေးကွက်မှာ တရုတ်သို့ အဓိက တင်ပို့တဲ့ ဆန်ကြမ်းဈေးဆက်တိုက်မြင့်တက်နေပြီး ဆန်အမျိုးအစားအလိုက် တစ်တင်းခွဲ တစ်အိတ်ကို ကျပ် ၅၀၀ မှ ၁၀၀၀ ခန့်အထိ နှစ်ပတ်အတွင်း မြင့်တက်လာတယ်။

 

မူဆယ်ဈေးကွက်မှာတော့ တရုတ်ဝယ်လက်က ဆန်တစ်အိတ်ကို သုံးယွမ်မှ ငါးယွမ်ကြား ဈေးနှိမ်ပေးကြောင်းသိရပါတယ်။

 

ပြည်တွင်းဆန်ဈေးမြင့်တက်နေချိန်မှာ မူဆယ်တွင် ဆန်ဈေးနှုန်းကျဆင်းနေတာကြောင့် ဆန်ကုန်သည်တွေက အရှုံးခံဆန်ရောင်းနေရတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ ကုန်သည်အချို့ ၏ ပြောကြားချက်အရ သိရပါတယ်။

 

Source: Kumudra

Read times Last modified on Tuesday, 18 September 2018 11:38
Rate this item
(2 votes)