Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540

Tuesday, 29 August 2023 12:30
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Tuesday, 29 August 2023 09:26
တတိယအကြိမ် အုန်းသီးအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ် ပို့ချနိုင်ရေးအတွက် အကြို ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် Virtual စနစ်ဖြင့် ပြုလုပ် ကျင်းပခဲ့သည်။    အဆိုပါ သင်တန်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ အက်ခ်ကမက်- ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုရန်ပုံငွေ (ACEMES–ROK Cooperation Fund) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော Coconut Project မှ တတိယအကြိမ် သင်တန်း အစီအစဉ် ဖြစ်သည်။   အစည်းအဝေးတွင် မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း ဦးဆောင်သည့် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းပို့ချသူများအဖြစ် ဆောင်ရွက်မည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အုန်းသီး စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ တာဝန်ရှိသူများ စုစုပေါင်း (၈) ဦး တက်ရောက်ခဲ့ကြသည်။     Advertisement Click Here > Hnin Taung   အစည်းအဝေးတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး သင်တန်းဖွင့်လှစ်ပို့ချမည့် နေ့ရက်၊ သင်တန်းပို့ချမည့် နေရာနှင့် အချိန်၊ သင်တန်းတွင် ပို့ချပေးမည့် အုန်းသီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် အမယ်များ စာရင်းတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။   သင်တန်းတွင် ပို့ချမည့် စားသောက်ကုန်အမယ်များအနေဖြင့်… သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ Nata De Coco Processing၊ Vacuum Frying Coco Flake နှင့် Coco Activated Charcoal ပြုလုပ်ခြင်း၊  အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အုန်းသကြား၊ အုန်းရေခဲမုန့်၊ Coconut Jelly နှင့် Coconut Syrup ပြုလုပ်ခြင်း၊  မြန်မာနိုင်ငံ အုန်းသီး စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ Coconut Sweet Candy၊ Young Coconut Jelly နှင့် Coconut Gummy Jelly ပြုလုပ်ခြင်း တို့ကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။      ဆက်လက်၍ သင်တန်းတက်ရောက်မည့် သင်တန်းသားများ စာရင်းကို အဆိုပြု ပေးပို့ရန်နှင့် စီမံကိန်းမှ ဆက်လက် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Sunday, 27 August 2023 12:16
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Sunday, 27 August 2023 10:58
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Saturday, 26 August 2023 14:09
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Wednesday, 23 August 2023 17:34
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Tuesday, 22 August 2023 20:32
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Monday, 21 August 2023 18:28
ဗီယက်နမ်တွင် အုန်းသီးဈေးနှုန်း ၃ဆ ခုန်တက်

Monday, 21 August 2023 17:33
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)