Fruits & Vegetables
Tuesday, 01 August 2023 19:18
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)
Monday, 31 July 2023 13:43
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)
Sunday, 30 July 2023 12:22
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)
Saturday, 29 July 2023 13:27
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)
Thursday, 27 July 2023 19:52
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)
Wednesday, 26 July 2023 18:06
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)
Tuesday, 25 July 2023 15:36
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)
Monday, 24 July 2023 12:06
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)
Monday, 24 July 2023 11:02
ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဟိုပုံးမြို့နယ်တွင် ထောပတ်သီးသန့်စင် ထုပ်ပိုးသည့် စက်ရုံတစ်ခုကို တည်ဆောက်နေပြီး လက်ရှိတွင် (၆၀) ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထောပတ်သီး သန့်စင် ထုပ်ပိုးသည့် စက်ရုံကို မြန်မာနိုင်ငံ၏ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပြည်တွင်းတွင် ပထမဆုံးအနေဖြင့် တည်ဆောက်နေခြင်း ဖြစ်ကာ ကျပ်သိန်းပေါင်း (၃ဝ,၀၀၀) ကျော် ကုန်ကျကြောင်း သိရသည်။
ကိုဗစ်ရောဂါကာလ မတိုင်မီက စတင် တည်ဆောက်ခဲ့သည့် အဆိုပါစက်ရုံကို လာမည့် ထောပတ်သီးရာသီအမီ အပြီး ဆောက်လုပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် တည်ဆောက်မှုသည် အဆောက်အဦပိုင်းနှင့် မီးသွယ်တန်းခြင်း လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်သည်ဟု ဆိုသည်။
“ ထောပတ်သီးသန့်စင် ထုပ်ပိုးစက်ရုံ တည်ဆောက်နေပါတယ်။ ထောပတ်တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်ရောဂါကာလ မတိုင်မီကနေ တည်ဆောက်ခဲ့တာပါ။ ယခုဆိုရင် ရာခိုင်နှုန်းအနေနဲ့ (၆၀) ရာခိုင်နှုန်း ပြီးနေပါပြီ။ စက်တွေ ဝယ်ယူဖြည့်သွင်းဖို့ပဲ ကျန်တော့တယ်။ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်နေတာပါ။ ခုလို တည်ဆောက်တာကလည်း ပြည်ပကို တင်ပို့နိုင်ဖို့ပါ။
Advertisement
Click Here > Great Modern
ဒီလိုစက်ရုံမျိုးတွေ ထောပတ်သီးစိုက်ပျိုးတဲ့ နေရာတွေမှာရှိဖို့ လိုအပ်ပါတယ်။ ခုလို စက်ရုံမျိုးတွေရှိပြီဆိုရင် (၂၄) နာရီအတွင်း သန့်စင် ထုပ်ပိုးနိုင်ပြီးတော့ ပြည်ပသို့ပို့မယ့် လမ်းကြောင်းကို ရောက်အောင်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ထောပတ်သီးရာသီအမီ ကြိုးစား ဆောင်ရွက်နေတယ်” ဟု တာဝန်ရှိသူက ပြောသည်။
ထောပတ်သီး သန့်စင် ထုပ်ပိုးသည့်စက်ရုံ တည်ဆောက်ရခြင်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လက်လှမ်းမီသည့် နေရာများမှ ထောပတ်သီးများကို ယင်းစက်ရုံတွင် သန့်စင် ထုပ်ပိုး၍ ပြည်ပနိုင်ငံများသို့ တင်ပို့သွားနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
စက်ရုံတည်ဆောက်ပြီးပါက ခူးစွတ်သီးများကို သန့်စင်ခြင်း၊ အရွယ်အစား ဆိုဒ်ခွဲခြင်း၊ ပါကင်လုပ်ခြင်း စသည့် စနစ်ပိုင်းများပြီးလျှင် ပြည်ပနိုင်ငံများက တောင်းဆိုသည့် ကေဂျီပုံးများအတိုင်း ထုပ်ပိုးကာ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။