Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အဝယ်နည်း၍ မူဆယ်တွင် ဆန်၊ သကြား ဈေးကျ

တရုတ်နိုင်ငံအတွင်း အဖမ်းအဆီးများကြောင့် မြန်မာ နိုင်ငံမှ ဆန်နှင့်သကြား အဝယ် လျော့နည်းကာ ဈေးကျဆင်းနေ ကြောင်း မူဆယ်မြို့ရှိ ကုန်သည် အချို့က ပြောသည်။

 

 တစ်ဆင့်ခံကုန်သွယ်ရေး ဖြင့် တရုတ်နိုင်ငံသို့ သကြားတင် ပို့ခွင့်ကို ဇွန်လ ၁ ရက်ကစတင် ခွင့်ပြုပေးပြီးနောက်  နှစ်လ အတွင်း သကြားတစ်အိတ်ဈေး နှုန်းမှာ ယွမ် ၃၀ (ကျပ် ၇,၀၀၀ ခန့်)ကျဆင်းလာသည်။

 

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ကလည်း ဝယ်လိုအားနည်းခြင်း ကြောင့် ရက် ၉၀ ဆန်တစ်အိတ် ဈေးနှုန်း ၁၀ ယွမ် (,၂၀၀ကျပ် ခန့်) ဈေးကျဆင်းသည်။

 

‘‘တရုတ်က ဆန်အဝယ်နည်း တော့ ပြည်တွင်းဈေးမှာလည်း ကျနေတယ်။ တရုတ်ဈေးကွက် သွားတဲ့ ဆန်အလှတွေက ကျပေ မယ့် ပြည်တွင်းစားသုံးတဲ့ ဆန်က တော့ မကျဘူး’’ဟု ဘုရင့်နောင် ဆန်ဒိုင် အတွင်းရေးမှူးဦးသန်းဦးက ပြောသည်။

 

မူဆယ်သို့ ပြည်တွင်းမှ တစ် ရက်လျှင် သကြားအဝင် အိတ်ရေ ရှစ်သောင်းခန့်ရှိပြီး တရုတ်နိုင်ငံ သို့ လေးသောင်းခန့်သာ ရောင်း ချရသည်။ ထို့အတူ မူ ဆယ်မြိုသို့ ပြည်တွင်းမှ ဆန်အဝင် အိတ်ရေ လေးသောင်းခွဲကျော် ရှိသော် လည်း အိတ်ရေသုံး သောင်းခွဲခန့် သာ ရောင်းချနေရသည်ဟု မူဆယ်မြို့မှ ကုန်သည်များက ပြောသည်။

 

မူဆယ်တွင် တရုတ်ယွမ်ငွေ နှင့် မြန်မာကျပ်ငွေလဲနှုန်း တစ်ယွမ်လျှင် ၂၁၂ ကျပ် ဈေးဖွင့် သည်။

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:37
Rate this item
(4 votes)