Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540

Sunday, 03 September 2023 14:08
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Saturday, 02 September 2023 17:18
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Saturday, 02 September 2023 17:18
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Friday, 01 September 2023 17:50
မန္တလေးဈေးကွက် ဈေးနှုန်းများ အခြေအနေ

Thursday, 31 August 2023 17:25
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Thursday, 31 August 2023 09:33
စားသုံးဆီများ ဝယ်ယူရာတွင် အမြင့်ဈေးဖြင့် ရောင်းချနေပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယမန်နေ့ ဩဂုတ်လ (၃၀) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။   လက်လီဈေးကွက်အတွင်း စားသုံးဆီများ ဝယ်ယူရာတွင် ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးဖြင့် ဆက်လက် ရောင်းချနေပါက ဝယ်ယူစားသုံးခြင်း မပြုရန်နှင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှ အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။   အဆိုပါ စားသုံးဆီကို ဈေးမြင့် ရောင်းချနေခြင်း ရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏  Call Center ၁၅၃၅  စားသုံးသူရေးရာဦးစီးဌာန Facebook Page နှင့်  တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၏ Facebook Page များသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။   Advertisement Click Here > Myan Express Logistics   စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်း ဖြန့်ဖြူး ရောင်းချနေသည့် စားအုန်းဆီ လက်လီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် ညှိနှိုင်း၍ သက်သာသော ဈေးနှုန်းများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။   ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

Tuesday, 29 August 2023 17:33
ပဲအမျိုးမျိုး ဈေးနှုန်းများ အပါအဝင် သီးနှံဈေးနှုန်းများ (မန္တလေး)

Tuesday, 29 August 2023 17:11
မြန်မာနိုင်ငံဆီကုန်သည်နှင်ဆီလုပ်ငန်းရှင်များအသင်း မှဖွဲ့စည်းထားသော စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်း အဖွဲ့ မှ ကုမ္ပဏီအလိုက်ရောင်းချပေးမည့် လက်လီ/လက်ကား ဆိုင်များစာရင်း

Tuesday, 29 August 2023 15:13
မြန်မာ့ကော်ဖီ စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ကော်ဖီဇုန် သုံးဇုန်ခွဲ၍ ကော်ဖီစိုက်ဧက သုံးသိန်းထိ စိုက်ပျိုးသွားရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သတင်းများအရ သိရသည်။   မြန်မာနိုင်ငံသည် ကမ္ဘာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသည့် နိုင်ငံပေါင်း (၇၅) နိုင်ငံတွင် ပါဝင်ပြီး နိုင်ငံတကာ ကော်ဖီဈေးကွက်တွင် အနံ့အရသာနှင့် အရည်အသွေးပိုင်း၌ မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိနေသည့် ကော်ဖီများသည် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။    သို့သော် လက်ရှိတွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးဧက (၄၉,၀၀၀) ကျော်သာ ရှိပြီး အဆိုပါ ကော်ဖီ စိုက်ပျိုးဧကမှာ မြန်မာနိုင်ငံမှ ကော်ဖီစိုက်ပျိုးနိုင်သည့် မြေဧရိယာ၏ (၆၀) ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း သိရှိရသည်။   ထို့ကြောင့် မြန်မာ့ကော်ဖီ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ပိုမို တိုးချဲ့ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီလုပ်ငန်း လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်ကာ အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။     Advertisement Click Here > Mega Global Green   ထို့အတူ ကော်ဖီလုပ်ငန်းများအပေါ် ဝန်ဆောင်မှုပေးမည့် အခြေအနေများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၊ အခြောက်ခံလုပ်ဆောင်မှု၊ ကုန်ချောထုတ်လုပ်မှု၊ စက်ကိရိယာအသုံးချမှု စသည့် လုပ်ငန်းစဉ်တစ်လျှောက် ကော်ဖီလုပ်ငန်း နည်းပညာဆိုင်ရာ မွမ်းမံသင်တန်းများလည်း ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။    ဒေသတွင်း နာမည်ကျော်မည့် ကော်ဖီအမှတ်တံဆိပ်မျိုး ဖြစ်လာစေရေး ပျိုးထောင်မှုများကိုလည်း ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။   လက်ရှိ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တွင် ဧက ၂၇,၀၀၀ ဖြင့် ပထမအများဆုံး၊ ကရင်ပြည်နယ်တွင် ၁၀,၀၂၉ ဧကဖြင့် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ဧက ၅,၀၀၀ ကျော်ဖြင့် တတိယအများဆုံး စိုက်ပျိုးလျက် ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။   Source: ရတနာပုံသတင်းစာ